"စက္ေတြအားလံုးကိုေတာ့ တပ္ဆင္ေနပါၿပီ။ ေလာေလာဆယ္က က်န္ရွိေနတဲ့ ေရသြယ္ေျမာင္းနဲ႔ စက္ရံု အေဆာက္အဦး အတြက္ သံနဲ႔ဘိလပ္ေျမ ျပတ္ေတာက္ေနတဲ့အတြက္ ႀကန္႔ၾကာမႈရွိႏိုင္ေပမဲ့ ဒီႏွစ္ ဧၿပီလ အတြင္းမွာ ပူတာအို နဲ႔ မခ်မ္းေဘာ့ၿမိဳ႕ကို အရင္ဆံုး (၀.၈)မဂၢါ၀ပ္ရွိတဲ့ စက္တစ္လံုးနဲ႔ (၂၄)နာရီလွ်ပ္စစ္မီး စမ္းသပ္ ေပးႏိုင္ေတာ့မွာပါ"ဟု ခိုင္မာေသာပန္းတိုင္ေဆာက္လုပ္ေရးကုမၸဏီလီမိတက္( Robust Goal )မွ စီမံကိန္းမန္ေနဂ်ာ ဦးစံေမာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
အဆိိုပါ စီမံကိန္းဧရိယာမွာ ေရဝပ္ေဒသမဟုတ္သည့္အတြက္ ပတ္ဝန္းက်င္လူေနဧရိယာမ်ားတြင္ ထိခုိက္ႏုိင္ေျခနည္းပါးသည္ဟု ခိုင္မာေသာပန္းတုိင္ေဆာက္လုပ္ေရးကုမၸဏီလီမိတက္၏ တာဝန္ရိွသူက ဆိုသည္။
"ဒီစီမံကိန္း၀န္းက်င္ဟာ ေရ၀ပ္တဲ့ေဒသမဟုတ္တဲ့အျပင္ ေရ၀ပ္တဲ့ေနရာလည္း မရွိတဲ့အတြက္ ဒီေရအား လွ်ပ္စစ္ စီမံကိန္းေၾကာင့္ အထက္ရြာ ေအာက္ရြာေတြနဲ႔ အနီးအနားေတြကို ပတ္၀န္းက်င္ ထိခိုက္မႈ မရွိႏိုင္ပါဘူး၊ ေရလႊမ္းမိုးမႈလည္း စိုးရိမ္စရာမရွိပါဘူး"ဟု ခိုင္မာေသာပန္းတိုင္ေဆာက္လုပ္ေရး ကုမၸဏီလီမိတက္( Robust Goal )မွ စီမံကိန္းမန္ေနဂ်ာ ဦးစံေမာ္က ေျပာသည္။
ပူတာအိုၿမိဳ႕၏ အေနာက္ေတာင္ဘက္(၇)မိုင္အကြာရိွ နမ့္ထြမ္ေခ်ာင္းေပၚတြင္ ေရအားလွ်ပ္စစ္စီမံကိန္း တည္ေဆာက္ေရးႏွင့္ ပတ္သက္၍ ကြင္းဆင္းစူးစမ္းေလ့လာမႈမ်ားကို ေရအားလွ်ပ္စစ္ အေကာင္အထည္ ေဖာ္ေရး ဦးစီးဌာနမွ ပညာရွင္မ်ားႏွင့္အတူ ဆြစ္ဇာလန္ႏုိင္ငံမွ ပညာရွင္မ်ားျဖင့္ ၂၀၁၄ ခုႏွစ္ မတ္လမွ ဇြန္လအထိ ေဆာင္ရြက္ခဲ့ျခင္းျဖစ္ၿပီး ၂၀၁၄ ခုႏွစ္ ဇြန္လ(၂၄)ရက္ေန႔က စတင္ကာ ျပည္ေထာင္စု အစိုးရရန္ပံုေငြျဖင့္ တည္ေဆာက္ခြင့္ျပဳခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါစီမံကိန္းအား ကနဦးအေကာင္အထည္ေဖၚေဆာင္ရြက္မႈကို HTOO Construction Development Group Co., Ltd ကလုပ္ကိုင္ခြင့္ရခဲ့ၿပီး ၂၀၁၅ ခုႏွစ္ ေဖေဖာ္၀ါရီလ(၇)ရက္ေန႔ကစတင္၍ ခိုင္မာေသာပန္းတိုင္ေဆာက္လုပ္ေရး ကုမၸဏီ လီမိတက္( Robust Goal )ကလည္း လုပ္ငန္းေဆာင္ရြက္ခြင့္ ရရိွခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
