ရခိုင္ျပည္နယ္တြင္ ဆူပူမႈျဖစ္ေစရန္ လႈံ႕ေဆာ္သူအား အလုပ္ႏွင္႔ေထာင္ဒဏ္ အႏွစ္(၂၀) ျပစ္ဒဏ္ခ်မွတ္

ရခိုင္ျပည္နယ္တြင္ ဆူပူမႈျဖစ္ေစရန္ လႈံ႕ေဆာ္သူအား အလုပ္ႏွင္႔ေထာင္ဒဏ္ အႏွစ္(၂၀) ျပစ္ဒဏ္ခ်မွတ္
ဧပြီ 20, 2018
By Tachileik News Agency

ရခိုင္ျပည္နယ္ အမ္းၿမိဳ႕၌ ဆူပူမႈျဖစ္ေပၚရန္ လံႈ႔ေဆာ္သည္ဟူေသာ စြပ္စဲြခ်က္ျဖင့္ တရားစဲြဆိုခံထားရသည့္ ေအာင္ေက်ာ္ျမင့္အား ဧၿပီလ(၁၉)ရက္ေန႔က မေကြးခရိုင္တရားရံုးမွ အလုပ္ႏွင့္ေထာင္ဒဏ္ အႏွစ္(၂၀)က်ခံေစရန္ အမိန္႔ခ် မွတ္လိုက္ေၾကာင္း သိရသည္။

ရခိုင္ျပည္နယ္ အမ္းၿမိဳ႕တြင္ ဆူပူအံုၾကြမႈျဖစ္ေပၚေစရန္ စည္းရံုးလံႈ႔ေဆာ္ေနေၾကာင္း တိုင္းေဒသႀကီး အစိုးရထံ တင္ျပလာသျဖင္႔ မေကြးတိုင္းေဒသႀကီးအစိုးရအဖဲြ႔က တရားလိုျပဳလုပ္၍ ၂၀၁၇ ခုႏွစ္ ႏိုဝင္ဘာလ (၂၉)ရက္ေန႔တြင္ မေကြးခရိုင္တရားရံုးသို႔ ဦးတိုက္ ေလွ်ာက္ထားတရားစဲြဆို ခဲ့သည့္ အမႈျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ဦးတိုက္ေလွ်ာက္ထားမႈႏွင့္ ပတ္သက္၍ ခရိုင္တရားရံုးက ရဲစခန္းသို႔ စံုစမ္း စစ္ေဆးရန္ ျပန္ခ်ေပးခဲ့ၿပီး ရဲစခန္းမွ ႏွစ္ဘက္စစ္ေဆးကာ ျပန္လည္တင္ျပလာသည့္ အစီရင္ခံစာအရ ရာဇသတ္ႀကီး ပုဒ္မ ၁၂၄-က ျဖင္႔ စြပ္စဲြခံရသူ ေအာင္ေက်ာ္ျမင့္အား ဖမ္းဆီး၍ စစ္ေဆးေဆာင္ရြက္ခဲ႔ကာ တိုင္းေဒသႀကီး အစိုးရအဖဲြ႔ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳက တရားလိုျပသက္ေသအျဖစ္ အစစ္ေဆးခံခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါအမႈအေပၚ မေကြးခရိုင္တရားရံုး တရားသူႀကီး ဦးဘုန္းတင့္က ၾကားနာစစ္ေဆး၍ ၂၀၁၈ ခု ႏွစ္ ဧၿပီလ (၁၉) ရက္ေန႔တြင္ ေအာင္ေက်ာ္ျမင့္အား ရာဇသတ္ႀကီးပုဒ္မ ၁၂၄-က အရ အလုပ္ ႏွင့္ ေထာင္ဒဏ္ အနွစ္(၂၀)က်ခံေစရန္ အမိန္႔ခ်မွတ္လိုက္ျခင္းျဖစ္ေၾကာင္း သိရသည္။

မည္သူ မဆို ႏွဳတ္ျဖင့္ျဖစ္ေစ၊ စာျဖင့္ျဖစ္ေစ၊ အမွတ္အသားျဖင့္ျဖစ္ေစ၊ ထင္ရွားေသာပုံသ႑ာန္ ျဖင့္ျဖစ္ေစ၊ အျခားနည္းျဖင့္ ျဖစ္ေစ ျပည္ေထာင္စုအတြက္ သို႔တည္း မဟုတ္ ျပည္ေထာင္စုအဖဲြ႔ဝင္မ်ား အတြက္ ဥပေဒအရ တည္ေထာင္ထားေသာ အစိုးရကို မုန္းထားေအာင္ေသာ္ လည္းေကာင္း၊ မေလးစား ေအာင္ေသာ္ လည္းေကာင္း ျပဳမူလွ်င္ သို႔တည္းမဟုတ္ ထိုသို႔ျပဳရန္အားထုတ္လွ်င္ သို႔တည္းမဟုတ္ ေမတၱာ ပ်က္ေအာင္လႈံ႔ေဆာ္လွ်င္ သို႔တည္းမဟုတ္ ထိုသို႔လႈံ႔ေဆာ္ရန္အားထုတ္လွ်င္ ထိုသို႔အၾကည္ညိဳပ်က္ရန္ ျပဳေၾကာင္း ျပစ္မႈထင္ရွားလွ်င္ ေငြဒဏ္ႏွင္႔တကြ တစ္သက္တစ္ကၽြန္း (ေထာင္ဒဏ္အႏွစ္၂၀)ျဖစ္ေစ၊ ေငြ ဒဏ္ႏွင္႔တကြ (၇)ႏွစ္အထိေထာင္ဒဏ္ျဖစ္ေစ၊ ေငြဒဏ္သက္သက္ျဖစ္ေစ ျပစ္ဒဏ္က်ခံရႏိုင္သည္ဟု ရာဇသတ္ႀကီးတြင္ ျပဌာန္းထားသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

