တာခ်ီလိတ္တြင္ ဆိုင္ကယ္မ်ား လုယက္ခိုးယူ၊ ဓားခုတ္သူ ႏွင့္ ခိုးယူလုယက္လာသည့္ ဆိုင္ကယ္မ်ားအား ေရာင္းခ်ေပးသူမ်ား ဖမ္ဆီးရမိထား

တာခ်ီလိတ္တြင္ ဆိုင္ကယ္မ်ား လုယက္ခိုးယူ၊ ဓားခုတ္သူ ႏွင့္ ခိုးယူလုယက္လာသည့္ ဆိုင္ကယ္မ်ားအား ေရာင္းခ်ေပးသူမ်ား ဖမ္ဆီးရမိထား
မတ် 28, 2018
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕၊ ရီဂ်ီးနားဟိုတယ္အနီးရွိ ကြင္းထဲတြင္ ဆိုင္ကယ္လုယက္မႈႏွင့္အတူ ဓားခုတ္မႈျဖစ္ပြားသည့္ ျဖစ္စဥ္မွ တစ္ဆင့္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ပုဒ္မ(၄)ခုျဖင့္ အမႈဖြင့္ခံထားရၿပီး ရဲစခန္းမွ အလိုရွိ ေနသူမ်ား ျဖစ္သည့္ တရားခံ(၅)ဦးအား ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ မတ္လ(၂၀)ရက္ေန႔ ည(၉)နာရီ၀န္းက်င္က ေမာင္ခ်စ္စရာ ႏွင့္ သူငယ္ခ်င္းႏွစ္ဦးသည္ ဟိုတယ္ အလုပ္မွ အလုပ္ဆင္း၍ MSX-125 အမ်ဳိးအစား နက္ျပာေရာင္ ဆိုင္ကယ္ျဖင့္ ေနအိမ္ မျပန္ေသးဘဲ ရီဂ်ီးနားဟိုတယ္ အနီးရွိ ကြင္းျပင္သို႔ သြားကာ ဆိုင္ကယ္ရပ္တန္႔ၿပီး ဆိုင္ကယ္ေပၚမွ ဆင္း၍ ဆုိင္ကယ္ႏွင့္ မလွမ္းမကမ္းတြင္ ေက်ာေပးရပ္ၿပီး စကားေျပာေနၾကစဥ္ အမည္မသိ အမ်ဳိးသား(၄)ဦးမွ ဆိုင္ကယ္ (၂)စီးျဖင့္ ေရာက္ရွိလာၿပီး (၄)ဦးထဲမွ ဆံပင္အ၀ါေရာင္ ေဆးဆိုးထားသည့္ အမည္မသိ အမ်ဳိးသားက ဆိုင္ကယ္အား တြန္းယူသြားသည္ကို ေမာင္ခ်စ္စရာ မွ လွမ္းေတြ႔လိုက္ရာမွ ဆိုင္ကယ္အား ျပန္လိုက္ယူေၾကာင္း သိရသည္။

