အဆိုေတာ္ စိုင္းဆိုင္ေမာ၀္၏ က်န္းမာေရးအတြက္ ေထာက္ပံ့ႏိုင္ရန္ တာခ်ီလိတ္မွ ရွမ္းအဆိုေတာ္မ်ားက သီဆိုေဖ်ာ္ေျဖကာ ေထာက္ပံ့ေငြမ်ား ေကာက္ခံေပး

အဆိုေတာ္ စိုင္းဆိုင္ေမာ၀္၏ က်န္းမာေရးအတြက္ ေထာက္ပံ့ႏိုင္ရန္ တာခ်ီလိတ္မွ ရွမ္းအဆိုေတာ္မ်ားက သီဆိုေဖ်ာ္ေျဖကာ ေထာက္ပံ့ေငြမ်ား ေကာက္ခံေပး
ဧပြီ 9, 2018
By Tachileik News Agency

ထိုင္းႏိုင္ငံတြင္ ေဆး၀ါးကုသမႈခံယူေနရေသာ အသက္(၇၀)၀န္းက်င္ရွိ ရွမ္းတိုင္းရင္းသားအဆိုေတာ္ႀကီး စိုင္းဆိုင္ေမာ၀္အား ကူညီ ေထာက္ပံ့ေပးႏိုင္ရန္အတြက္ ျမန္မာႏိုင္ငံ ဂီတအစည္းအ႐ံုး(တာခ်ီလိတ္) ႏွင့္ တာခ်ီလိတ္ ရွမ္းလူငယ္ အႏုပညာရွင္မ်ား စုေပါင္း၍ တာခ်ီလိတ္ၿမိဳ႕ ခ်စ္ၾကည္ေရးတံတား(၁)၊ အ၀ိုင္းပတ္ အနီးရွိ ျမဴးဇစ္တိုင္း(Music Tai)ေရွ႕တြင္ သီခ်င္းသီဆိုေဖ်ာ္ေျဖ၍ ေထာက္ပ့ံေငြမ်ား ေကာက္ခံမႈအျဖစ္ ဧၿပီလ(၈)ရက္ႏွင့္(၉)ရက္တို႔တြင္ ျပဳလုပ္ေၾကာင္း သိရသည္။

ရွမ္းတိုင္းရင္းသား အဆိုေတာ္ႀကီး စိုင္းဆိုင္ေမာ၀္၏ က်န္းမာေရးအတြက္ ျမန္မာႏိုင္ငံဂီတအစည္းအ႐ံုး(တာခ်ီလိတ္)၏ ဥကၠဌ ဦးစိုင္းလြယ္ခမ္း(ေရႊဥၾသ) က ထိုင္းဘတ္ေငြ(၅၀၀၀) ႏွင့္ တာခ်ီလိတ္ရွိ ျမဴးဇစ္တိုင္း(Music Tai)ပိုင္ရွင္ ဦးစိုင္းတီြက ထိုင္းဘတ္ေငြ(၁၀၀၀၀)တို႔အား ထည့္၀င္ထားသည့္အျပင္ ဧၿပီလ(၈)ရက္ေန႔က သီခ်င္း သီဆိုေဖ်ာ္ေျဖ၍ ေကာက္ခံရာတြင္ ထိုင္းဘတ္ေငြ(၁၈၀၀၀) ႏွင့္ ျမန္မာက်ပ္ေငြ (၁၉၀၀၀)က်ပ္တို႔ ရရွိထားၿပီး ဧၿပီလ(၉)ရက္ေန႔ ည(၇)နာရီအထိ ေကာက္ခံသြားမည္ျဖစ္ေၾကာင္း သိရသည္။

