ဧပြီလ(၁)ရက်နေ့တွင် သက်ငယ်မုဒိမ်း နှင့် မုဒိမ်းမှုများအား သေဒဏ်ပေးနိုင်ရန် အတွက် လက်မှတ် ကောက်ခံခဲ့ကြရာ တာချီလိတ်ခရိုင်၊ မိုင်းဖြတ် နှင့် တာလေမြို့တို့မှလည်း လာရောက်၍ လက်မှတ် ရေးထိုးကြောင်း သိရသည်။
ဓါတ်ပုံ - SSK၊ MZCL
သက်ငယ်မုဒိမ်း နှင့် မုဒိမ်းမှုများအား သေဒဏ်ပေးနိုင်ရန် အတွက် မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်နေ ပြည်သူများ စုပေါင်း၍ လက်မှတ်ရေးထိုးပွဲအား တာချီလိတ်မြို့ရှိ ရှမ်းရိုးမကွင်းရှေ့၌ ဧပြီလ(၁)ရက်နေ့တွင် နံနက်(၉)နာရီက စတင်၍ ကျင်းပနပြေီး ည(၆)နာရီကျော်အထိ ပြုလုပ်ရာ (၅၆၀)ဝန်းကျင် လာရောက် လက်မှတ်ရေးထိုးခဲ့ကြကြောင်း နှင့် လက်မှတ်ကောက်ခံမှုအား ဧပြီလ(၂)ရက်နေ့အထိ တစ်ရက်ထပ်တိုး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ဧပြီလ(၁)ရက်နေ့တွင် သက်ငယ်မုဒိမ်း နှင့် မုဒိမ်းမှုများအား သေဒဏ်ပေးနိုင်ရန် အတွက် လက်မှတ် ကောက်ခံခဲ့ကြရာ တာချီလိတ်ခရိုင်၊ မိုင်းဖြတ် နှင့် တာလမြေို့တို့မှလည်း လာရောက်၍ လက်မှတ် ရေးထိုးကြောင်း သိရသည်။
လက်မှတ်ထိုးကြရာတွင် မိသားစုအလိုက်သော်လည်းကောင်း၊ အုပ်စုဖွဲ့၍သော်လည်းကောင်း၊ တစ်ဦးချင်းစီသော်လည်းကောင်း လာရောက်၍ ည(၆)နာရီကျော်အထိ လက်မှတ်ထိုးကြကြောင်း သိရှိရသည်။
ဓာတ်ပုံ - SSK၊ MZCL