စီမံကိန္းမွ ေရသြယ္ေျမာင္းအရွည္မီတာ စုစုေပါင္း (၂၁၅၆)မီတာအနက္ အရွည္မီတာ(၁၀၀၀)၊၊ ေရလႊဲဆည္ ႏွင့္ ေရယူအေဆာက္အံု ေဆာက္လုပ္ျခင္း၊ သဲ/ႏႈန္း ထုတ္ကန္ ျပဳလုပ္ျခင္းမ်ားကို ခိုင္မာေသာပန္းတိုင္ ေဆာက္လုပ္ေရးကုမၸဏီက ေဆာက္လုပ္ခြင့္ရရွိထားကာ လက္ရွိ၌ လက္က်န္ ေရသြယ္ေျမာင္းမ်ားကို အၿပီးသတ္ရန္သာ က်န္ရွိေတာ့ေၾကာင္း သိရသည္။
ေရအားလွ်ပ္စစ္ စီမံကိန္းၿပီးေျမာက္သြားပါက (၀.၈)မဂၢါ၀ပ္ရိွသည့္ ဓါတ္အားေပးစက္(၄)လံုးျဖင့္ ႏွစ္စဥ္ပ်မ္းမွ် လွ်ပ္စစ္ဓါတ္အား ကီလို၀ပ္နာရီသန္းေပါင္း (၁၄.၁၃)သန္း ထုတ္လုပ္ေပးသြားႏိုင္မည္ျဖစ္ၿပီး ၂၀၁၈ခုႏွစ္ ေဖေဖာ္၀ါရီလ(၁၈)ရက္ေန႔တြင္ စီမံကိန္း၏ (၈၀)ရာခိုင္ႏႈန္း၀န္းက်င္ ၿပီးေျမာက္ေနၿပီ ျဖစ္ေၾကာင္း သိရသည္။
သတင္း/ဓါတ္ပံု - ကိုေဇာင္း
"စက်တွေအားလုံးကိုတော့ တပ်ဆင်နေပါပြီ။ လောလောဆယ်က ကျန်ရှိနေတဲ့ ရေသွယ်မြောင်းနဲ့ စက်ရုံ အဆောက်အဦး အတွက် သံနဲ့ဘိလပ်မြေ ပြတ်တောက်နေတဲ့အတွက် ကြန့်ကြာမှုရှိနိုင်ပေမဲ့ ဒီနှစ် ဧပြီလ အတွင်းမှာ ပူတာအို နဲ့ မချမ်းဘော့မြို့ကို အရင်ဆုံး (ဝ.၈)မဂ္ဂါဝပ်ရှိတဲ့ စက်တစ်လုံးနဲ့ (၂၄)နာရီလျှပ်စစ်မီး စမ်းသပ် ပေးနိုင်တော့မှာပါ"ဟု ခိုင်မာသောပန်းတိုင်ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်( Robust Goal )မှ စီမံကိန်းမန်နေဂျာ ဦးစံမော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ စီမံကိန်းဧရိယာမှာ ရေဝပ်ဒေသမဟုတ်သည့်အတွက် ပတ်ဝန်းကျင်လူနေဧရိယာများတွင် ထိခိုက်နိုင်ခြေနည်းပါးသည်ဟု ခိုင်မာသောပန်းတိုင်ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်၏ တာဝန်ရှိသူက ဆိုသည်။
"ဒီစီမံကိန်းဝန်းကျင်ဟာ ရေဝပ်တဲ့ဒေသမဟုတ်တဲ့အပြင် ရေဝပ်တဲ့နေရာလည်း မရှိတဲ့အတွက် ဒီရေအား လျှပ်စစ် စီမံကိန်းကြောင့် အထက်ရွာ အောက်ရွာတွေနဲ့ အနီးအနားတွေကို ပတ်ဝန်းကျင် ထိခိုက်မှု မရှိနိုင်ပါဘူး၊ ရေလွှမ်းမိုးမှုလည်း စိုးရိမ်စရာမရှိပါဘူး"ဟု ခိုင်မာသောပန်းတိုင်ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်( Robust Goal )မှ စီမံကိန်းမန်နေဂျာ ဦးစံမော်က ပြောသည်။
