တာခ်ီလိတ္ၿမိဳ႕ရွိ ဇြဲသာယာကမ္းေျခတြင္ ေငြတိုးယူ၍ ေစ်းေရာင္းခ်ေနသည့္ ေစ်းသည္မ်ားက သႀကၤန္အၿပီးထိ ေရာင္းခ်ခြင့္ရရန္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားထံ လာေရာက္အကူအညီေတာင္းခံ

တာခ်ီလိတ္ၿမိဳ႕ရွိ ဇြဲသာယာကမ္းေျခတြင္ ေငြတိုးယူ၍ ေစ်းေရာင္းခ်ေနသည့္ ေစ်းသည္မ်ားက သႀကၤန္အၿပီးထိ ေရာင္းခ်ခြင့္ရရန္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားထံ လာေရာက္အကူအညီေတာင္းခံ
ဧပြီ 4, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းဖုန္း(က)ေက်းရြာအုပ္စုအတြင္းရိွ ဇြဲသာယာ ကမ္းေျခတြင္ ဆုိင္ခန္းမ်ား ေဆာက္လုပ္ထားျခင္းမွာ ဥပေဒႏွင့္ ညီညြတ္မႈ မရိွသျဖင့္ သက္ဆိုင္ရာက တားျမစ္လိုက္သည့္ အတြက္ ဆိုင္ခန္းမ်ားအား ဧၿပီလ(၄)ရက္ေန႔ကစ၍ ဖ်က္သိမ္းေနလ်က္ရွိရာ သႀကၤန္အၿပီးထိ ေရာင္းခ်ခြင့္ရေရးအတြက္ ေငြတိုးမ်ားယူ၍ ဖြင့္လွစ္ထားသည့္ ေစ်းသည္မ်ားက လႊတ္ေတာ္ကိုယ္စားလွယ္မ်ားထံ အကူအညီေတာင္းခံလာေၾကာင္း သိရသည္။

ဆိုင္ခန္းမ်ားအား ဧၿပီလ(၄)ရက္ေန႔က ဇြဲသာယာဆိပ္ကမ္းမွ တာ၀န္ရွိသူမ်ားက ဖ်က္သိမ္း ေပးေနလ်က္ရွိၿပီး ေစ်းေရာင္းခ်သူ လူဦးေရ(၅၀)၀န္းက်င္က လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ ဧၿပီလ(၄)ရက္ေန႔ ေန႔လယ္ပိုင္းက ေတြ႔ဆံုခဲ့ၾကရာ ၎တို႔အေနျဖင့္ သႀကၤန္ကာလအတြင္း ေစ်းေရာင္းခ်ရန္အတြက္ ေငြတိုးေခ်း၍ေသာ္လည္းေကာင္း၊ ေငြအေျမာက္အမ်ားျဖင့္ ရင္းႏွီးျမႇဳပ္ႏွံ ထားရသည္ျဖစ္တာေၾကာင့္လည္းေကာင္း သႀကၤန္အၿပီးထိ ေစ်းဆိုင္ဖြင့္လွစ္ခြင့္မရွိပါက ဆံုးရႈံးနစ္နာမႈမ်ား ျဖစ္ေပၚလာမည္ ျဖစ္ေၾကာင္းႏွင့္ ေငြတိုးဆပ္ဖို႔လည္း အခက္ေတြ႔မွာ ျဖစ္သည့္အတြက္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား အေနျဖင့္ သက္ဆိုင္ရာမ်ားျဖင့္ ညႇိႏႈိင္းေဆာင္ရြက္ေပးႏိုင္ရန္ အကူအညီေတာင္းခံလာျခင္း ျဖစ္သည္။