ဆိုင္ကယ္အား ျပန္လိုက္ယူရာ  က်န္(၃)ဦးမွာ  ေမာင္ခ်စ္စရာ အနီးသို႔ ေရာက္လာၿပီး ပခံုးအား ေဆာင့္တြန္း လိုက္သျဖင့္  ၎မွာ ယိမ္းယိုင္သြားစဥ္ လက္ထဲတြင္ အသင့္ကိုင္လာေသာ ဓားအိမ္ျဖင့္ ရိုက္ရာ ေမာင္ခ်စ္စရာ မွာ လက္ျဖင့္ ကာလိုက္စဥ္ ၀ဲဘက္လက္ေမာင္းအား ရိုက္မိသြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ ျဖစ္ပြားရာမွ တစ္ဆင့္ ေမာင္ခ်စ္စရာ အား ဓားျဖင့္ လိုက္ခုတ္မႈေၾကာင့္ ေက်ာကုန္းတြင္ ျပတ္ရွဒဏ္ရာ(၁)ခ်က္ ႏွင့္အတူ ပြန္းျခစ္ဒဏ္ရာ(၄)ခ်က္တို႔ ရရွိသြားၿပီး ေမာင္ခ်စ္စရာ လဲက်သြားစဥ္ ဆံပင္အ၀ါေရာင္ ေဆးဆိုးထားသည့္ အမည္မသိ လူငယ္(၁)ဦးက ဆိုင္ကယ္ ႏွင့္ Iphone 7Plus တို႔အား ခိုးယူသြားၿပီး က်န္(၃)ဦးမွာလည္း ၎တို႔ စီးလာေသာ ဆိုင္ကယ္မ်ားျဖင့္ ေမာင္းႏွင္ ထြက္ေျပးသြားေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၈၆/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၉၄ျဖင့္ အမႈေရးဖြင့္ေစခဲ့ၿပီးေနာက္ တရားခံမ်ားအား ဖမ္းဆီးရမိေရးအတြက္ တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႔မွဴး ဒုရဲမွဴးႀကီးထိန္၀င္း၏ ညႊန္ၾကားမႈ၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴးသန္းႏုႏွင့္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴးမ်ဳိးခိုင္တို႔၏ အနီးကပ္ႀကီးၾကပ္ကြပ္ကဲမႈျဖင့္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ နယ္ထိန္း ရဲအုပ္ကိုကိုဦး၊ တပ္ၾကပ္ႀကီးေက်ာ္ေဇယ်၊ ခရိုင္မႈခင္းအကူ(မႈ/ကူ)မွ ရဲအုပ္ေသာင္းေရႊ ႏွင့္ အဖြဲ႔တို႔ ပါ၀င္သည့္ ပူးေပါင္း အဖြဲ႕ျဖင့္ မတ္လ(၂၆)ရက္ေန႔ ညေန(၃)နာရီခြဲ၀န္းက်င္အခ်ိန္က တရားခံမ်ားအား ဖမ္းဆီးရမိႏိုင္ခဲ့ေၾကာင္း သိရသည္။

တရားခံမ်ားအား ဖမ္းဆီးရမိမႈႏွင့္ ပတ္သက္၍ အဆိုပါ ပူးေပါင္းအဖြဲ႔သည္ နယ္ေျမမ်ားအလိုက္ လိုက္လံ စံုစမ္းမႈမ်ား ျပဳလုပ္ရာတြင္ တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း(ခ)ရပ္ကြက္၊ အားကစားရံုလမ္းရွိ ဘီယာဆိုင္တြင္ ဆိုင္ကယ္အလဲအထပ္ ျပဳလုပ္ေနေၾကာင္း သတင္းရရွိသည့္အတြက္ သြားေရာက္စံုစမ္းရာ ဆိုင္ကယ္အား အလဲအထပ္လုပ္ရန္ ေစ်းမတည့္ခဲ့ေၾကာင္းႏွင့္ ဆိုင္ကယ္ အလဲအထပ္ျပဳလုပ္ရန္ ယူလာသူမွာ ျမေက်ာ္(ခ)ရဲကို(ခ)အေသးေလး ျဖစ္ေနေၾကာင္း သိရၿပီး ဆက္လက္၍ စံုစမ္းရာမွာ ျမေက်ာ္(ခ)ရဲကို(ခ)အေသးေလးသည္ ရန္ေအာင္ေျမရပ္ကြက္၊ ပါလွ်ံ(၂)တြင္ ေနထိုင္ေၾကာင္း သိရ၍ ပါလွ်ံ(၂)သို႔ ရဲတပ္ဖြဲ႔မွ သြားေရာက္စံုစမ္းရာ  ရန္ေအာင္ေျမရပ္ကြက္၊ ပါလွ်ံ(၂)အတြင္းရွိ ဆိုင္ကယ္ျပင္ဆိုင္ေရွ႕တြင္ ရပ္တန္႔ထားေသာ MSX-125 အမ်ဳိးအစား နက္ျပာေရာင္ဆိုင္ကယ္မွာ အလုခံရေသာ ေမာင္ခ်စ္စရာ ၏ ဆိုင္ကယ္ ျဖစ္ေနေၾကာင္း သိရျပီး ဆက္လက္ေမးျမန္းရာ အဆိုပါ ဆိုင္ကယ္အား အလိုက္ေပး အလဲအထပ္ျပဳလုပ္သြားျခင္း ျဖစ္ၿပီး ဆက္လက္ေမးျမန္းရာမွ ဖုန္းနံပါတ္ရရွိကာ ဖုန္းျဖင့္ ဆက္သြယ္ခိုင္းေစ၍ ေခၚေဆာင္ရာ  ျပည့္ၿဖိဳးေအာင္(ခ)မိုးဦး၊ ျမေက်ာ္(ခ)ရဲကို(ခ)အေသးေလး ႏွင့္ တိုးျပည့္ေအာင္(ခ)ကိုတိုးတို႔အား ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ နယ္ထိန္း ရဲအုပ္ကိုကိုဦးထံက သိရသည္။

