အာဆီယံကၽြမ္းက်င္မႈၿပိဳင္ပြဲဝင္ရန္ ျမန္မာႏိုင္ငံ၏ ပထမဆံုးအႀကိမ္ ေမာ္ေတာ္ယာဥ္နည္းပညာ စြမ္းရည္ၿပိဳင္ပြဲ မေကြးတြင္ က်င္းပ

အာဆီယံကၽြမ္းက်င္မႈၿပိဳင္ပြဲဝင္ရန္ ျမန္မာႏိုင္ငံ၏ ပထမဆံုးအႀကိမ္ ေမာ္ေတာ္ယာဥ္နည္းပညာ စြမ္းရည္ၿပိဳင္ပြဲ မေကြးတြင္ က်င္းပ
မတ် 30, 2018
By 🌸
ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕၌ ၾသဂုတ္လအတြင္းက်င္းပမည့္ အာဆီယံကြ်မ္းက်င္မႈၿပိဳင္ပြဲ (၂၀၁၈) တြင္ ပါဝင္ႏိုင္ေရးအတြက္ ျမန္မာႏိုင္ငံ၏ ပထမဆံုးအႀကိမ္ ေမာ္ေတာ္ယာဥ္နည္းပညာစြမ္းရည္ၿပိဳင္ပြဲကို မေကြးၿမိဳ႕ အမွတ္(၅) စက္မႈသင္တန္းေက်ာင္းတြင္ မတ္လ (၂၈)ရက္ေန႔မွ မတ္လ (၃၁) ရက္ေန႔အထိ က်င္းပေနေၾကာင္း သိရသည္။

အာဆီယံကြ်မ္းက်င္မႈၿပိဳင္ပြဲ ၂၀၁၈ တြင္ ျမန္မာနိုင္ငံမွ အလုပ္အကိုင္ကြ်မ္းက်င္မႈက႑(၁၂)ခု ပါဝင္မည္ျဖစ္ေၾကာင္း သိရသည္။

"ဒီၿပိဳင္ပြဲကေန ၿပိဳင္ပဲြဝင္သင္တန္းသားေလးဦးကို ေရြးခ်ယ္သြားမွာပါ။ ေရြးခ်ယ္ခံရတ့ဲ(၄)ဦး ကို ရန္ကုန္ၿမိဳ႕မွာ ေလးလသင္တန္း ေပးသြားမွာျဖစ္ၿပီး အဲဒီထဲကႏွစ္ေယာက္ကို ထိုင္းနိုင္ငံ ဘန္ေကာက္ မွာ က်င္းပမယ့္ အာဆီယံကြ်မ္းက်င္မႈ ၿပိဳင္ပြဲ ၂၀၁၈ မွာ နိုင္ငံကိုယ္စားျပဳ သြားေရာက္ ယွဥ္ၿပိဳင္ဖို႔အတြက္ ေရြးခ်ယ္မွာပါ"ဟု အမွတ္(၅) စက္မႈသင္တန္းေက်ာင္း (မေကြး)မွ လက္ေထာက္ညႊန္ ၾကားေရးမွဴး ဦးေအာင္ေက်ာ္ခင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ၿပိဳင္ပြဲတြင္ အမွတ္(၅)စက္မႈသင္တန္းေက်ာင္း (မေကြး)မွ သင္တန္းသားမ်ားႏွင့္ ျမန္မာနိုင္ငံအတြင္းရွိ ကားဝပ္ေရွာ့လုပ္ငန္း လုပ္ကိုင္ေနသည့္ အသက္(၂၂)ေအာက္ လူငယ္(၂၂)ဦး ဝင္ေရာက္ယွဥ္ၿပိဳင္ေနေၾကာင္း သိရသည္။

ကုန္စည္စီးဆင္းမႈ ျမန္ဆန္လြယ္ကူရန္ လမ္းမ်ားႏွင့္ ေမာ္ေတာ္ယာဥ္က႑သည္ အေရးႀကီးသျဖင္႔ ျမန္မာနိုင္ငံတြင္ ပထမအႀကိမ္ ျပဳလုပ္သည္႔ ေမာ္ေတာ္ယာဥ္ နည္းပညာစြမ္းရည္ ၿပိဳင္ပြဲတြင္ ႏိုင္ငံတကာအဆင့္အတန္းဝင္ႏိုင္ေရးအတြက္ ႀကိဳးစားေလ့က်င့္ ယွဥ္ၿပိဳင္သြားၾကရန္ ၿပိဳင္ပဲြအဖြင္႔မိန္႔ခြန္းတြင္ မေကြးတိုင္းေဒသႀကီးအစိုးရ အဖဲြ႔ ၀န္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳက တိုက္တြန္းေျပာၾကားသြားသည္။

