တာချီလိတ်ရှိ ဆေးဖြတ်စခန်း ရန်ပုံငွေရှာဖွေရေးအတွက် မိုင်ရှည် စက်ဘီးစီးအဖွဲ့အား တာချီလိတ်မှ သွားရောက်သည့် ကြိုဆိုရေးအဖွဲ့တို့က မြစ်ကြီးနားတွင် ကြိုဆို၊ မြစ်ကြီးနားမှ စေတနာရှင်များ ပါဝင်လှူဒါန်း၍ ရန်ပုံငွေ စုစုပေါင်း ကျပ်သိန်းပေါင်း (၂၁၀)ကျော်ရရှိထား

တာချီလိတ်ရှိ ဆေးဖြတ်စခန်း ရန်ပုံငွေရှာဖွေရေးအတွက် မိုင်ရှည် စက်ဘီးစီးအဖွဲ့အား တာချီလိတ်မှ သွားရောက်သည့် ကြိုဆိုရေးအဖွဲ့တို့က မြစ်ကြီးနားတွင် ကြိုဆို၊ မြစ်ကြီးနားမှ စေတနာရှင်များ ပါဝင်လှူဒါန်း၍ ရန်ပုံငွေ စုစုပေါင်း ကျပ်သိန်းပေါင်း (၂၁၀)ကျော်ရရှိထား
ဖေဖော်ဝါရီ 6, 2018
By Tachileik News Agency

ရွှေတြိဂံဒေသ လူငယ်ပြန်လည်ထူထောင်ရေး (ဆေးဖြတ်စခန်း) ရန်ပုံငွေရှာဖွေရေးအတွက် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့မှ ကချင်ပြည်နယ် အထိ မိုင်ရှည် စီးနင်းနေသည့် စက်ဘီးစီးအဖွဲ့သည် ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ (၅)ရက်နေ့တွင် ရောက်ရှိရာ တာချီလိတ်မှ အားပေးသူများက မြစ်ကြီးနားသို့ သွားရောက် ကြိုဆိုခဲ့ကြပြီး ညပိုင်း ညစာ စားပွဲတွင် စုပေါင်းပါဝင် လှူဒါန်းသည့် အလှုငွေ အပါအ၀င် စုစုပေါင်း ကျပ်သိန်းပေါင်း(၂၁၀)ကျော် ရရှိထားပြီဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားမြို့သို့ ဇန်နဝါရီလ (၅)ရက်နေ့ ညနေပိုင်းတွင် ရောက်ရှိလာသည့် စက်ဘီးစီး အဖွဲ့ဝင်များ ဖြစ်သည့် တာချီလိတ်မြို့မှ ကိုနေဇာ( Only Biker )၊ တာလေမှ ကိုစိုင်းခမ်းရှဲန်၊ Kyaing Tong Mountain Bike Group မှ ဦးစိုင်းဆန်(ခ)ဦးစိုင်းဝန်းမား၊ ဦးချူးစိန်၊ ဦးစိုင်းရီဆိုင်(ခ)ပီနန်၊ ဦးလှမြင့်မိုး(ခ)ကိုတူးနှင့် ဦးလောလူတို့ စုစုပေါင်း (၇)ဦးအား မြစ်ကြီးနားမြို့မှ Myitkyina 'X' Riders ( MXR ) စက်ဘီးစီး အဖွဲ့ဝင်များက ကြိုဆိုခဲ့ကြပြီး အဆိုပါ စက်ဘီးစီးအဖွဲ့၏ ခရီးစဉ်တစ်လျှောက် ကုန်ကျစရိတ်များကို ပံ့ပိုးသူများ အပါအဝင် ရွှေတြိဂံဒေသလူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း) ရန်ပုံငွေ ရှာဖွေရေးအဖွဲ့သားများနှင့် အားပေးသူများ၊ ကူညီပံ့ပိုးကြသူများအနက် တာချီလိတ်မှ Johnny Fitness Center နှင့် လျှပ်စစ်ပစ္စည်းအရောင်းဆိုင် နှင့် J My King Hotel(တာချီလိတ်) ပိုင်ရှင် ဦးစိုင်းဂျွန်ရီ ဦးဆောင်သည့် (၁၀)ဦး ပါဝင်အဖွဲ့ကလည်း ဖေဖော်ဝါရီလ(၅)ရက်နေ့ နေ့လယ်ပိုင်းအချိန်တွင် တာချီလိတ်မှ မြစ်ကြီးနားမြို့သို့ ရောက်ရှိ ကြိုဆိုခဲ့ကြသည်။