"သူတို႔က အားကစားရံုနားက ဘီယာဆိုင္မွာ ဆိုင္ကယ္အလဲအထပ္လုပ္တာ သူတို႔ ရခ်င္တဲ့ ေငြအတိုင္းအတာနဲ႔ ေပးတာနဲ႔က အဆင္မေျပဘူး၊ အဲ့ဒါနဲ႔ ပါလွ်ံ(၂)ထဲက ဆိုင္ကယ္ျပင္ဆိုင္မွာရွိတဲ့ Dream 125 အျပာေရာင္ဆိုင္ကယ္နဲ႔ ေငြအလိုက္ေပးၿပီး အလဲအထပ္လုပ္သြားတာ၊ ဆိုင္ကယ္ အလဲအထပ္လုပ္သြားသူေတြရဲ႕ ဖုန္းနံပါတ္ကို ရရွိတာနဲ႔ ဆိုင္ကယ္ျပင္ဆိုင္က လူကတစ္ဆင့္ ဆက္သြယ္ ခိုင္းၿပီးေနာက္ သူတို႔ေတြကို ဖမ္းဆီးရမိတာပါ။ သူတို႔ေတြဟာ အလုပ္အကိုင္အတိအက်မရွိဘူး၊ ရမ္းကားေနတဲ့ လူငယ္တစ္စုလို႔ သိရပါတယ္"ဟု တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ နယ္ထိန္း ရဲအုပ္ ကိုကိုဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
အဆိုပါ ျဖစ္စဥ္မ်ားႏွင့္ ပတ္သက္၍ ဆက္ႏြယ္သူမ်ားရွိေနေသးေၾကာင္း စစ္ေၾကာေဖာ္ထုတ္ခ်က္အရ သိရသည့္ အတြက္ ဆက္ႏြယ္သူမ်ားျဖစ္သည့္ ေက်ာ္ရဲသူ ႏွင့္ သက္ေဇာ္ဦးတို႔အား ထပ္မံဖမ္းဆီးရမိၿပီး ျပစ္မႈမ်ားကို က်ဴးလြန္သူမ်ားျဖစ္ေၾကာင္း ၀န္ခံထြက္ဆိုခ့ဲၾကေၾကာင္း သိရသည္။

ဖမ္းဆီးရမိေသာ အဆိုပါ (၅)ဦးတြင္ ခိုးယူ လုယက္လာရာမွ ရရွိလာသည့္ ဆိုင္ကယ္မ်ားအား ဆိုင္ကယ္ ျပင္ဆိုင္မ်ား ႏွင့္ ဆိုင္ကယ္အလဲအထပ္ျပဳလုပ္ရာေနရာမ်ားတြင္ သြားေရာက္ ေရာင္းခ်ေပးသူ (၂)ဦး ပါ၀င္ေၾကာင္း၊ ျပစ္မႈက်ဴးလြန္ရာတြင္ အသံုးျပဳသည့္ ဓားအိမ္ပါ ဓားရွည္(၂)လက္တို႔အား ရွာေဖြ ေတြ႕ရွိရေၾကာင္း ႏွင့္ (၅)ဦးအနက္ အသက္(၁၉)ႏွစ္ရွိ သက္ေဇာ္ဦးသည္ ဓားခုတ္မႈ၊ ဆိုင္ကယ္ လုယက္ခိုးယူမႈ ႏွင့္ ေခြးခိုးမႈတို႔အား က်ဴးလြန္ထားၿပီး ထြက္ေျပးတိမ္းေရွာင္ေနသည့္အတြက္ ဖမ္း၀ရမ္းထုတ္ခံထားရေသာ တရားခံေျပးျဖစ္ေၾကာင္း တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႔မွ ဒုရဲမွဴးစံသိန္းထံက သိရသည္။

