တာချီလိတ်ရှိ ချစ်ကြည်ရေးတံတား(၁)တွင် နေ့စဉ် ယာဉ်ကြောပိတ်ဆို့နေမှုနှင့် ကြုံနေရ၍ တံတား(၁) နည်းတူ တံတား(၂)အား အသုံးပြုရန် မြန်မာဘက်က ခွင့်ပြုမည်ဆိုပါက ထိုင်းဘက်က အသင့်ဖြစ်နေကြောင်း TBC တွင် ဆွေးနွေး

တာချီလိတ်ရှိ ချစ်ကြည်ရေးတံတား(၁)တွင် နေ့စဉ် ယာဉ်ကြောပိတ်ဆို့နေမှုနှင့် ကြုံနေရ၍ တံတား(၁) နည်းတူ တံတား(၂)အား အသုံးပြုရန် မြန်မာဘက်က ခွင့်ပြုမည်ဆိုပါက ထိုင်းဘက်က အသင့်ဖြစ်နေကြောင်း TBC တွင် ဆွေးနွေး
ဧပွီ 7, 2018
By Tachileik News Agency

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ် နှင့် မယ်ဆိုင်မြို့ရှိ ချစ်ကြည်ရေးအမှတ်(၁)တံတားတွင် နေ့စဉ် ဖြတ်သန်း သွားလာမှုများကြောင့် ယာဉ်ကြောပိတ်ဆို့ မှုများဖြစ်ပေါ်နေလျက်ရှိသည့်အတွက် အမှတ်(၂)တံတားအား အမှတ်(၁)တံတားကဲ့သို့ အသုံးပြုနိုင်ရန် မြန်မာဘက်မှ ခွင့်ပြုမည်ဆိုပါက ထိုင်းဘက်မှ အသင့်ဖြစ်နေကြောင်း (၉၂)ကြိမ်မြောက် တာချီလိတ် - မယ်ဆိုင် မြို့နယ်အဆင့် နယ်ခြားကော်မတီ အစည်းအဝေးတွင် ထိုင်းဘက်က ဆွေးနွေးသွားကြောင်း သိရသည်။

တာချီလိတ် - မယ်ဆိုင်၊  မြန်မာ - ထိုင်း မြို့နယ်အဆင့်နယ်ခြားကော်မတီ(TBC)၏ (၉၂)ကြိမ်မြောက် အစည်းအဝေးအား ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ ဘန့်နမ့်ရီဆော့ဒ်တွင် ကျင်းပပြုလုပ်ရာ မြန်မာဘက်မှ (၂၅)ဦးနှင့် ထိုင်းဘက်မှ (၄၂)ဦး တက်ရောက်ခဲ့ကြပြီး နယ်စပ်ရေးရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။


အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ထိုင်းဘက် TBC က "လက်ရှိ ကာလတွင် ဖြတ်သန်း သွားလာမှု များပြားလာသည့်အတွက် အမှတ်(၁)ချစ်ကြည်ရေးတံတားတွင် ယာဉ်ကြော ပိတ်ဆို့မှုဖြစ်ပေါ်လျက် ရှိပါသဖြင့် အမှတ်(၂)ချစ်ကြည်ရေးတံတားအား အမှတ်(၁)ချစ်ကြည်ရေး တံတားနည်းတူ နှစ်နိုင်ငံပြည်သူ အများ အသုံးပြုနိုင်ရန် မြန်မာဘက်အနေဖြင့် လိုအပ်သလို သုံးသပ် ပေးစေလိုပါကြောင်းနှင့် အကယ်၍ မြန်မာဘက်မှ ခွင့်ပြုမည်ဆိုပါက ထိုင်းဘက်မှလည်း အသင့် ဖြစ်ပါကြောင်း"ဆွေးနွေးသွားခဲ့ခြင်း ဖြစ်သည်။


လက်ရှိတွင် မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားတွင် ခြေလျင်သွားရောက်သူများ၊ ဆိုင်ကယ်ဖြင့် သွားရောက်သူများ၊ အိမ်သုံးကားများဖြင့် သွားရောက်သူများအပြင်၊ သုံးဘီးဆိုင်ကယ်များဖြင့် ပစ္စည်းသယ်ယူ သွားလာမှုများ၊ တစ်နိုင်တစ်ပိုင် ပစ္စည်းသယ်ယာဉ်များ သွားလာမှုများ စသည်တို့အတွက် အသုံးပြုနေပြီး  မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတားတွင် နှစ်နိုင်ငံ ကုန်စည် ပို့ဆောင်ရေး အတွက်သာ အသုံးပြုနေလျက်ရှိကြောင်း သိရှိရသည်။



