လူငယ္မ်ား အုပ္စုဖြဲ႔ကာ ဓါးခုတ္မႈ မၾကာခဏ ျဖစ္ပြားသည့္ လားရႈိးတြင္ အမႈဖြင့္တိုင္ၾကားသူ နည္းပါး

လူငယ္မ်ား အုပ္စုဖြဲ႔ကာ ဓါးခုတ္မႈ မၾကာခဏ ျဖစ္ပြားသည့္ လားရႈိးတြင္ အမႈဖြင့္တိုင္ၾကားသူ နည္းပါး
မတ် 11, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕တြင္ လူငယ္မ်ားအုပ္စုဖြဲ႔ ဓါးခုတ္မႈမ်ား ျဖစ္ပြားေနေလ့ရွိေသာ္လည္း ရဲတပ္ဖြဲ႔သို႔ တိုင္ၾကားမႈ နည္းပါးျခင္းေၾကာင့္ က်ဴးလြန္သူမ်ားကို ဖမ္းဆီးအေရးယူႏိုင္ရန္ ခက္ခဲေနရေၾကာင္း လားရိႈးၿမိဳ႕ ၿမိဳ႕မရဲစခန္း စခန္းမွဴးထံမွ သိရသည္။

“ျဖစ္စဥ္ေတြကေတာ့ ၾကားၾကားေနရတယ္။ ဒါေပမဲ့ သက္ဆိုင္ရာကို တိုင္ၾကားတာ မရွိသေလာက္ နည္းတယ္။ မတိုင္ၾကားေတာ့ က်ဴးလြန္သူကို စံုစမ္းတဲ့အခါ အခက္အခဲေတြျဖစ္တယ္။ ၿပီးေတာ့ အဲဒီလို ကိစၥေတြမွာ မ်က္ျမင္သက္ေသေတြက သက္ေသ မလိုက္ေပးခ်င္ဘူး”ဟု လားရိႈးၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴး ေက်ာ္ႏိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

လူငယ္မ်ား အုပ္စုဖြဲ႔ ဓါးခုတ္မႈျဖစ္စဥ္မ်ားတြင္ အသက္ (၁၃)ႏွစ္မွ (၁၅) ႏွစ္ ဝန္းက်င္အရြယ္မ်ား အမ်ားဆံုး ေတြ႔ရွိရၿပီး ဓါးခုတ္ခံရသည့္ ျဖစ္စဥ္မ်ားတြင္ ကာယကံရွင္မ်ားက သက္ဆိုင္ရာသို႔ လာေရာက္တိုင္တန္းမႈ မရွိသေလာက္ နည္းပါးေနသျဖင့္ ျပည္သူလူထုအေနျဖင့္ ရဲတပ္ဖြဲ႕ႏွင့္ ပူးေပါင္းေဆာင္ေရြက္ေစလိုေၾကာင္း ေျပာသည္။

“ဓါးခုတ္ခံရလို႔ ဒဏ္ရာ ရတယ္ဆိုရင္ ကိုယ့္ဘာသာကိုယ္သြားၿပီး ကုသၾကတယ္။ ရဲစခန္းမွာ အမႈ လာမဖြင့္ဘူး။ အမႈဖြင့္ထားတာမ်ိဳးမွာလည္း မ်က္ျမင္သက္ေသရွိေပမဲ့ သက္ေသခံေပးတာ မလုပ္ခ်င္ၾကဘူး။ ဒီလထဲမွာတင္ ႏွစ္ရက္ဆက္တိုက္မွာ ဓါးခုတ္မႈသံုးခုျဖစ္တယ္။ တစ္ခုပဲလာတိုင္တယ္” ဟု ၿမိဳ႕မရဲစခန္း စခန္းမွဴးက ေျပာသည္။