ပူတာအိုမြို့၏ အနောက်တောင်ဘက်(၇)မိုင်အကွာရှိ နမ့်ထွမ်ချောင်းပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေးနှင့် ပတ်သက်၍ ကွင်းဆင်းစူးစမ်းလေ့လာမှုများကို ရေအားလျှပ်စစ် အကောင်အထည် ဖော်ရေး ဦးစီးဌာနမှ ပညာရှင်များနှင့်အတူ ဆွစ်ဇာလန်နိုင်ငံမှ ပညာရှင်များဖြင့် ၂၀၁၄ ခုနှစ် မတ်လမှ ဇွန်လအထိ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ် ဇွန်လ(၂၄)ရက်နေ့က စတင်ကာ ပြည်ထောင်စု အစိုးရရန်ပုံငွဖြေင့် တည်ဆောက်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါစီမံကိန်းအား ကနဦးအကောင်အထည်ဖော်ဆောင်ရွက်မှုကို HTOO Construction Development Group Co., Ltd ကလုပ်ကိုင်ခွင့်ရခဲ့ပြီး ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ(၇)ရက်နေ့ကစတင်၍ ခိုင်မာသောပန်းတိုင်ဆောက်လုပ်ရေး ကုမ္ပဏီ လီမိတက်( Robust Goal )ကလည်း လုပ်ငန်းဆောင်ရွက်ခွင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စီမံကိန်းမှ ရေသွယ်မြောင်းအရှည်မီတာ စုစုပေါင်း (၂၁၅၆)မီတာအနက် အရှည်မီတာ(၁၀၀၀)၊ ရေလွှဲဆည် နှင့် ရေယူအဆောက်အုံ ဆောက်လုပ်ခြင်း၊ သဲ/နှုန်း ထုတ်ကန် ပြုလုပ်ခြင်းများကို ခိုင်မာသောပန်းတိုင် ဆောက်လုပ်ရေးကုမ္ပဏီက ဆောက်လုပ်ခွင့်ရရှိထားကာ လက်ရှိ၌ လက်ကျန် ရေသွယ်မြောင်းများကို အပြီးသတ်ရန်သာ ကျန်ရှိတော့ကြောင်း သိရသည်။
ရေအားလျှပ်စစ် စီမံကိန်းပြီးမြောက်သွားပါက (ဝ.၈)မဂ္ဂါဝပ်ရှိသည့် ဓာတ်အားပေးစက်(၄)လုံးဖြင့် နှစ်စဉ်ပျမ်းမျှ လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း (၁၄.၁၃)သန်း ထုတ်လုပ်ပေးသွားနိုင်မည်ဖြစ်ပြီး ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ(၁၈)ရက်နေ့တွင် စီမံကိန်း၏ (၈၀)ရာခိုင်နှုန်းဝန်းကျင် ပြီးမြောက်နပြေီ ဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - ကိုဇောင်း