ခဲသတ္တုများ တရားမဝင် တင်ဆောင်လာသော ခရီးသည်တင်မှန်လုံယဉ်တစ်စီးအား ကယားပြည်နယ်၊ လွိုင်ကော်မြို့ ၊ မိုင်းလုံးရပ်ကွက် မိုင်းလုံးဈေးရှေ့တွင် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ဖမ်းဆီး ရမိကြောင်း သိရသည်။
သတင်း #ဆန်းဖြိုးထွန်း
ဓါတ်ပုံ #Aung ning
လွိုင်ကော်မှ တောင်ငူသို့ ပြေးဆွဲနေသော လွန်ဒေါန ခရီးသည်တင် မှန်လုံယာဉ်ပေါ်တွင် တရားမဝင် ခဲသတ္တုများ တင်ဆောင်လာကြောင်း သတင်းပေးချက်အရ သက်ဆိုင်ရာ တာဝန်ရှိသူများမှ သွားရောက် စစ်ဆေး ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
တာဝန်ရှိသူများမှ စစ်ဆေးရာတွင် ယဉ်မောင်းသူ၏ ထိုင်ခုံ အနောက် အံဖုံးထဲ၌ ဝှက်၍ သယ်ဆောင်လာသော ခဲသတ္တု (၂၆) အိတ်၊ ပိသာချိန် (၅၀၀) ကျော်အား တွေ့ရှိရခြင်းဖြစ်သဖြင့် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ကားဂိတ်မှူးတို့အား လွိုင်ကော် မြို့မရဲစခန်တွင် ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။
သတင်း #ဆန်းဖြိုးထွန်း
ဓာတ်ပုံ #Aung ning