"ခရိုင္အုပ္ခ်ဳပ္ေရးမွဴးနဲ႔ သြားေရာက္ေတြ႔ဆံု ညႇိႏႈိင္းခဲ့တာကေတာ့ အဲ့ဒီေနရာမွာ ဥပေဒနဲ႔ မညီတာေတြရွိတယ္ ဆိုတာကိုလည္း ေျပာလာတယ္။ ေနာက္ၿပီး ေစ်းသည္မ်ားအေနနဲ႔ နစ္နာမႈ မရွိေစေရးအတြက္ မိုင္းဖုန္း(က)ေက်းရြာအုပ္စုက အုပ္ခ်ဳပ္ေရးမွဴး နဲ႔ ရပ္မိရပ္ဖေတြနဲ႔ ေဆြးေႏြးညႇိႏႈိင္းၾကည့္ ၊ အဆင္ေျပရင္ သႀကၤန္ကာလအတြင္း ေစ်းေရာင္းလို႔ အဆင္ေျပႏိုင္တယ္ဆိုတာမ်ဳိး ေျပာလာတယ္"ဟု အမ်ဳိးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းလံုစံခတ္က ေျပာသည္။

အဆိုပါ ကိစၥႏွင့္ ပတ္သက္၍ ေစ်းသည္မ်ား၏ အကူအညီ ေတာင္းခံလာမႈေၾကာင့္ အမ်ဳိးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးစိုင္းလံုစံခတ္၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဌး၀င္း ႏွင့္ တာခ်ီလိတ္ခရိုင္စီမံခန္႔ခြဲမႈ ေကာ္မတီဥကၠဌ၊ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊတို႔ ဧၿပီလ(၄)ရက္ေန႔ ေန႔လယ္ပိုင္းက ေဆြးေႏြးညႇိႏႈိင္းခဲ့ေၾကာင္း သိရသည္။

“ဥပေဒအရဆိုရင္ ဇြဲသာယာက ကမ္းေျခဖြင့္ခြင့္ မရိွဘူး။ သူက ႏွစ္ႏုိင္ငံ နယ္ျခားအျဖစ္သံုးတဲ့ ျမစ္လည္း ျဖစ္တယ္။ ျမစ္ေခ်ာင္းတိုးတက္ေရးဦးစီးဌာနက ထုတ္ျပန္ထားတဲ့ ဥပေဒ၊ ညႊန္ၾကားခ်က္ေတြနဲ႔ မညီညြတ္တာလည္း ပါတယ္။ မိုင္းဖုန္းေဒသအတြင္းမွာ ဇြဲသာယာကမ္းေျခရိွလာတဲ့အတြက္ လူငယ္ေတြ အရက္ေသစာ လာေရာက္ေသာက္စားၾကေတာ့ ျပႆနာ မၾကာခဏျဖစ္တယ္လို႔ ေဒသခံေတြက ေျပာလာတယ္။ ေနာက္ အဲဒီေျမေနရာကလည္း လယ္ယာေျမ အမ်ိဳးအစားျဖစ္တဲ့အတြက္ ကမ္းေျခ လုပ္လို႔မရဘူး။ သူတို႔လုပ္တဲ့ ဧရိယာက ေခ်ာင္းနယ္နိမိတ္ဧရိယာထဲမွာ ပါတယ္။ ဒီေနရာမွာ ဒီလိုေတြ ရိွျခင္းအားျဖင့္ ကမ္းေျခကေန ပစၥည္းသယ္တာေတြလို ကမ္းေျခကို အလြယ္တကူ ဆိုက္ကပ္ႏိုင္တဲ့ အေနအထားေတြေၾကာင့္ တစ္ခ်ိန္ခ်ိန္မွာ မလိုလားအပ္တဲ့ ျပႆနာေတြ ျဖစ္လာႏုိင္တဲ့ အေန အထားျဖစ္တဲ့ အတြက္ ဒါကို လတ္တေလာမွာ အသံုးမျပဳဖို႔အတြက္ တားျမစ္ထားတာေပါ့”ဟု တာခ်ီလိတ္ခရို္င္စီမံခန္႔ခြဲမႈေကာ္မတီ ဥကၠဌ၊ တာခ်ီလိတ္ခရိုင္ အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ဝင္းေရႊက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ဧၿပီလ(၃)ရက္ေန႔ ညေနပိုင္းက ေျပာၾကားျခင္း ျဖစ္သည္။