ယခုလို ေထာက္ပံ့ေငြမ်ား ရရွိေရးအတြက္ သီခ်င္းသီဆို ေဖ်ာ္ေျဖ၍ ေကာက္ခံျခင္းသည္ အဆိုေတာ္ စိုင္းဆိုင္ေမာ၀္၏ ဂုဏ္ေက်းဇူးကို ကန္ေတာ့လိုသည့္ စိတ္ဓာတ္မ်ားေၾကာင့္ ျပဳလုပ္ရျခင္းျဖစ္ေၾကာင္း သိရသည္။
"အခုလို ဘာျဖစ္လို႔လုပ္သလဲဆိုတာက ပီဆိုင္ေမာ၀္ဆိုတာ လူတိုင္းသိပါတယ္၊ ျမန္မာျပည္တစ္ျပည္လံုး ပီဆိုင္ေမာ၀္က နာမည္ရ အဆိုေတာ္ႀကီး တစ္ေယာက္ဆိုတာ လူတိုင္းသိပါတယ္၊ ဒါေၾကာင့္မို႔ ဒီလူငယ္ေတြဟာ ပီဆိုင္ေမာ၀္ သီခ်င္းထြက္တဲ့ အခ်ိန္မွာ သူတို႔ေတာင္ ေမြးေသးမွာ မဟုတ္ပါဘူး၊ ဒါေပမဲ့ အခုဆိုရင္ ပီဆိုင္ေမာ၀္ရဲ႕ ဂုဏ္ေက်းဇူးေၾကာင့္ သူတို႔ကလည္း ပီဆိုင္ေမာ၀္ကို ျပန္လည္ၿပီးမွ ကန္ေတာ့လိုတဲ့ စိတ္ဓာတ္ေတြ ျပင္းျပလို႔ အခုလိုမ်ဳိး ပီဆိုင္ေမာ၀္ရဲ႕ က်န္းမာေရးေဆး၀ါးအတြက္ ပံ့ပိုးမယ့္ အဖြဲ႔အစည္း ျဖစ္လာပါတယ္၊"ဟု ျမန္မာႏိုင္ငံဂီတအစည္းအ႐ံုး(တာခ်ီလိတ္)၏ ဥကၠဌ ဦးစိုင္းလြယ္ခမ္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ရွမ္းတိုင္းရင္းသားအဆိုေတာ္ႀကီး စိုင္းဆိုင္ေမာ၀္သည္ ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ရွိ Sukumvit Hospital တြင္ မွန္ေျပာင္းအသံုးျပဳ၍ ေလဆာျဖင့္ ေက်ာက္ကပ္မွ ေက်ာက္မ်ားကို ဖယ္ရွားမည္ဆိုပါက ခဲြဲစိတ္ မႈေၾကာင့္ အာရံုေၾကာထိခိုက္မႈမရွိႏိုင္ေသာ္လည္း  ကုသမႈစရိတ္ အေနျဖင့္ ထိုင္းဘတ္ေငြ (၅)သိန္းေက်ာ္ ကုန္က်မည္ျဖစ္ရာ  ကုန္က်မႈအား မတတ္ႏိုင္ေသာေၾကာင့္  အဆိုပါ ေဆးရံုမွ ဆင္းခဲ့ၿပီး  ဘန္ေကာက္ၿမိဳ႕ရွိ  Praram 9 Hospital တြင္ စမ္းသပ္မႈမ်ား ျပဳလုပ္ခဲ့ရာတြင္  ေက်ာက္ကပ္ခြဲစိတ္မႈအတြက္ ထိုင္းဘတ္ေငြ (၁)သိန္းခြဲေက်ာ္ ကုန္က်မည္ ျဖစ္ျပီး  ခြဲစိတ္မႈေၾကာင့္ အာရံုေၾကာအား ထိခိုက္ႏိုင္သည့္အတြက္ ေလဖ်န္း၍ (၆)လအၾကာမွ ခြဲစိတ္၍ ရနိုင္မည္ျဖစ္ေၾကာင္း နွင့္ ခြဲစိတ္ရန္ ေနာက္(၃)လ ေဆးေသာက္၍ ထပ္ေစာင့္ရမည္ ျဖစ္သည့္အတြက္  ထိုင္းႏိုုင္ငံမွ ျမန္မာႏိုင္ငံသို႔ ျပန္၍ ခြဲစိတ္မႈကို ေစာင့္ဆိုင္း မည္ျဖစ္ေၾကာင္း သိရွိရသည္။

