ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသမွ လဝကဝန္ထမ္းသစ္မ်ားအား အေျခခံရံုးလုပ္ငန္းခြင္ႏွင့္ ပတ္သက္၍ သင္တန္းေပး

ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသမွ လဝကဝန္ထမ္းသစ္မ်ားအား အေျခခံရံုးလုပ္ငန္းခြင္ႏွင့္ ပတ္သက္၍ သင္တန္းေပး
မတ် 15, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ဳိင္းတံုၿမိဳ႕၊ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန ဝန္ထမ္းသစ္မ်ားအား ႏွစ္ပတ္ၾကာျမင့္မည့္ အေျခခံ႐ံုးလုပ္ငန္းခြင္သင္တန္းကို မတ္ လ(၁၅)ရက္ေန႔မွစ၍ ဒုတိယျပည္နယ္ဦးစီးမွဴး႐ံုး ခန္းမတြင္ ပို႔ခ်ေနေၾကာင္း သိရသည္။

"ကြ်န္ေတာ္တို႔ ဝန္ႀကီးဌာနအေနနဲ႔ ခုမွစခန္႔တဲ့ ဝန္ထမ္းအသစ္ေတြကို မိဘျပည္သူေတြအတြက္ ႐ံုးလုပ္ငန္း ေဆာင္ရြက္ေပးရာမွာ လဝက ဌာနရဲ႕ ဥပေဒ၊ နည္းဥပေဒ၊ လုပ္ထံုးလုပ္နည္းမ်ားနဲ႔အညီ လ်င္ျမန္စြာ ေဆာင္ရြက္ ေပးႏိုင္ဖို႔အတြက္ရယ္၊ မိဘျပည္သူေတြနဲ႔ ဆက္ဆံရာမွာလည္း အဆင္ေျပေခ်ာေမြ႔စြာနဲ႔ လုပ္ငန္း ကၽြမ္းက်င္ေစဖို႔ ရည္ရြယ္ၿပီးေတာ့ ဒီသင္တန္းကို ျပဳလုပ္ေပးတာျဖစ္ပါတယ္ ” ဟု ေခတၱ ဒုတိယျပည္နယ္ဦးစီးမွဴး ဒုတိယၫႊန္ၾကားေရးမွဴး ဦးရဲရင့္ထြန္းက ေျပာသည္။

အဆိုပါ ႐ံုးလုပ္ငန္းခြင္သင္တန္းတြင္ ဌာန၏ သမိုင္းေၾကာင္းႏွင့္ဖြဲ႔စည္းပံု၊ အေျခခံစစ္ေရးျပသင္တန္း၊ ႐ံုးစာေရး သားနည္း၊ ႐ံုးလုပ္ငန္းစနစ္၊ ႏိုင္ငံ့ဝန္ထမ္းနည္းဥပေဒ၊ ဝန္ထမ္းစည္းမ်ဥ္း စည္းကမ္းမ်ား၊ လူဝင္မႈႀကီးၾကပ္ေရးဦးစီး ဌာနဆိုင္ရာ ဘာသာရပ္၊ အမ်ဳိးသားမွတ္ပံုတင္ႏွင့္ ႏုိင္ငံသား ဦးစီးဌာနဆိုင္ရာဘာသာရပ္၊ ျပည္သူ႔အင္အားဦးစီးဌာန ဆိုင္ရာဘာသာရပ္၊ တာဝန္ႏွင့္ လုပ္ငန္းစစ္ဆုိင္ရာဘာသာရပ္၊ စီမံဘ႑ာလုပ္ငန္းဆိုင္ရာဘာသာရပ္မ်ားကို လုပ္ငန္း ကၽြမ္းက်င္သည့္ ၿမိဳ႕နယ္ဦးစီးမွဴးမ်ားမွ သင္ၾကားပို႔ခ်သြားမည္ျဖစ္ေၾကာင္း သိရသည္။

“ကြ်န္ေတာ္တို႔ လဝက ဝန္ထမ္းအသစ္ေတြအေနနဲ႔ ခုလို သင္တန္းတက္ၿပီးမွ လုပ္ငန္းခြင္ကို  ဝင္ေရာက္ရမွာဆိုေတာ့ ႏိုင္ငံေတာ္အတြက္နဲ႔ မိဘျပည္သူေတြအတြက္ လုပ္ငန္းလုပ္ေဆာင္ေပးရာမွာ ပိုၿပီးေတာ့ ေအာင္ျမင္လိမ့္မယ္လို႔ ယံုၾကည္ပါတယ္ ” ဟု ဝန္ထမ္းသစ္ခန္႔ထားခံရသည့္ သင္တန္းသားတစ္ဦးက ေျပာသည္။