ဇြဲသာယာဆိပ္ကမ္းရွိ ေစ်းသည္မ်ားသည္ ၂၀၁၇ခုႏွစ္ထက္ ယခု ၂၀၁၈ သႀကၤန္ကာလအတြင္း ေကာင္းမြန္စြာ ေစ်းေရာင္းခ်ႏိုင္ရန္ ေမွ်ာ္မွန္းထားသည့္အတြက္ ရင္းနွီးမတည္ေငြမ်ားစြာျဖင့္ စားေသာက္ပစၥည္းမ်ားအား တိုးခ်ဲ႕ျဖည့္စြက္ထားေၾကာင္း သိရသည္။
"ကြ်န္ေတာ္တို႔ ဇြဲသာယာမွာ ေစ်းေရာင္းေနတာဟာ ကြ်န္ေတာ္တို႔က သူမ်ားဆီက ေငြတိုးနဲ႔ယူၿပီး ေရာင္းေနတာ။ အခုလိုမ်ဳိး မေရာင္းရဘူးဆိုေတာ့ ကြ်န္ေတာ္တို႔မွာ ဒုကၡေရာက္ပါတယ္၊ ကြ်န္ေတာ္ တစ္ေယာက္တည္းလည္း မဟုတ္ပါဘူး၊ အမ်ားလည္း အဲ့လိုပါပဲ၊ အခု ျပန္ပိတ္ဆိုရင္ ကြ်န္ေတာ္တို႔ ယူထားတဲ့ အတိုးေတြကို ဘယ္လိုမွ ျပန္ဆပ္ႏိုင္မွာ မဟုတ္ပါဘူး၊ ကြ်န္ေတာ္တို႔ သႀကၤန္တြင္းမွာ ေရာင္းရမယ္ဆိုၿပီေတာ့မွ ပစၥည္းေတြ ၀ယ္ထားၾကတာ၊ သႀကၤန္အၿပီးထိ ေရာင္းခြင့္ျပဳပါလို႔ ေတာင္းဆိုခ်င္ပါတယ္ခင္ဗ်၊"ဟု ဇြဲသာယာဆိပ္ကမ္းတြင္ သႀကၤန္အတြင္း ေစ်းေရာင္းခ်ရန္အတြက္ ဆို္င္ခန္းဖြင့္လွစ္ထားသူ ကိုေက်ာ္သူရက ေျပာသည္။

လူစည္ကားလာသည့္ ဇြဲသာယာကမ္းေျခအား ယခင္က ဆိုင္ခန္းမ်ားျဖင့္ ျပဳလုပ္ေပးထားျခင္း မရွိေသာ္လည္း ၂၀၁၈ သႀကၤန္နားနီးတြင္ ဆိုင္ခန္းမ်ားျဖင့္ ေစ်းသည္မ်ားအတြက္ ျပဳလုပ္ေပးထားျခင္း ျဖစ္ေၾကာင္း သိရသည္။