ရွမ္းတိုင္းရင္းသားအဆိုေတာ္ႀကီး စိုင္းဆိုင္ေမာ၀္၏ က်န္းမာေရးအတြက္ ေထာက္ပံ့လိုသူ ေစတနာရွင္မ်ား မွ  ျမန္မာဘဏ္အေနျဖင့္ KBZ Bank၊ Account နံပါတ္ 057 101 057 007 35001 သို႔ လည္းေကာင္း၊ ထိုင္းဘဏ္အေနျဖင့္ Mr Sai Saing Mao ၊ Bangkok Bank၊ Account နံပါတ္ 005-7-13282-1 သို႔ လည္းေကာင္း ေပးပို႔ေထာက္ပ့ံႏိုင္ေၾကာင္း သိရသည္။

သတင္း - ကိုေဇာင္း



~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံတွင် ဆေးဝါးကုသမှုခံယူနေရသော အသက်(၇၀)ဝန်းကျင်ရှိ ရှမ်းတိုင်းရင်းသားအဆိုတော်ကြီး စိုင်းဆိုင်မောဝ်အား ကူညီ ထောက်ပံ့ပေးနိုင်ရန်အတွက် မြန်မာနိုင်ငံ ဂီတအစည်းအရုံး(တာချီလိတ်) နှင့် တာချီလိတ် ရှမ်းလူငယ် အနုပညာရှင်များ စုပေါင်း၍ တာချီလိတ်မြို့ ချစ်ကြည်ရေးတံတား(၁)၊ အဝိုင်းပတ် အနီးရှိ မြူးဇစ်တိုင်း(Music Tai)ရှေ့တွင် သီချင်းသီဆိုဖျော်ဖြေ၍ ထောက်ပံ့ငွေများ ကောက်ခံမှုအဖြစ် ဧပြီလ(၈)ရက်နှင့်(၉)ရက်တို့တွင် ပြုလုပ်ကြောင်း သိရသည်။