ဖမ္းဆီးရမိထားသူ ျပည့္ၿဖိဳးေအာင္(ခ)မိုးဦး၊ ျမေက်ာ္(ခ)ရဲကို(ခ)အေသးေလး၊ တိုးျပည့္ေအာင္(ခ)ကိုတိုး၊ ေက်ာ္ရဲသူ ႏွင့္ သက္ေဇာ္ဦး တို႔ (၅)ဦးသည္  တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၈၆/၂၀၁၈၊ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၃၉၄ျဖင့္လည္းေကာင္း၊ သက္ေဇာ္ဦး၊ ျပည့္ၿဖိဳးေအာင္(ခ)မိုးဦး၊ တိုးျပည့္ေအာင္(ခ)ကိုတိုး ႏွင့္ ျမေက်ာ္(ခ)ရဲကို(ခ)အေသးေလးတို႔ (၄)ဦးသည္  တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၈၂ျဖင့္ လည္းေကာင္း၊ သက္ေဇာ္ဦးသည္  (ပ)၂၂၇/၂၀၁၇၊ ၃၂၆/၁၁၄ တို႔ျဖင့္လည္းေကာင္း အမႈဖြင့္ထားရွိေသာ တရားခံမ်ားျဖစ္ေၾကာင္း တာခ်ီလိတ္ၿမိဳ႕မရဲစခန္းက သိရသည္။

ဓာတ္ပံု - ရဲစခန္း


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့၊ ရီဂျီးနားဟိုတယ်အနီးရှိ ကွင်းထဲတွင် ဆိုင်ကယ်လုယက်မှုနှင့်အတူ ဓားခုတ်မှုဖြစ်ပွားသည့် ဖြစ်စဉ်မှ တစ်ဆင့် တာချီလိတ်မြို့မရဲစခန်းတွင် ပုဒ်မ(၄)ခုဖြင့် အမှုဖွင့်ခံထားရပြီး ရဲစခန်းမှ အလိုရှိ နေသူများ ဖြစ်သည့် တရားခံ(၅)ဦးအား ဖမ်းဆီးရမိထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ်လ(၂၀)ရက်နေ့ ည(၉)နာရီဝန်းကျင်က မောင်ချစ်စရာ နှင့် သူငယ်ချင်းနှစ်ဦးသည် ဟိုတယ် အလုပ်မှ အလုပ်ဆင်း၍ MSX-125 အမျိုးအစား နက်ပြာရောင် ဆိုင်ကယ်ဖြင့် နေအိမ် မပြန်သေးဘဲ ရီဂျီးနားဟိုတယ် အနီးရှိ ကွင်းပြင်သို့ သွားကာ ဆိုင်ကယ်ရပ်တန့်ပြီး ဆိုင်ကယ်ပေါ်မှ ဆင်း၍ ဆိုင်ကယ်နှင့် မလှမ်းမကမ်းတွင် ကျောပေးရပ်ပြီး စကားပြောနကြေစဉ် အမည်မသိ အမျိုးသား(၄)ဦးမှ ဆိုင်ကယ် (၂)စီးဖြင့် ရောက်ရှိလာပြီး (၄)ဦးထဲမှ ဆံပင်အဝါရောင် ဆေးဆိုးထားသည့် အမည်မသိ အမျိုးသားက ဆိုင်ကယ်အား တွန်းယူသွားသည်ကို မောင်ချစ်စရာ မှ လှမ်းတွေ့လိုက်ရာမှ ဆိုင်ကယ်အား ပြန်လိုက်ယူကြောင်း သိရသည်။