~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ် နှင့် မယ်ဆိုင်မြို့ရှိ ချစ်ကြည်ရေးအမှတ်(၁)တံတားတွင် နေ့စဉ် ဖြတ်သန်း သွားလာမှုများကြောင့် ယာဉ်ကြောပိတ်ဆို့ မှုများဖြစ်ပေါ်နေလျက်ရှိသည့်အတွက် အမှတ်(၂)တံတားအား အမှတ်(၁)တံတားကဲ့သို့ အသုံးပြုနို်င်ရန် မြန်မာဘက်မှ ခွင့်ပြုမည်ဆိုပါက ထိုင်းဘက်မှ အသင့်ဖြစ်နေကြောင်း (၉၂)ကြိမ်မြောက် တာချီလိတ် - မယ်ဆိုင် မြို့နယ်အဆင့် နယ်ခြားကော်မတီ အစည်းအေဝးတွင် ထိုင်းဘက်က ဆွေးနွေးသွားကြောင်း သိရသည်။

တာချီလိတ် - မယ်ဆိုင်၊ မြန်မာ - ထိုင်း မြို့နယ်အဆင့်နယ်ခြားကော်မတီ(TBC)၏ (၉၂)ကြိမ်မြောက် အစည်းအေဝးအား ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရှိ ဘန့်နမ့်ရီဆော့ဒ်တွင် ကျင်းပပြုလုပ်ရာ မြန်မာဘက်မှ (၂၅)ဦးနှင့် ထိုင်းဘက်မှ (၄၂)ဦး တက်ရောက်ခဲ့ကြပြီး နယ်စပ်ရေးရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

တာချီလိတ် - မယ်ဆိုင် နှစ်ဘက်ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတားသည် နေ့စဉ် ယာဉ်များ သွားလာမှုများပြားပြီး ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်သည့် ပြဿနာများကြောင့် နှစ်ဘက်ပြည်သူများ သွားလာမှု အချိန်ကြန့်ကြာမှုများ ဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ထိုင်းဘက် TBC က "လက်ရှိ ကာလတွင် ဖြတ်သန်း သွားလာမှု များပြားလာသည့်အတွက် အမှတ်(၁)ချစ်ကြည်ရေးတံတားတွင် ယာဉ်ကြော ပိတ်ဆို့မှုဖြစ်ပေါ်လျက် ရှိပါသဖြင့် အမှတ်(၂)ချစ်ကြည်ရေးတံတားအား အမှတ်(၁)ချစ်ကြည်ရေး တံတားနည်းတူ နှစ်နိုင်ငံပြည်သူ အများ အသုံးပြုနိုင်ရန် မြန်မာဘက်အနဖြေင့် လိုအပ်သလို သုံးသပ် ပေးစေလိုပါကြောင်းနှင့် အကယ်၍ မြန်မာဘက်မှ ခွင့်ပြုမည်ဆိုပါက ထိုင်းဘက်မှလည်း အသင့် ဖြစ်ပါကြောင်း"ဆွေးနွေးသွားခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ဆွေးနွေးလာမှုနှင့် ပတ်သက်၍ မြန်မာဘက် TBC က "ထိုင်းဘက်၏ ဆွေးနွေးချက်နှင့် ပတ်သက်၍ သက်ဆိုင်ရာ ဌာနများသို့ ဆက်လက်တင်ပြသွားမည်ဖြစ်ပြီး၊ ညွှန်ကြားချက် ရရှိပါက မြို့နယ်အဆင့် နယ်ခြား ကော်မတီ (တာချီလိတ်)မှ မြို့နယ်အဆင့်နယ်ခြားကော်မတီ(မယ်ဆိုင်)သို့ အကြောင်းပြန်ကြား ပေးသွားမည်ဖြစ်ကြောင်း"ပြန်လည်ဆွေးနွေးခဲ့သည်။

လက်ရှိတွင် မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားတွင် ခြေလျင်သွားရောက်သူများ၊ ဆိုင်ကယ်ဖြင့် သွားရောက်သူများ၊ အိမ်သုံးကားများဖြင့် သွားရောက်သူများအပြင်၊ သုံးဘီးဆိုင်ကယ်များဖြင့် ပစ္စည်းသယ်ယူ သွားလာမှုများ၊ တစ်နိုင်တစ်ပိုင် ပစ္စည်းသယ်ယာဉ်များ သွားလာမှုများ စသည်တို့အတွက် အသုံးပြုနပြေီး မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၂)တံတားတွင် နှစ်နိုင်ငံ ကုန်စည် ပို့ဆောင်ရေး အတွက်သာ အသုံးပြုနေလျက်ရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~