ရှမ်းတိုင်းရင်းသား အဆိုတော်ကြီး စိုင်းဆိုင်မောဝ်၏ ကျန်းမာရေးအတွက် မြန်မာနိုင်ငံဂီတအစည်းအရုံး(တာချီလိတ်)၏ ဥက္ကဌ ဦးစိုင်းလွယ်ခမ်း(ရွှေဥသြ) က ထိုင်းဘတ်ငွေ(၅၀၀၀) နှင့် တာချီလိတ်ရှိ မြူးဇစ်တိုင်း(Music Tai)ပိုင်ရှင် ဦးစိုင်းတွီက ထိုင်းဘတ်ငွေ(၁၀၀၀၀)တို့အား ထည့်ဝင်ထားသည့်အပြင် ဧပြီလ(၈)ရက်နေ့က သီချင်း သီဆိုဖျော်ဖြေ၍ ကောက်ခံရာတွင် ထိုင်းဘတ်ငွေ(၁၈၀၀၀) နှင့် မြန်မာကျပ်ငွေ (၁၉၀၀၀)ကျပ်တို့ ရရှိထားပြီး ဧပြီလ(၉)ရက်နေ့ ည(၇)နာရီအထိ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုလို ထောက်ပံ့ငွေများ ရရှိရေးအတွက် သီချင်းသီဆို ဖျော်ဖြေ၍ ကောက်ခံခြင်းသည် အဆိုတော် စိုင်းဆိုင်မောဝ်၏ ဂုဏ်ကျေးဇူးကို ကန်တော့လိုသည့် စိတ်ဓာတ်များကြောင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။
"အခုလို ဘာဖြစ်လို့လုပ်သလဲဆိုတာက ပီဆိုင်မောဝ်ဆိုတာ လူတိုင်းသိပါတယ်၊ မြန်မာပြည်တစ်ပြည်လုံး ပီဆိုင်မောဝ်က နာမည်ရ အဆိုတော်ကြီး တစ်ယောက်ဆိုတာ လူတိုင်းသိပါတယ်၊ ဒါကြောင့်မို့ ဒီလူငယ်တွေဟာ ပီဆိုင်မောဝ် သီချင်းထွက်တဲ့ အချိန်မှာ သူတို့တောင် မွေးသေးမှာ မဟုတ်ပါဘူး၊ ဒါပေမဲ့ အခုဆိုရင် ပီဆိုင်မောဝ်ရဲ့ ဂုဏ်ကျေးဇူးကြောင့် သူတို့ကလည်း ပီဆိုင်မောဝ်ကို ပြန်လည်ပြီးမှ ကန်တော့လိုတဲ့ စိတ်ဓာတ်တွေ ပြင်းပြလို့ အခုလိုမျိုး ပီဆိုင်မောဝ်ရဲ့ ကျန်းမာရေးဆေးဝါးအတွက် ပံ့ပိုးမယ့် အဖွဲ့အစည်း ဖြစ်လာပါတယ်၊"ဟု မြန်မာနိုင်ငံဂီတအစည်းအရုံး(တာချီလိတ်)၏ ဥက္ကဌ ဦးစိုင်းလွယ်ခမ်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းတိုင်းရင်းသားအဆိုတော်ကြီး စိုင်းဆိုင်မောဝ်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Sukumvit Hospital တွင် မှန်ပြောင်းအသုံးပြု၍ လေဆာဖြင့် ကျောက်ကပ်မှ ကျောက်များကို ဖယ်ရှားမည်ဆိုပါက ခွဲစိတ် မှုကြောင့် အာရုံကြောထိခိုက်မှုမရှိနိုင်သော်လည်း ကုသမှုစရိတ် အနဖြေင့် ထိုင်းဘတ်ငွေ (၅)သိန်းကျော် ကုန်ကျမည်ဖြစ်ရာ ကုန်ကျမှုအား မတတ်နိုင်သောကြောင့် အဆိုပါ ဆေးရုံမှ ဆင်းခဲ့ပြီး ဘန်ကောက်မြို့ရှိ Praram 9 Hospital တွင် စမ်းသပ်မှုများ ပြုလုပ်ခဲ့ရာတွင် ကျောက်ကပ်ခွဲစိတ်မှုအတွက် ထိုင်းဘတ်ငွေ (၁)သိန်းခွဲကျော် ကုန်ကျမည် ဖြစ်ပြီး ခွဲစိတ်မှုကြောင့် အာရုံကြောအား ထိခိုက်နိုင်သည့်အတွက် လေဖျန်း၍ (၆)လအကြာမှ ခွဲစိတ်၍ ရနိုင်မည်ဖြစ်ကြောင်း နှင့် ခွဲစိတ်ရန် နောက်(၃)လ ဆေးသောက်၍ ထပ်စောင့်ရမည် ဖြစ်သည့်အတွက် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်၍ ခွဲစိတ်မှုကို စောင့်ဆိုင်း မည်ဖြစ်ကြောင်း သိရှိရသည်။

ရှမ်းတိုင်းရင်းသားအဆိုတော်ကြီး စိုင်းဆိုင်မောဝ်၏ ကျန်းမာရေးအတွက် ထောက်ပံ့လိုသူ စေတနာရှင်များ မှ မြန်မာဘဏ်အနဖြေင့် KBZ Bank၊ Account နံပါတ် 057 101 057 007 35001 သို့ လည်းကောင်း၊ ထိုင်းဘဏ်အနဖြေင့် Mr Sai Saing Mao၊ Bangkok Bank၊ Account နံပါတ် 005-7-13282-1 သို့ လည်းကောင်း ပေးပို့ထောက်ပံ့နိုင်ကြောင်း သိရသည်။

သတင်း - ကိုဇောင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~