တာချီလိတ်မြို့၊ တာလော့ရပ်ကွက်၊ မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား(၁)အနီးရှိ တာလော့ဈေးအတွင်း ကမ်းနားလမ်းတွင် ဧပြီလ(၁၀)ရက်နေ့ ည(၁၀)နာရီ ၀န်းကျင်အချိန်က အထည်ဆိုင်အား သော့ဖျက်၍ ခိုးယူရန်ကြံစည်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်၊
တာလော့ဈေးတွင် ဈေးဆိုင်ခန်းများ ဖွင့်လှစ်ထားရှိသည့်အတွက် ယခုကာလနောက်ပိုင်းတွင် တာလော့ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး နှင့် ဈေးအဖွဲ့တို့မှ ညစဉ် ကင်းလှည့်လည်မှုများ ပြုလုပ်သည့်အတွက် သူခိုး ခိုးခံရမှုများ လျော့ပါးသွားသော်လည်း သူခိုးများမှာ မကြာခဏ ချဉ်းကပ်မှုများရှိနေခြင်းကြောင့် ဆိုင်ရှင်များအနေဖြင့် သော့ခလောက်များအား ခိုင်ခံ့သည့် သော့ခလောက်များကိုသာ အသုံးပြု စေလိုကြောင်း တာလော့ဈေးမှ ဈေးသည်တစ်ဦးက အကြံပြုပြောကြားလာသည်။
ဓါတ်ပုံ - CMS
"တံခါးဖွင့်သံတော့ ကြားတယ်၊ အိမ်က ညီမဖွင့်တယ်ပဲထင်နေတာ၊ နောက်ဆုံးသူခိုးက လူသံကြားလို့ ထွက်ပြေးသွားတာ၊ အိမ်နီးချင်းနဲ့ ရပ်ကွက်လုံခြုံရေးကောင်းမှုကြောင့် ဘာမှမပါသွားတာ၊ သူခိုးက နှစ်ယောက်တဲ့ တစ်ယောက်က ဆိုင်ကယ်အဟောင်းလေးနဲ့စောင့်နေတာတဲ့နောက်ပြီး အဲ့ဒီဆိုင်ကယ်နဲ့ ဈေးထဲ ပတ်နေတာလို့လည် သိရတယ်"ဟု မချိုက ပြောသည်။
တာလော့ဈေးတွင် ဈေးဆိုင်ခန်းများ ဖွင့်လှစ်ထားရှိသည့်အတွက် ယခုကာလနောက်ပိုင်းတွင် တာလော့ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး နှင့် ဈေးအဖွဲ့တို့မှ ညစဉ် ကင်းလှည့်လည်မှုများ ပြုလုပ်သည့်အတွက် သူခိုး ခိုးခံရမှုများ လျော့ပါးသွားသော်လည်း သူခိုးများမှာ မကြာခဏ ချဉ်းကပ်မှုများရှိနခြေင်းကြောင့် ဆိုင်ရှင်များအနဖြေင့် သော့ခလောက်များအား ခိုင်ခံ့သည့် သော့ခလောက်များကိုသာ အသုံးပြု စေလိုကြောင်း တာလော့ဈေးမှ ဈေးသည်တစ်ဦးက အကြံပြုပြောကြားလာသည်။
တာချီလိတ်တွင် ထိုင်းနိုင်ငံမှ ဖမ်းဆီးပြီး ပြန်လည်လွှဲပြောင်းပေးလာသည့် လူများထဲမှ နေရပ်မပြန်နိုင်ဘဲ တာချီလိတ်အတွင်း လေလွှင့်နေသူများ ရှိလာခဲ့ပြီး၊ လောင်းကစားနှင့်မူးယစ်ဆေးဝါး၏ ရလဒ်များထွက်ပေါ်လာသည့် လေလွှင့်သူများကြောင့် ခိုးယူခံရမှုများသည် နေ့လည်ပိုင်းတွင်လည်း ဖြစ်ပွားတတ်ကြောင်း ဒေသခံများထံက သိရသည်။
ဓာတ်ပုံ - CMS