အမွတ္(၅)စက္မႈသင္တန္းေက်ာင္း (မေကြး) တြင္ သင္တန္းေက်ာင္းသက္တမ္း(၇)ႏွစ္အတြင္း ပံုမွန္သင္တန္းသား၊ သင္တန္းသူ (၈၆၁)ဦး ေမြးထုတ္ေပးႏိုင္ခဲ့ၿပီး လာမည့္ဧၿပီ(၆)ရက္ေန႔တြင္ သင္ တန္းသား၊သင္တန္းသူ(၁၆၅)ဦး ထပ္မံ သင္တန္းဆင္းမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း #ဖီးနစ္
ဓာတ္ပံု #သန္းႏိုင္ဦး

~~~~~~~~⊰❂ unicode ~~~~~~~~
အာဆီယံကျွမ်းကျင်မှုပြိုင်ပွဲဝင်ရန် မြန်မာနိုင်ငံ၏ ပထမဆုံးအကြိမ် မော်တော်ယာဉ်နည်းပညာ စွမ်းရည်ပြိုင်ပွဲ မကွေးတွင် ကျင်းပ
************
ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ သြဂုတ်လအတွင်းကျင်းပမည့် အာဆီယံကျွမ်းကျင်မှုပြိုင်ပွဲ (၂၀၁၈) တွင် ပါဝင်နိုင်ရေးအတွက် မြန်မာနိုင်ငံ၏ ပထမဆုံးအကြိမ် မော်တော်ယာဉ်နည်းပညာစွမ်းရည်ပြိုင်ပွဲကို မကွေးမြို့ အမှတ်(၅) စက်မှုသင်တန်းကျောင်းတွင် မတ်လ (၂၈)ရက်နေ့မှ မတ်လ (၃၁) ရက်နေ့အထိ ကျင်းပနေကြောင်း သိရသည်။

အာဆီယံကျွမ်းကျင်မှုပြိုင်ပွဲ ၂၀၁၈ တွင် မြန်မာနိုင်ငံမှ အလုပ်အကိုင်ကျွမ်းကျင်မှုကဏ္ဍ(၁၂)ခု ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

"ဒီပြိုင်ပွဲကနေ ပြိုင်ပွဲဝင်သင်တန်းသားလေးဦးကို ရွေးချယ်သွားမှာပါ။ ရွေးချယ်ခံရတဲ့(၄)ဦး ကို ရန်ကုန်မြို့မှာ လေးလသင်တန်း ပေးသွားမှာဖြစ်ပြီး အဲဒီထဲကနှစ်ယောက်ကို ထိုင်းနိုင်ငံ ဘန်ကောက် မှာ ကျင်းပမယ့် အာဆီယံကျွမ်းကျင်မှု ပြိုင်ပွဲ ၂၀၁၈ မှာ နိုင်ငံကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်ဖို့အတွက် ရွေးချယ်မှာပါ"ဟု အမှတ်(၅) စက်မှုသင်တန်းကျောင်း (မကွေး)မှ လက်ထောက်ညွှန် ကြားရေးမှူး ဦးအောင်ကျော်ခင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပြိုင်ပွဲတွင် အမှတ်(၅)စက်မှုသင်တန်းကျောင်း (မကွေး)မှ သင်တန်းသားများနှင့် မြန်မာနိုင်ငံအတွင်းရှိ ကားဝပ်ရှော့လုပ်ငန်း လုပ်ကိုင်နေသည့် အသက်(၂၂)အောက် လူငယ်(၂၂)ဦး ဝင်ရောက်ယှဉ်ပြိုင်နေကြောင်း သိရသည်။

ကုန်စည်စီးဆင်းမှု မြန်ဆန်လွယ်ကူရန် လမ်းများနှင့် မော်တော်ယာဉ်ကဏ္ဍသည် အရေးကြီးသဖြင့် မြန်မာနိုင်ငံတွင် ပထမအကြိမ် ပြုလုပ်သည့် မော်တော်ယာဉ် နည်းပညာစွမ်းရည် ပြိုင်ပွဲတွင် နိုင်ငံတကာအဆင့်အတန်းဝင်နိုင်ရေးအတွက် ကြိုးစားလေ့ကျင့် ယှဉ်ပြိုင်သွားကြရန် ပြိုင်ပွဲအဖွင့်မိန့်ခွန်းတွင် မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက တိုက်တွန်းပြောကြားသွားသည်။

အမှတ်(၅)စက်မှုသင်တန်းကျောင်း (မကွေး) တွင် သင်တန်းကျောင်းသက်တမ်း(၇)နှစ်အတွင်း ပုံမှန်သင်တန်းသား၊ သင်တန်းသူ (၈၆၁)ဦး မွေးထုတ်ပေးနိုင်ခဲ့ပြီး လာမည့်ဧပြီ(၆)ရက်နေ့တွင် သင် တန်းသား၊သင်တန်းသူ(၁၆၅)ဦး ထပ်မံ သင်တန်းဆင်းမည်ဖြစ်ကြောင်း သိရသည်။

သတင်း #ဖီးနစ်
ဓာတ်ပုံ #သန်းနိုင်ဦး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~