ဆိုင်ကယ်အား ပြန်လိုက်ယူရာ ကျန်(၃)ဦးမှာ မောင်ချစ်စရာ အနီးသို့ ရောက်လာပြီး ပခုံးအား ဆောင့်တွန်း လိုက်သဖြင့်၎င်းမှာ ယိမ်းယိုင်သွားစဉ် လက်ထဲတွင် အသင့်ကိုင်လာသော ဓားအိမ်ဖြင့် ရိုက်ရာ မောင်ချစ်စရာ မှာ လက်ဖြင့် ကာလိုက်စဉ် ဝဲဘက်လက်မောင်းအား ရိုက်မိသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖြစ်ပွားရာမှ တစ်ဆင့် မောင်ချစ်စရာ အား ဓားဖြင့် လိုက်ခုတ်မှုကြောင့် ကျောကုန်းတွင် ပြတ်ရှဒဏ်ရာ(၁)ချက် နှင့်အတူ ပွန်းခြစ်ဒဏ်ရာ(၄)ချက်တို့ ရရှိသွားပြီး မောင်ချစ်စရာ လဲကျသွားစဉ် ဆံပင်အဝါရောင် ဆေးဆိုးထားသည့် အမည်မသိ လူငယ်(၁)ဦးက ဆိုင်ကယ် နှင့် Iphone 7Plus တို့အား ခိုးယူသွားပြီး ကျန်(၃)ဦးမှာလည်း၎င်းတို့ စီးလာသော ဆိုင်ကယ်များဖြင့် မောင်းနှင် ထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၈၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ဖြင့် အမှုရေးဖွင့်စေခဲ့ပြီးနောက် တရားခံများအား ဖမ်းဆီးရမိရေးအတွက် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးထိန်ဝင်း၏ ညွှန်ကြားမှု၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းနုနှင့် တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမျိုးခိုင်တို့၏ အနီးကပ်ကြီးကြပ်ကွပ်ကဲမှုဖြင့် တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်း ရဲအုပ်ကိုကိုဦး၊ တပ်ကြပ်ကြီးကျော်ဇေယျ၊ ခရိုင်မှုခင်းအကူ(မှု/ကူ)မှ ရဲအုပ်သောင်းရွှေ နှင့် အဖွဲ့တို့ ပါဝင်သည့် ပူးပေါင်း အဖွဲ့ဖြင့် မတ်လ(၂၆)ရက်နေ့ ညနေ(၃)နာရီခွဲဝန်းကျင်အချိန်က တရားခံများအား ဖမ်းဆီးရမိနိုင်ခဲ့ကြောင်း သိရသည်။

တရားခံများအား ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ အဆိုပါ ပူးပေါင်းအဖွဲ့သည် နယ်မြေများအလိုက် လိုက်လံ စုံစမ်းမှုများ ပြုလုပ်ရာတွင် တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ အားကစားရုံလမ်းရှိ ဘီယာဆိုင်တွင် ဆိုင်ကယ်အလဲအထပ် ပြုလုပ်နေကြောင်း သတင်းရရှိသည့်အတွက် သွားရောက်စုံစမ်းရာ ဆိုင်ကယ်အား အလဲအထပ်လုပ်ရန် ဈေးမတည့်ခဲ့ကြောင်းနှင့် ဆိုင်ကယ် အလဲအထပ်ပြုလုပ်ရန် ယူလာသူမှာ မြကျော်(ခ)ရဲကို(ခ)အသေးလေး ဖြစ်နေကြောင်း သိရပြီး ဆက်လက်၍ စုံစမ်းရာမှာ မြကျော်(ခ)ရဲကို(ခ)အသေးလေးသည် ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၂)တွင် နေထိုင်ကြောင်း သိရ၍ ပါလျှံ(၂)သို့ ရဲတပ်ဖွဲ့မှ သွားရောက်စုံစမ်းရာ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၂)အတွင်းရှိ ဆိုင်ကယ်ပြင်ဆိုင်ရှေ့တွင် ရပ်တန့်ထားသော MSX-125 အမျိုးအစား နက်ပြာရောင်ဆိုင်ကယ်မှာ အလုခံရသော မောင်ချစ်စရာ၏ ဆိုင်ကယ် ဖြစ်နေကြောင်း သိရပြီး ဆက်လက်မေးမြန်းရာ အဆိုပါ ဆိုင်ကယ်အား အလိုက်ပေး အလဲအထပ်ပြုလုပ်သွားခြင်း ဖြစ်ပြီး ဆက်လက်မေးမြန်းရာမှ ဖုန်းနံပါတ်ရရှိကာ ဖုန်းဖြင့် ဆက်သွယ်ခိုင်းစေ၍ ခေါ်ဆောင်ရာ ပြည့်ဖြိုးအောင်(ခ)မိုးဦး၊ မြကျော်(ခ)ရဲကို(ခ)အသေးလေး နှင့် တိုးပြည့်အောင်(ခ)ကိုတိုးတို့အား ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်း ရဲအုပ်ကိုကိုဦးထံက သိရသည်။

