ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် ကုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး၌ ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ (၂၅)ရက်နေ့တွင် ဂျာမနီနိုင်ငံမှ ဆရာဝန်ကြီးများနှင့် မြန်မာနိုင်ငံမှ ဆရာဝန်များ ပါဝင်သည့် အဖွဲ့က နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲနှင့် လည်ပင်းကြီး လူနာများကို အခမဲ့ ခွဲစိတ်ကုသပေးသွားမည် ဖြစ်သဖြင့် ဆက်လက်၍ စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။
ကုသမှုခံယူလိုသည့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲနှင့် လည်ပင်းကြီး ဝေဒနာရှင်များ အနေဖြင့် 095241342၊ 0941003219 နှင့် 09250859585 သို့ ကြိုတင် ဆက်သွယ်၍ စာရင်းများ ပေးထားနိုင်ကာ အသေးစိတ် စုံစမ်းမေးမြန်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။
ကုသမှုခံယူလိုသည့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲနှင့် လည်ပင်းကြီး ဝေဒနာရှင်များ အနဖြေင့် 095241342၊ 0941003219 နှင့် 09250859585 သို့ ကြိုတင် ဆက်သွယ်၍ စာရင်းများ ပေးထားနိုင်ကာ အသေးစိတ် စုံစမ်းမေးမြန်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။
ခွဲစိတ်ကုသမှုကို အခမဲ့ဆောင်ရွက်ပေးမည်ဖြစ်သည့် အပြင် လူနာများအတွက် နေထိုင် စားသောက်ရေးကိုလည်း ခွဲစိတ်ကုသမှု ဖြစ်မြောက်ရေး ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့များက ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။