ရခိုင်ပြည်နယ် အမ်းမြို့၌ ဆူပူမှုဖြစ်ပေါ်ရန် လှုံ့ဆော်သည်ဟူသော စွပ်စွဲချက်ဖြင့် တရားစွဲဆိုခံထားရသည့် အောင်ကျော်မြင့်အား ဧပြီလ(၁၉)ရက်နေ့က မကွေးခရိုင်တရားရုံးမှ အလုပ်နှင့်ထောင်ဒဏ် အနှစ်(၂၀)ကျခံစေရန် အမိန့်ချ မှတ်လိုက်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် အမ်းမြို့တွင် ဆူပူအုံကြွမှုဖြစ်ပေါ်စေရန် စည်းရုံးလှုံ့ဆော်နေကြောင်း တိုင်းဒေသကြီး အစိုးရထံ တင်ပြလာသဖြင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က တရားလိုပြုလုပ်၍ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ (၂၉)ရက်နေ့တွင် မကွေးခရိုင်တရားရုံးသို့ ဦးတိုက် လျှောက်ထားတရားစွဲဆို ခဲ့သည့် အမှုဖြစ်ကြောင်း သိရသည်။

အဆိုပါ ဦးတိုက်လျှောက်ထားမှုနှင့် ပတ်သက်၍ ခရိုင်တရားရုံးက ရဲစခန်းသို့ စုံစမ်း စစ်ဆေးရန် ပြန်ချပေးခဲ့ပြီး ရဲစခန်းမှ နှစ်ဘက်စစ်ဆေးကာ ပြန်လည်တင်ပြလာသည့် အစီရင်ခံစာအရ ရာဇသတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် စွပ်စွဲခံရသူ အောင်ကျော်မြင့်အား ဖမ်းဆီး၍ စစ်ဆေးဆောင်ရွက်ခဲ့ကာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက တရားလိုပြသက်သေအဖြစ် အစစ်ဆေးခံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါအမှုအပေါ် မကွေးခရိုင်တရားရုံး တရားသူကြီး ဦးဘုန်းတင့်က ကြားနာစစ်ဆေး၍ ၂၀၁၈ ခု နှစ် ဧပြီလ (၁၉) ရက်နေ့တွင် အောင်ကျော်မြင့်အား ရာဇသတ်ကြီးပုဒ်မ ၁၂၄-က အရ အလုပ် နှင့် ထောင်ဒဏ် အနှစ်(၂၀)ကျခံစေရန် အမိန့်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

မည်သူ မဆို နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ အမှတ်အသားဖြင့်ဖြစ်စေ၊ ထင်ရှားသောပုံသဏ္ဍာန် ဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့် ဖြစ်စေ ပြည်ထောင်စုအတွက် သို့တည်း မဟုတ် ပြည်ထောင်စုအဖွဲ့ဝင်များ အတွက် ဥပဒေအရ တည်ထောင်ထားသော အစိုးရကို မုန်းထားအောင်သော် လည်းကောင်း၊ မလေးစား အောင်သော် လည်းကောင်း ပြုမူလျှင် သို့တည်းမဟုတ် ထိုသို့ပြုရန်အားထုတ်လျှင် သို့တည်းမဟုတ် မေတ္တာ ပျက်အောင်လှုံ့ဆော်လျှင် သို့တည်းမဟုတ် ထိုသို့လှုံ့ဆော်ရန်အားထုတ်လျှင် ထိုသို့အကြည်ညိုပျက်ရန် ပြုကြောင်း ပြစ်မှုထင်ရှားလျှင် ငွေဒဏ်နှင့်တကွ တစ်သက်တစ်ကျွန်း (ထောင်ဒဏ်အနှစ်၂၀)ဖြစ်စေ၊ ငွေ ဒဏ်နှင့်တကွ (၇)နှစ်အထိထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်သက်သက်ဖြစ်စေ ပြစ်ဒဏ်ကျခံရနိုင်သည်ဟု ရာဇသတ်ကြီးတွင် ပြဌာန်းထားသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~