"သူတို့က အားကစားရုံနားက ဘီယာဆိုင်မှာ ဆိုင်ကယ်အလဲအထပ်လုပ်တာ သူတို့ ရချင်တဲ့ ငွေအတိုင်းအတာနဲ့ ပေးတာနဲ့က အဆင်မပြေဘူး၊ အဲ့ဒါနဲ့ ပါလျှံ(၂)ထဲက ဆိုင်ကယ်ပြင်ဆိုင်မှာရှိတဲ့ Dream 125 အပြာရောင်ဆိုင်ကယ်နဲ့ ငွေအလိုက်ပေးပြီး အလဲအထပ်လုပ်သွားတာ၊ ဆိုင်ကယ် အလဲအထပ်လုပ်သွားသူတွေရဲ့ ဖုန်းနံပါတ်ကို ရရှိတာနဲ့ ဆိုင်ကယ်ပြင်ဆိုင်က လူကတစ်ဆင့် ဆက်သွယ် ခိုင်းပြီးနောက် သူတို့တွေကို ဖမ်းဆီးရမိတာပါ။ သူတို့တွေဟာ အလုပ်အကိုင်အတိအကျမရှိဘူး၊ ရမ်းကားနေတဲ့ လူငယ်တစ်စုလို့ သိရပါတယ်"ဟု တာချီလိတ်မြို့မရဲစခန်းမှ နယ်ထိန်း ရဲအုပ် ကိုကိုဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ ဆက်နွယ်သူများရှိနေသေးကြောင်း စစ်ကြောဖော်ထုတ်ချက်အရ သိရသည့် အတွက် ဆက်နွယ်သူများဖြစ်သည့် ကျော်ရဲသူ နှင့် သက်ဇော်ဦးတို့အား ထပ်မံဖမ်းဆီးရမိပြီး ပြစ်မှုများကို ကျူးလွန်သူများဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့ကြကြောင်း သိရသည်။

ဖမ်းဆီးရမိသော အဆိုပါ (၅)ဦးတွင် ခိုးယူ လုယက်လာရာမှ ရရှိလာသည့် ဆိုင်ကယ်များအား ဆိုင်ကယ် ပြင်ဆိုင်များ နှင့် ဆိုင်ကယ်အလဲအထပ်ပြုလုပ်ရာနေရာများတွင် သွားရောက် ရောင်းချပေးသူ (၂)ဦး ပါဝင်ကြောင်း၊ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် ဓားအိမ်ပါ ဓားရှည်(၂)လက်တို့အား ရှာဖွေ တွေ့ရှိရကြောင်း နှင့် (၅)ဦးအနက် အသက်(၁၉)နှစ်ရှိ သက်ဇော်ဦးသည် ဓားခုတ်မှု၊ ဆိုင်ကယ် လုယက်ခိုးယူမှု နှင့် ခွေးခိုးမှုတို့အား ကျူးလွန်ထားပြီး ထွက်ပြေးတိမ်းရှောင်နေသည့်အတွက် ဖမ်းဝရမ်းထုတ်ခံထားရသော တရားခံပြေးဖြစ်ကြောင်း တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှ ဒုရဲမှူးစံသိန်းထံက သိရသည်။

ဖမ်းဆီးရမိထားသူ ပြည့်ဖြိုးအောင်(ခ)မိုးဦး၊ မြကျော်(ခ)ရဲကို(ခ)အသေးလေး၊ တိုးပြည့်အောင်(ခ)ကိုတိုး၊ ကျော်ရဲသူ နှင့် သက်ဇော်ဦး တို့ (၅)ဦးသည် တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၈၆/၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၉၄ဖြင့်လည်းကောင်း၊ သက်ဇော်ဦး၊ ပြည့်ဖြိုးအောင်(ခ)မိုးဦး၊ တိုးပြည့်အောင်(ခ)ကိုတိုး နှင့် မြကျော်(ခ)ရဲကို(ခ)အသေးလေးတို့ (၄)ဦးသည် တာချီလိတ်မြို့မရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၂ဖြင့် လည်းကောင်း၊ သက်ဇော်ဦးသည် (ပ)၂၂၇/၂၀၁၇၊ ၃၂၆/၁၁၄ တို့ဖြင့်လည်းကောင်း အမှုဖွင့်ထားရှိသော တရားခံများဖြစ်ကြောင်း တာချီလိတ်မြို့မရဲစခန်းက သိရသည်။

ဓာတ်ပုံ - ရဲစခန်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~