၂၀၁၈ ခုႏွစ္ မတ္လအတြင္း လားရိႈးၿမိဳ႕ရွိ ရန္တိုင္းေအာင္ဘုရား၊ လြတ္လပ္ေရးပန္းၿခံ၊ ၿမိဳ႕အဝင္ မုဒ္ဦးအနီးႏွင့္ ေရကန္ေတာင္လမ္းတို႔တြင္ အုပ္စုဖြဲ႔ဓါးျဖင့္ခုတ္မႈ အနည္းဆံုး (၄) ႀကိမ္ထက္မနည္း ျဖစ္ပြားခဲ့ေသာ္လည္း ကာယကံရွင္မ်ားက လာေရာက္တိုင္တန္းမႈ တစ္ခုသာရွိခဲ့ေၾကာင္း သိရသည္။

“မႏွစ္က ရွန္ခိုက္မွာ ျဖစ္တဲ့ဓါးခုတ္မႈမွာဆိုရင္ က်ဴးလြန္သူေတြကို ဖမ္းဆီးႏိုင္တယ္။ အေရးယူႏိုင္တယ္။ ဒါေပမဲ့ အဲဒီအမႈမွာ သက္ေသခံေပးခဲ့သူေတြက လားရိႈးမွာေတာင္ မေနရဲေတာ့ဘဲ တစ္ျခားၿမိဳ႕မွာ ေျပာင္းၿပီးေနရတယ္။ အဲဒီလိုေတြလည္းရွိေတာ့ အမႈမွန္ ေဖၚထုတ္ႏိုင္ဖို႔အတြက္ ျပည္သူလူထု ပူးေပါင္းပါဝင္မႈက အားနည္းေနတယ္”ဟု ၿမိဳ႕မရဲစခန္း စခန္းမွဴးက ေျပာသည္။

ျပည္သူလူထုအေနျဖင့္ ပူးေပါင္းပါဝင္မွသာ ဓါးခုတ္မႈျဖစ္စဥ္မ်ားကို ပိုမိုကိုင္တြယ္ႏိုင္မည္ျဖစ္ၿပီး လက္တေလာတြင္ လွည့္ကင္းမ်ားတိုးခ်ဲ႕ျခင္း၊ ရပ္ကင္းမ်ားျဖင့္ ေစာင့္ၾကည့္ေဆာင္ရြက္ျခင္းမ်ား အသံုးျပဳကာ ဓါးခုတ္မႈျဖစ္စဥ္မ်ား ေလ်ာ့က်ႏိုင္ေရး ေဆာင္ရြက္ေနေၾကာင္း သိရသည္။

"လားရိႈးမွာက လူမ်ိဳးေပါင္းစံုေနၾကတာဆိုေတာ့ ခုေနာက္ပိုင္း လူငယ္ေလးေတြက အဲဒီလို အုပ္စုဖြဲ႔ လုပ္ၾကတာ ပိုမ်ားလာတယ္။ တစ္ခ်ိဳ႕ေတြကို ညပိုင္းလွည့္ကင္း လုပ္ေဆာင္တဲ့ အခ်ိန္ေတြ႔လို႔ သူတို႔အိမ္ေတြ ျပန္ပို႔ေပးရင္ေတာင္ သူတို႔မိဘေတြက သိပ္မႀကိဳက္ခ်င္ၾကဘူး။ အခုလက္ရွိမွာကေတာ့ ရပ္/ေက်း အုပ္ခ်ဳပ္ေရးမွဴးေတြအထိ အဆင့္ဆင့္ လုပ္ေဆာင္ေနရတယ္။ ဓါးကိုင္တာေတြ႔တာနဲ႔တင္ လက္နက္ ကိုင္ေဆာင္မႈနဲ႔ အေရးယူလို႔ရတယ္ဆိုတာ က်ယ္က်ယ္ျပန္႔ျပန္႔ သိေအာင္လုပ္ေပးေနရတယ္" ဟု ၿမိဳ႕မရဲစခန္း စခန္းမွဴးက ေျပာသည္။

