ရွှေတြိဂံဒေသလူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း)အတွက် ရန်ပုံငွေရှာဖွေရေးအနေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မှ တဆင့် ကချင်ပြည်နယ်(မြောက်ပိုင်း)သို့ ရက်ရှည် စက်ဘီးစီးနင်းကာ ရန်ပုံငွေရှာဖွေခဲ့ကြသော စက်ဘီးစီးသမား(၇)ဦးသည် အပြန်ခရီးဖြစ်သည့် ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ(၁၀)ရက်နေ့ ညနေပိုင်းတွင် တာချီလိတ်သို့ မန်းရတနာပုံလေကြောင်းလိုင်းဖြင့် ပြန်လည်ရောက်ရှိရာ အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)၏ ကျောင်းသူ/သားဟောင်းကြီးများက တာချီလိတ်လေဆိပ်တွင်ကြိုဆိုခဲ့ကြသည်။
ရွှေတြိဂံဒေသလူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း) ရန်ပုံငွေရှာဖွေရေး ခရီးစဉ်အဖြစ် ခရီးရှည် စက်ဘီးစီးနင်းခဲ့ကြသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှ ကိုနေဇာ( Only Biker )၊ တာလေမှ ကိုစိုင်းခမ်းရှဲန်၊ Kyaing Tong Mountain Bike Group မှ ဦးစိုင်းဆန်(ခ)ဦးစိုင်းဝန်းမား၊ ဦးချူးစိန်၊ ဦးစိုင်းရီဆိုင်(ခ)ပီနန်၊ ဦးလှမြင့်မိုး(ခ)ကိုတူးနှင့် ဦးလောလူတို့ စုစုပေါင်း (၇)ဦးသည် ၂၀၁၈ခုနှစ် ဇန်န၀ါရီလ(၂၀)ရက်နေ့က တာချီလိတ်မှ တဆင့် ဖေဖော်ဝါရီလ(၅)ရက်နေ့အထိ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အထိ သွားရောက်ခဲ့ပြီး မြစ်ကြီးနားမြို့တွင် တာချီလိတ်မှ လာရောက်ကြိုဆိုအားပေးသည့် အခြေခံပညာ အထက်တန်းကျောင်း(တာချီလိတ်)၏ ကျောင်းသူ/သားဟောင်းကြီး (၁၀)ဦးနှင့်အတူ မြစ်ကြီးနားမှ ပူတာအိုမြို့သို့ ဖေဖော်ဝါရီလ(၇)ရက်နေ့က သွားရောက်ခဲ့ကြပြီး ဖေဖော်ဝါရီလ(၁၀)ရက်နေ့တွင် ပူတာအိုမှ တဆင့် တာချီလိတ်သို့ လေယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာခြင်းဖြစ်ကြောင်းနှင့် အဆိုပါ စက်ဘီးစီးသမား(၇)ဦးသည် မန်းရတနာပုံလေကြောင်းလိုင်း အပါအ၀င် လုပ်ငန်းရှင်များ၏ ပံ့ပိုးမှုဖြင့် လေယာဉ်ဖြင့် တာချီလိတ်သို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။
ရွှေတြိဂံဒေသလူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း)အတွက် စေတနာရှင်များမှ ပါဝင်လှူဒါန်းလာရာတွင် ဖေဖော်ဝါရီလ(၉)ရက်နေ့အထိ ကျပ်သိန်းပေါင်း(၂၃၀)ကျော် ရရှိထားပြီဖြစ်ကြောင်း သိရှိရသည်။
ရွှတြေိဂံဒေသလူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း) ရန်ပုံငွေရှာဖွေရေး ခရီးစဉ်အဖြစ် ခရီးရှည် စက်ဘီးစီးနင်းခဲ့ကြသည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှ ကိုနေဇာ( Only Biker )၊ တာလေမှ ကိုစိုင်းခမ်းရှဲန်၊ Kyaing Tong Mountain Bike Group မှ ဦးစိုင်းဆန်(ခ)ဦးစိုင်းဝန်းမား၊ ဦးချူးစိန်၊ ဦးစိုင်းရီဆိုင်(ခ)ပီနန်၊ ဦးလှမြင့်မိုး(ခ)ကိုတူးနှင့် ဦးလောလူတို့ စုစုပေါင်း (၇)ဦးသည် ၂၀၁၈ခုနှစ် ဇန်နဝါရီလ(၂၀)ရက်နေ့က တာချီလိတ်မှ တဆင့် ဖေဖော်ဝါရီလ(၅)ရက်နေ့အထိ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အထိ သွားရောက်ခဲ့ပြီး မြစ်ကြီးနားမြို့တွင် တာချီလိတ်မှ လာရောက်ကြိုဆိုအားပေးသည့် အခြေခံပညာ အထက်တန်းကျောင်း(တာချီလိတ်)၏ ကျောင်းသူ/သားဟောင်းကြီး (၁၀)ဦးနှင့်အတူ မြစ်ကြီးနားမှ ပူတာအိုမြို့သို့ ဖေဖော်ဝါရီလ(၇)ရက်နေ့က သွားရောက်ခဲ့ကြပြီး ဖေဖော်ဝါရီလ(၁၀)ရက်နေ့တွင် ပူတာအိုမှ တဆင့် တာချီလိတ်သို့ လေယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာခြင်းဖြစ်ကြောင်းနှင့် အဆိုပါ စက်ဘီးစီးသမား(၇)ဦးသည် မန်းရတနာပုံလေကြောင်းလိုင်း အပါအဝင် လုပ်ငန်းရှင်များ၏ ပံ့ပိုးမှုဖြင့် လေယာဉ်ဖြင့် တာချီလိတ်သို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။
ခရီးစဉ်တစ်လျှောက်တွင် အဆိုပါ (၇)ဦးအတွက် ကချင်ပြည်နယ်တွင် တည်ခိုးရန် ဟိုတယ်များ နှင့် ခရီးစဉ်အပြီး အပြန်တွင် လေယာဉ်ဖြင့် ပြန်နိုင်ရန် နှင့် အခြား လိုအပ်မှုများအတွက် တာချီလိတ်မြို့ Johnny Fitness Center နှင့် လျှပ်စစ်ပစ္စည်းအရောင်းဆိုင် နှင့် J My King Hotel(တာချီလိတ်) မှ ဦးစိုင်းဂျွန်ရီ၊ မန်းရတနာပုံလေကြောင်းလိုင်းမှ ဒေါ်နန်းပီယားရီ၊ Gerizim Hotel Resort (Chaung Thar )၊ နန်းသီတာဟိုတယ် (မြစ်ကြီးနား)၊ ဟိုတယ်ပူတာအို၊ ဟိုတယ်ရန်ကုန်တို့မှ ဦးစိုင်းဖီးလစ်ရီ နှင့် ပျံလွှား လျှပ်စစ်ပစ္စည်းအရောင်းဆိုင်မှ ဦးစိုင်းရောဘတ်ရီ တို့ မောင်နှမတစ်စုမှ ပံ့ပိုး ပေးသွားထားခြင်းဖြစ်ပြီး၊ မြစ်ကြီးနားမှ ပူတာအိုအထိ လိုက်ပါလာသည့် အခြေခံပညာ အထက်တန်းကျောင်း(တာချီလိတ်)၏ ကျောင်းသူ/သားဟောင်းကြီး (၁၀)ဦးအတွက်လည်း အဆိုပါ လုပ်ငန်းရှင်များက ဟိုတယ်အတွက် စီစဉ်ပေးကြောင်း သိရသည်။
ရွှတြေိဂံဒေသလူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း)အတွက် စေတနာရှင်များမှ ပါဝင်လှူဒါန်းလာရာတွင် ဖေဖော်ဝါရီလ(၉)ရက်နေ့အထိ ကျပ်သိန်းပေါင်း(၂၃၀)ကျော် ရရှိထားပြီဖြစ်ကြောင်း သိရှိရသည်။