အဆိုပါ သင္တန္းတြင္ ရွမ္းျပည္နယ္ အေရွ႕ပိုင္းေဒသရိွ ၿမိဳ႕နယ္မ်ားတြင္ ခန္႔အပ္ခံထားရသည့္ ဝန္ထမ္းသစ္မ်ား ျဖစ္သည့္ သင္တန္းသား(၄၂)ဦးႏွင့္ သင္တန္းသူ(၂)ဦး စုစုေပါင္း(၄၄)ဦး တက္ေရာက္ေနၾကေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ကိုသာ



~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းသစ်များအား နှစ်ပတ်ကြာမြင့်မည့် အခြေခံရုံးလုပ်ငန်းခွင်သင်တန်းကို မတ် လ(၁၅)ရက်နေ့မှစ၍ ဒုတိယပြည်နယ်ဦးစီးမှူးရုံး ခန်းမတွင် ပို့ချနေကြောင်း သိရသည်။

"ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ ခုမှစခန့်တဲ့ ဝန်ထမ်းအသစ်တွေကို မိဘပြည်သူတွေအတွက် ရုံးလုပ်ငန်း ဆောင်ရွက်ပေးရာမှာ လဝက ဌာနရဲ့ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနဲ့အညီ လျင်မြန်စွာ ဆောင်ရွက် ပေးနိုင်ဖို့အတွက်ရယ်၊ မိဘပြည်သူတွေနဲ့ ဆက်ဆံရာမှာလည်း အဆင်ပြေချောမွေ့စွာနဲ့ လုပ်ငန်း ကျွမ်းကျင်စေဖို့ ရည်ရွယ်ပြီးတော့ ဒီသင်တန်းကို ပြုလုပ်ပေးတာဖြစ်ပါတယ် ” ဟု ခေတ္တ ဒုတိယပြည်နယ်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးရဲရင့်ထွန်းက ပြောသည်။

အဆိုပါ ရုံးလုပ်ငန်းခွင်သင်တန်းတွင် ဌာန၏ သမိုင်းကြောင်းနှင့်ဖွဲ့စည်းပုံ၊ အခြေခံစစ်ရေးပြသင်တန်း၊ ရုံးစာရေး သားနည်း၊ ရုံးလုပ်ငန်းစနစ်၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ၊ ဝန်ထမ်းစည်းမျဉ်း စည်းကမ်းများ၊ လူဝင်မှုကြီးကြပ်ရေးဦးစီး ဌာနဆိုင်ရာ ဘာသာရပ်၊ အမျိုးသားမှတ်ပုံတင်နှင့် နိုင်ငံသား ဦးစီးဌာနဆိုင်ရာဘာသာရပ်၊ ပြည်သူ့အင်အားဦးစီးဌာန ဆိုင်ရာဘာသာရပ်၊ တာဝန်နှင့် လုပ်ငန်းစစ်ဆိုင်ရာဘာသာရပ်၊ စီမံဘဏ္ဍာလုပ်ငန်းဆိုင်ရာဘာသာရပ်များကို လုပ်ငန်း ကျွမ်းကျင်သည့် မြို့နယ်ဦးစီးမှူးများမှ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ လဝက ဝန်ထမ်းအသစ်တွေအနေနဲ့ ခုလို သင်တန်းတက်ပြီးမှ လုပ်ငန်းခွင်ကို ဝင်ရောက်ရမှာဆိုတော့ နိုင်ငံတော်အတွက်နဲ့ မိဘပြည်သူတွေအတွက် လုပ်ငန်းလုပ်ဆောင်ပေးရာမှာ ပိုပြီးတော့ အောင်မြင်လိမ့်မယ်လို့ ယုံကြည်ပါတယ် ” ဟု ဝန်ထမ်းသစ်ခန့်ထားခံရသည့် သင်တန်းသားတစ်ဦးက ပြောသည်။

အဆိုပါ သင်တန်းတွင် ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသရှိ မြို့နယ်များတွင် ခန့်အပ်ခံထားရသည့် ဝန်ထမ်းသစ်များ ဖြစ်သည့် သင်တန်းသား(၄၂)ဦးနှင့် သင်တန်းသူ(၂)ဦး စုစုပေါင်း(၄၄)ဦး တက်ရောက်နကြေကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ကိုသာ

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~