၂၀၁၇ ခုႏွစ္အတြင္း လားရႈိးၿမိဳ႕မရဲစခန္းသို႔ လာေရာက္တိုင္တန္းခဲ့သည့္ ဓါးခုတ္မႈျဖစ္စဥ္ (၁၀) မႈထက္ မနည္းရွိခဲ့ၿပီး အသက္ (၁၂) ႏွစ္မွ (၁၆) ႏွစ္အၾကား လူငယ္ (၅၀) ဦးခန္႔ကို အေရးယူျခင္းႏွင့္ ျပဳျပင္ေရး သင္တန္းေက်ာင္းမ်ားသို႔ ပို႔ေဆာင္ျခင္းမ်ားျပဳလုပ္ခဲ့ရၿပီး ၂၀၁၈ ခုႏွစ္ ဇန္နဝါရီလမွ မတ္လအထိ လာေရာက္တိုင္တန္းအမႈဖြင့္မႈ တစ္ခုသာရွိေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္





~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် လူငယ်များအုပ်စုဖွဲ့ ဓားခုတ်မှုများ ဖြစ်ပွားနေလေ့ရှိသော်လည်း ရဲတပ်ဖွဲ့သို့ တိုင်ကြားမှု နည်းပါးခြင်းကြောင့် ကျူးလွန်သူများကို ဖမ်းဆီးအရေးယူနိုင်ရန် ခက်ခဲနေရကြောင်း လားရှိုးမြို့ မြို့မရဲစခန်း စခန်းမှူးထံမှ သိရသည်။

“ဖြစ်စဉ်တွေကတော့ ကြားကြားနေရတယ်။ ဒါပေမဲ့ သက်ဆိုင်ရာကို တိုင်ကြားတာ မရှိသလောက် နည်းတယ်။ မတိုင်ကြားတော့ ကျူးလွန်သူကို စုံစမ်းတဲ့အခါ အခက်အခဲတွဖြေစ်တယ်။ ပြီးတော့ အဲဒီလို ကိစ္စတွေမှာ မျက်မြင်သက်သေတွေက သက်သေ မလိုက်ပေးချင်ဘူး”ဟု လားရှိုးမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ကျော်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

လူငယ်များ အုပ်စုဖွဲ့ ဓားခုတ်မှုဖြစ်စဉ်များတွင် အသက် (၁၃)နှစ်မှ (၁၅) နှစ် ဝန်းကျင်အရွယ်များ အများဆုံး တွေ့ရှိရပြီး ဓားခုတ်ခံရသည့် ဖြစ်စဉ်များတွင် ကာယကံရှင်များက သက်ဆိုင်ရာသို့ လာရောက်တိုင်တန်းမှု မရှိသလောက် နည်းပါးနေသဖြင့် ပြည်သူလူထုအနဖြေင့် ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွေက်စေလိုကြောင်း ပြောသည်။

“ဓားခုတ်ခံရလို့ ဒဏ်ရာ ရတယ်ဆိုရင် ကိုယ့်ဘာသာကိုယ်သွားပြီး ကုသကြတယ်။ ရဲစခန်းမှာ အမှု လာမဖွင့်ဘူး။ အမှုဖွင့်ထားတာမျိုးမှာလည်း မျက်မြင်သက်သေရှိပေမဲ့ သက်သေခံပေးတာ မလုပ်ချင်ကြဘူး။ ဒီလထဲမှာတင် နှစ်ရက်ဆက်တိုက်မှာ ဓားခုတ်မှုသုံးခုဖြစ်တယ်။ တစ်ခုပဲလာတိုင်တယ်” ဟု မြို့မရဲစခန်း စခန်းမှူးက ပြောသည်။

