ကယားျပည္နယ္ လိြဳင္ေကာ္ၿမိဳ႕ ေနာင္ယားရပ္ကြက္ရိွ ေနာင္ယားကန္ေဘးတြင္ ဆိုင္ခန္းေပါင္း (၅၅)ခန္း ပါဝင္သည့္ ညေဈးတန္းအား ေဖေဖာ္ဝါရီလ (၁၂) ရက္ေန႔တြင္ စတင္ ဖြင့္လွစ္လိုက္ေၾကာင္း သိရသည္။
လိြဳင္ေကာ္ၿမိဳ႕တြင္ ညေဈးတန္း ဖြင့္လွစ္ႏိုင္ရန္အတြက္ ၂၀၁၇ ဒီဇင္ဘာလအတြင္းက စတင္ ေဆာင္ရြက္ ခဲ့ျခင္းျဖစ္ၿပီး LED မီး အလွဆင္မီးမ်ား တပ္ဆင္ျခင္း၊ ေျမညႇိျခင္း၊ ေရဆုိးထုတ္ေျမာင္းမ်ား ေဆာင္ရြက္ျခင္း၊ ေမာ္ေတာ္ယာဥ္မ်ား စနစ္တက် ထားရွိႏုိင္ေရး ေဆာင္ရြက္္ျခင္း၊ ေရပန္းမ်ား တပ္ဆင္ျခင္း၊ ေရာင္းခ် လုိသူမ်ားအား မဲစနစ္ျဖင့္ ဆုိင္ခန္းခ်ထားေပးျခင္းမ်ား အဆင့္ဆင့္ ေဆာင္ရြက္ခဲ့ျခင္း ျဖစ္ၿပီး ေဖေဖၚ၀ါရီလ (၁၂) ရက္ေန႔ ျပည္ေထာင္စုေန႔ အထိမ္းမွတ္ အျဖစ္ စတင္ဖြင့္လွစ္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
ညေစ်းေၾကာင့္ ေနာင္ယားကန္အလွ မပ်က္စီးေစရန္ ေစ်းသူ၊ေစ်းသားႏွင့္ ေစ်းဝယ္မ်ားအားလံုး ထိန္းသိမ္းၾကရန္ကိုလည္း ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးအယ္လ္ေဖာင္း႐ႈိက တိုက္တြန္းလုိက္သည္။
" ညေဈးတန္း ႐ွိလာေတာ့ ပိုစည္ လာမယ္ထင္တယ္။ ေပ်ာ္ဖို႔ေတာ့ေကာင္းမွာပါ။ အေဝးႀကီးမွာ သြားဝယ္စားစရာ မလိုေတာ့ဘူးေပါ့ ။ အဓိကကေတာ့ ေဈးျဖစ္လာၿပီဆိုေတာ့ အမိႈက္ေတာ့ ႐ွိလာမွာပဲေလ။ စနစ္တက် စြန္႔ပစ္ဖို႔နဲ႔ ကန္အလွ မပ်က္ဖို႔ပဲေျပာခ်င္တယ္" ဟု လာေရာက္လည္ပတ္သူ ကိုေဝယံ ကတာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
ေနာင္ယားကန္ညေဈးအား ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္က ဖြင့္လွစ္ေပးခဲ့ၿပီး အဆိုပါ ညေဈးအား ေန႔စဥ္ ညေန (၃) နာရီမွ ည (၁၀) နာရီထိ ေရာင္းခ်ခြင့္ျပဳသြားမည္ျဖစ္ၿပီး စားေသာက္ဖြယ္ရာမ်ား၊ ႐ုိးရာပစၥည္းဆိုင္မ်ား ပါဝင္ေၾကာင္း သိရသည္။
သတင္း/ဓါတ္ပံု #ဆန္းၿဖိဳးထြန္း
လွိုင်ကော်မြို့တွင် ညဈေးတန်း ဖွင့်လှစ်နိုင်ရန်အတွက် ၂၀၁၇ ဒီဇင်ဘာလအတွင်းက စတင် ဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး LED မီး အလှဆင်မီးများ တပ်ဆင်ခြင်း၊ မြေညှိခြင်း၊ ရေဆိုးထုတ်မြောင်းများ ဆောင်ရွက်ခြင်း၊ မော်တော်ယာဉ်များ စနစ်တကျ ထားရှိနိုင်ရေး ဆောင်ရွက်ခြင်း၊ ရေပန်းများ တပ်ဆင်ခြင်း၊ ရောင်းချ လိုသူများအား မဲစနစ်ဖြင့် ဆိုင်ခန်းချထားပေးခြင်းများ အဆင့်ဆင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ဖေဖော်ဝါရီလ (၁၂) ရက်နေ့ ပြည်ထောင်စုနေ့ အထိမ်းမှတ် အဖြစ် စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ညဈေးကြောင့် နောင်ယားကန်အလှ မပျက်စီးစေရန် ဈေးသူ၊ဈေးသားနှင့် ဈေးဝယ်များအားလုံး ထိန်းသိမ်းကြရန်ကိုလည်း ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက တိုက်တွန်းလိုက်သည်။
" ညဈေးတန်း ရှိလာတော့ ပိုစည် လာမယ်ထင်တယ်။ ပျော်ဖို့တော့ကောင်းမှာပါ။ အဝေးကြီးမှာ သွားဝယ်စားစရာ မလိုတော့ဘူးပေါ့။ အဓိကကတော့ ဈေးဖြစ်လာပြီဆိုတော့ အမှိုက်တော့ ရှိလာမှာပဲလေ။ စနစ်တကျ စွန့်ပစ်ဖို့နဲ့ ကန်အလှ မပျက်ဖို့ပဲပြောချင်တယ်" ဟု လာရောက်လည်ပတ်သူ ကိုဝေယံ ကတာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
နောင်ယားကန်ညဈေးအား ကယားပြည်နယ်ဝန်ကြီးချုပ်က ဖွင့်လှစ်ပေးခဲ့ပြီး အဆိုပါ ညဈေးအား နေ့စဉ် ညနေ (၃) နာရီမှ ည (၁၀) နာရီထိ ရောင်းချခွင့်ပြုသွားမည်ဖြစ်ပြီး စားသောက်ဖွယ်ရာများ၊ ရိုးရာပစ္စည်းဆိုင်များ ပါဝင်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ #ဆန်းဖြိုးထွန်း