စက်ဘီးစီးအဖွဲ့သည် တာချီလိတ်မြို့မှတဆင့်၂၀၁၈ ခုနှစ် ဇန်န၀ါရီလ(၂၀)ရက်နေ့က စတင်ထွက်ခွာပြီး မြစ်ကြီးနားမြို့သို့ မရောက်မိချိန်အထိ  ရန်ပုံငွေ ကျပ်သိန်း (၁၇၀)ကျော်ရရှိထားပြီး နန်းသီတာဟိုတယ် (မြစ်ကြီးနား)ပိုင်ရှင် ဦးစိုင်းဖီးလစ်ရီ မိသားစု၏ စီစဉ်ပေးမှုဖြင့် စုစုပေါင်း ကျပ်သိန်းပေါင်း (၂၁၀)ကျော်အထိ ရရှိနေပြီ ဖြစ်ကြောင်း သိရသည်။



လမ်းခရီးတစ်လျှောက် ကုန်ကျမှုများအား လုပ်ငန်းရှင်များက ပံ့ပိုးကူညီပေးထားသည့်အတွက် ရရှိလာသည့် အလှူငွေများကို ရွှေတြိဂံဒေသလူငယ်ပြန်လည် ထူထောင်ရေး(ဆေးဖြတ်စခန်း)အတွက်သာ အသုံးပြုသွားမည်ဖြစ်ရာ ရှမ်း(အရှေ့)မှ စက်ဘီးစီးအဖွဲ့၏ ရန်ပုံငွေရှာဖွေရေးခရီးစဉ်အား ပူးပေါင်း ပါဝင်သည့် အနေဖြင့် အောက်ဖော်ပြပါ ရန်ပုံငွေ ဘဏ်စာရင်းများမှတစ်ဆင့် လှူဒါန်းနိုင်မည်ဖြစ်ပါသည်။

09442624461

Bank Name: CB Bank




~~~~~~~~⊰❂ unicode ~~~~~~~~

ရွှတြေိဂံဒေသ လူငယ်ပြန်လည်ထူထောင်ရေး (ဆေးဖြတ်စခန်း) ရန်ပုံငွေရှာဖွေရေးအတွက် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့မှ ကချင်ပြည်နယ် အထိ မိုင်ရှည် စီးနင်းနေသည့် စက်ဘီးစီးအဖွဲ့သည် ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ (၅)ရက်နေ့တွင် ရောက်ရှိရာ တာချီလိတ်မှ အားပေးသူများက မြစ်ကြီးနားသို့ သွားရောက် ကြိုဆိုခဲ့ကြပြီး ညပိုင်း ညစာ စားပွဲတွင် စုပေါင်းပါဝင် လှူဒါန်းသည့် အလှုငွေ အပါအဝင် စုစုပေါင်း ကျပ်သိန်းပေါင်း(၂၁၀)ကျော် ရရှိထားပြီဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားမြို့သို့ ဇန်နဝါရီလ (၅)ရက်နေ့ ညနေပိုင်းတွင် ရောက်ရှိလာသည့် စက်ဘီးစီး အဖွဲ့ဝင်များ ဖြစ်သည့် တာချီလိတ်မြို့မှ ကိုနေဇာ( Only Biker )၊ တာလေမှ ကိုစိုင်းခမ်းရှဲန်၊ Kyaing Tong Mountain Bike Group မှ ဦးစိုင်းဆန်(ခ)ဦးစိုင်းဝန်းမား၊ ဦးချူးစိန်၊ ဦးစိုင်းရီဆိုင်(ခ)ပီနန်၊ ဦးလှမြင့်မိုး(ခ)ကိုတူးနှင့် ဦးလောလူတို့ စုစုပေါင်း (၇)ဦးအား မြစ်ကြီးနားမြို့မှ Myitkyina 'X' Riders ( MXR ) စက်ဘီးစီး အဖွဲ့ဝင်များက ကြိုဆိုခဲ့ကြပြီး အဆိုပါ စက်ဘီးစီးအဖွဲ့၏ ခရီးစဉ်တစ်လျှောက် ကုန်ကျစရိတ်များကို ပံ့ပိုးသူများ အပါအဝင် ရွှတြေိဂံဒေသလူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း) ရန်ပုံငွေ ရှာဖွေရေးအဖွဲ့သားများနှင့် အားပေးသူများ၊ ကူညီပံ့ပိုးကြသူများအနက် တာချီလိတ်မှ Johnny Fitness Center နှင့် လျှပ်စစ်ပစ္စည်းအရောင်းဆိုင် နှင့် J My King Hotel(တာချီလိတ်) ပိုင်ရှင် ဦးစိုင်းဂျွန်ရီ ဦးဆောင်သည့် (၁၀)ဦး ပါဝင်အဖွဲ့ကလည်း ဖေဖော်ဝါရီလ(၅)ရက်နေ့ နေ့လယ်ပိုင်းအချိန်တွင် တာချီလိတ်မှ မြစ်ကြီးနားမြို့သို့ ရောက်ရှိ ကြိုဆိုခဲ့ကြသည်။

အဆိုပါ စက်ဘီးစီးအဖွဲ့၏ ရက်ပေါင်း (၂၀)အတွင်း လမ်းတစ်လျှောက်ဖြတ်သန်းသွားသည့် မြို့ရွာများတွင် သက်ဆိုင်ရာ ခရိုင်၊မြို့နယ်အုပ်ချုပ်ရေးမှူးများအပါအဝင် ဌာနဆိုင်ရာများ၊ ဒေသခံ စက်ဘီးစီးအဖွဲ့များ၊ ဒေသခံများက ကြိုဆိုအားပေးခဲ့ကြကြောင်း သိရသည်။

စက်ဘီးစီးအဖွဲ့သည် တာချီလိတ်မြို့မှတဆင့်၂၀၁၈ ခုနှစ် ဇန်နဝါရီလ(၂၀)ရက်နေ့က စတင်ထွက်ခွာပြီး မြစ်ကြီးနားမြို့သို့ မရောက်မိချိန်အထိ ရန်ပုံငွေ ကျပ်သိန်း (၁၇၀)ကျော်ရရှိထားပြီး နန်းသီတာဟိုတယ် (မြစ်ကြီးနား)ပိုင်ရှင် ဦးစိုင်းဖီးလစ်ရီ မိသားစု၏ စီစဉ်ပေးမှုဖြင့် စုစုပေါင်း ကျပ်သိန်းပေါင်း (၂၁၀)ကျော်အထိ ရရှိနပြေီ ဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားသို့ ရောက်ရှိနေသည့် စက်ဘီးစီးသမား(၇)ဦး နှင့် တာချီလိတ်မှ ရောက်ရှိလာသည့် ကြိုဆိုသူ(၁၀)ဦးတို့အား နန်းသီတာဟိုတယ် (မြစ်ကြီးနား)ပိုင်ရှင် ဦးစိုင်းဖီးလစ်ရီ မိသားစုက၎င်းဟိုတယ်တွင် (၂)ညတာ တည်းခိုရန် စီစဉ်ပေးထားပြီး ဖေဖော်ဝါရီလ(၅)ရက်နေ့ ညပိုင်းက ညစာ စားပွဲနှင့် အလှူငွေ ပေးအပ်ပွဲ ကျင်းပပြုလုပ်ပေးရာတွင် မြစ်ကြီးနားမြို့မှ စေတနာရှင်များဖြစ်သည့် ခိုင်မာသော ပန်းတိုင် ဆောက်လုပ်ရေးကုမ္ပဏီမှ ကျပ်(၁၀)သိန်း၊ နန်းသီတာဟိုတယ်မှ ကျပ်(၁၀)သိန်း၊ မြစ်ကြီးနားမြို့မှ ဦးဘောင်လန်း + ဒေါ်ခေါင်နော မိသားစုမှ ကျပ်(၁၀)သိန်း၊ May Flower Travels & Tours Myanmar မှ ကျပ်(၅)သိန်း၊ မြစ်ကြီးနား Myitkyina 'X' Riders ( MXR )မှစက်ဘီးစီး အဖွဲ့မှ ကျပ်(၂)သိန်း၊ King Family မှ ကျပ်(၁)သိန်း၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဆောက်လုပ်ရေး၊ ဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီးဌာန ပြည်နယ်ဝန်ကြီး ဦးဝင်းညွှန့်က အလှူငွေ ကျပ်(၅၀၀၀၀)၊ အင်္ဂလန်မှ Mr.Stephen Rand က အလှူငွေ အမေရိကန်ဒေါ်လာ (၁၀၁)ဒေါ်လာ စသည်ဖြင့် အသီးသီး လှူဒါန်းလာကြရာ ကျပ်(၃,၈၅၀,ဝဝဝ) နှင့် အမေရိကန်ဒေါ်လာ(၁၀၁)ဒေါ်လာ ရရှိကြောင်း သိရသည်။

စက်ဘီးစီးအဖွဲ့၏ ခရီးစဉ်တစ်လျှောက် အထွေထွေ ကုန်ကျစရိတ်များကို လုပ်ငန်းရှင်များဖြစ်သည့် တာချီလိတ်မြို့ Johnny Fitness Center နှင့် လျှပ်စစ်ပစ္စည်းအရောင်းဆိုင် နှင့် J My King Hotel(တာချီလိတ်) မှ ဦးစိုင်းဂျွန်ရီ၊ မန်းရတနာပုံလေကြောင်းလိုင်းမှ ဒေါ်နန်းပီယားရီ၊ Gerizim Hotel Resort (Chaung Thar )၊ နန်းသီတာဟိုတယ် (မြစ်ကြီးနား)၊ ဟိုတယ်ပူတာအို၊ ဟိုတယ်ရန်ကုန်တို့မှ ဦးစိုင်းဖီးလစ်ရီ နှင့် ပျံလွှား လျှပ်စစ်ပစ္စည်းအရောင်းဆိုင်မှ ဦးစိုင်းရောဘတ်ရီ တို့ မောင်နှမတစ်စုတို့က ပံ့ပိုးပေးထားခြင်းဖြစ်ပြီး ခရီးစဉ်တစ်လျှောက် ရရှိသည့် ရန်ပုံငွေပမာဏအား အချိန်နှင့် တစ်ပြေးညီ သတင်းထုတ်ပြန်နိုင်ရေးအတွက် မီဒီယာပံ့ပိုးမှုအဖြစ် Tachileik News Agency က ပူးပေါင်း ကူညီပေးထားခြင်းဖြစ်သည်။

လမ်းခရီးတစ်လျှောက် ကုန်ကျမှုများအား လုပ်ငန်းရှင်များက ပံ့ပိုးကူညီပေးထားသည့်အတွက် ရရှိလာသည့် အလှူငွေများကို ရွှတြေိဂံဒေသလူငယ်ပြန်လည် ထူထောင်ရေး(ဆေးဖြတ်စခန်း)အတွက်သာ အသုံးပြုသွားမည်ဖြစ်ရာ ရှမ်း(အရှေ့)မှ စက်ဘီးစီးအဖွဲ့၏ ရန်ပုံငွေရှာဖွေရေးခရီးစဉ်အား ပူးပေါင်း ပါဝင်သည့် အနဖြေင့် အောက်ဖော်ပြပါ ရန်ပုံငွေ ဘဏ်စာရင်းများမှတစ်ဆင့် လှူဒါန်းနိုင်မည်ဖြစ်ပါသည်။

ဆက်သွယ်နိုင်ရန် ဖုန်းနံပါတ် -
09442624461
Bank Name: KBZ Bank ( KBZ TCL 1 )
Account No: 00630299906101102

Bank Name: CB Bank
Account No: 2023600500020966

Bank Name: AYA Bank ( ဧရာဝတီဘဏ် - တာချီလိတ် )
Account No: 0017202010038743

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~