၂၀၁၈ ခုနှစ် မတ်လအတွင်း လားရှိုးမြို့ရှိ ရန်တိုင်းအောင်ဘုရား၊ လွတ်လပ်ရေးပန်းခြံ၊ မြို့အဝင် မုဒ်ဦးအနီးနှင့် ရေကန်တောင်လမ်းတို့တွင် အုပ်စုဖွဲ့ဓားဖြင့်ခုတ်မှု အနည်းဆုံး (၄) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သော်လည်း ကာယကံရှင်များက လာရောက်တိုင်တန်းမှု တစ်ခုသာရှိခဲ့ကြောင်း သိရသည်။

“မနှစ်က ရှန်ခိုက်မှာ ဖြစ်တဲ့ဓားခုတ်မှုမှာဆိုရင် ကျူးလွန်သူတွေကို ဖမ်းဆီးနိုင်တယ်။ အရေးယူနိုင်တယ်။ ဒါပေမဲ့ အဲဒီအမှုမှာ သက်သေခံပေးခဲ့သူတွေက လားရှိုးမှာတောင် မနေရဲတော့ဘဲ တစ်ခြားမြို့မှာ ပြောင်းပြီးနေရတယ်။ အဲဒီလိုတွေလည်းရှိတော့ အမှုမှန် ဖော်ထုတ်နိုင်ဖို့အတွက် ပြည်သူလူထု ပူးပေါင်းပါဝင်မှုက အားနည်းနေတယ်”ဟု မြို့မရဲစခန်း စခန်းမှူးက ပြောသည်။

ပြည်သူလူထုအနဖြေင့် ပူးပေါင်းပါဝင်မှသာ ဓားခုတ်မှုဖြစ်စဉ်များကို ပိုမိုကိုင်တွယ်နိုင်မည်ဖြစ်ပြီး လက်တလောတွင် လှည့်ကင်းများတိုးချဲ့ခြင်း၊ ရပ်ကင်းများဖြင့် စောင့်ကြည့်ဆောင်ရွက်ခြင်းများ အသုံးပြုကာ ဓားခုတ်မှုဖြစ်စဉ်များ လျော့ကျနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။

"လားရှိုးမှာက လူမျိုးပေါင်းစုံနကြေတာဆိုတော့ ခုနောက်ပိုင်း လူငယ်လေးတွေက အဲဒီလို အုပ်စုဖွဲ့ လုပ်ကြတာ ပိုများလာတယ်။ တစ်ချို့တွေကို ညပိုင်းလှည့်ကင်း လုပ်ဆောင်တဲ့ အချိန်တွေ့လို့ သူတို့အိမ်တွေ ပြန်ပို့ပေးရင်တောင် သူတို့မိဘတွေက သိပ်မကြိုက်ချင်ကြဘူး။ အခုလက်ရှိမှာကတော့ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေအထိ အဆင့်ဆင့် လုပ်ဆောင်နေရတယ်။ ဓားကိုင်တာတွေ့တာနဲ့တင် လက်နက် ကိုင်ဆောင်မှုနဲ့ အရေးယူလို့ရတယ်ဆိုတာ ကျယ်ကျယ်ပြန့်ပြန့် သိအောင်လုပ်ပေးနေရတယ်" ဟု မြို့မရဲစခန်း စခန်းမှူးက ပြောသည်။

၂၀၁၇ ခုနှစ်အတွင်း လားရှိုးမြို့မရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့သည့် ဓားခုတ်မှုဖြစ်စဉ် (၁၀) မှုထက် မနည်းရှိခဲ့ပြီး အသက် (၁၂) နှစ်မှ (၁၆) နှစ်အကြား လူငယ် (၅၀) ဦးခန့်ကို အရေးယူခြင်းနှင့် ပြုပြင်ရေး သင်တန်းကျောင်းများသို့ ပို့ဆောင်ခြင်းများပြုလုပ်ခဲ့ရပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ လာရောက်တိုင်တန်းအမှုဖွင့်မှု တစ်ခုသာရှိကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~