“ဒီေနရာမွာ လူစည္ကားလာေတာ့ မိုးရြာဘာရြာနဲ႔ မထူးပါဘူးဆိုၿပီး ဆုိင္ခန္းေလးေတြ ေဆာက္ေပး လုိက္တယ္။ သူတို႔လည္းေရာင္းေကာင္းေတာ့ လာၾကတယ္။ ကၽြန္ေတာ္က သူတို႔ကို  နင္တုိ႔ ငါးေထာင္ေတာ့ေပးဆိုေတာ့ သူတို႔လည္း ေပးၾကတယ္။ ကၽြန္ေတာ္လည္း တပည့္ေတြနဲ႔ သန္႔ရွင္းေရး လုပ္တာ လုပ္ေပးတယ္။ သႀကၤန္တြင္းမွာ လမ္းႏွစ္လမ္း လုပ္ေပးမွရမယ္ဆိုၿပီးေတာ့ ဟိုေန႔ကပဲ ကၽြန္ေတာ္ လမ္းႏွစ္လမ္းလည္း လုပ္ေပးထားတာပါ။ ဆိုင္ခန္းက (၂၀)ေက်ာ္၊ (၃၀)ေက်ာ္ေလာက္ေတာ့ ရိွတာေပါ့။ ဆုိင္ေတြကလည္း ျပည့္ေနတယ္။ လူေတြကလည္း လာလည္ၾကနဲ႕ ျပည့္ေနတာေပါ့ေနာ္”ဟု ကမ္းေျခတြင္ ဆုိင္ခန္းမ်ား ဖြင့္လွစ္ထားသည့္ ဦးဇြဲက ဧၿပီလ(၃)ရက္ေန႔ ညပိုင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါကမ္းေျချပဳလုပ္ထားသည့္ေနရာမွာ ဥပေဒအရ ခြင့္ျပဳ၍ မရႏိုင္သည့္ေနရာျဖစ္သည့္အျပင္ ကမ္းေျခတြင္ လူငယ္မ်ား လာေရာက္ေသာက္စားကာ မၾကာခဏျပႆနာျဖစ္ပြားသည္ဟု ေဒသခံမ်ားက တုိင္ၾကားမႈမ်ားလည္း ရိွသျဖင့္ သက္ဆိုင္ရာဌာနမ်ားက သြားေရာက္စစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စုအတွင်းရှိ ဇွဲသာယာ ကမ်းခြေတွင် ဆိုင်ခန်းများ ဆောက်လုပ်ထားခြင်းမှာ ဥပဒေနှင့် ညီညွတ်မှု မရှိသဖြင့် သက်ဆိုင်ရာက တားမြစ်လိုက်သည့် အတွက် ဆိုင်ခန်းများအား ဧပြီလ(၄)ရက်နေ့ကစ၍ ဖျက်သိမ်းနေလျက်ရှိရာ သင်္ကြန်အပြီးထိ ရောင်းချခွင့်ရရေးအတွက် ငွေတိုးများယူ၍ ဖွင့်လှစ်ထားသည့် ဈေးသည်များက လွှတ်တော်ကိုယ်စားလှယ်များထံ အကူအညီတောင်းခံလာကြောင်း သိရသည်။

ဆိုင်ခန်းများအား ဧပြီလ(၄)ရက်နေ့က ဇွဲသာယာဆိပ်ကမ်းမှ တာဝန်ရှိသူများက ဖျက်သိမ်း ပေးနေလျက်ရှိပြီး ဈေးရောင်းချသူ လူဦးရေ(၅၀)ဝန်းကျင်က လွှတ်တော်ကိုယ်စားလှယ်များနှင့် ဧပြီလ(၄)ရက်နေ့ နေ့လယ်ပိုင်းက တွေ့ဆုံခဲ့ကြရာ၎င်းတို့အနဖြေင့် သင်္ကြန်ကာလအတွင်း ဈေးရောင်းချရန်အတွက် ငွေတိုးချေး၍သော်လည်းကောင်း၊ ငွေအမြောက်အများဖြင့် ရင်းနှီးမြှုပ်နှံ ထားရသည်ဖြစ်တာကြောင့်လည်းကောင်း သင်္ကြန်အပြီးထိ ဈေးဆိုင်ဖွင့်လှစ်ခွင့်မရှိပါက ဆုံးရှုံးနစ်နာမှုများ ဖြစ်ပေါ်လာမည် ဖြစ်ကြောင်းနှင့် ငွေတိုးဆပ်ဖို့လည်း အခက်တွေ့မှာ ဖြစ်သည့်အတွက် လွှတ်တော်ကိုယ်စားလှယ်များ အနဖြေင့် သက်ဆိုင်ရာများဖြင့် ညှိနှိုင်းဆောင်ရွက်ပေးနိုင်ရန် အကူအညီတောင်းခံလာခြင်း ဖြစ်သည်။

"ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ သွားရောက်တွေ့ဆုံ ညှိနှိုင်းခဲ့တာကတော့ အဲ့ဒီနေရာမှာ ဥပဒေနဲ့ မညီတာတွေရှိတယ် ဆိုတာကိုလည်း ပြောလာတယ်။ နောက်ပြီး ဈေးသည်များအနေနဲ့ နစ်နာမှု မရှိစေရေးအတွက် မိုင်းဖုန်း(က)ကျေးရွာအုပ်စုက အုပ်ချုပ်ရေးမှူး နဲ့ ရပ်မိရပ်ဖတွေနဲ့ ဆွေးနွေးညှိနှိုင်းကြည့်၊ အဆင်ပြေရင် သင်္ကြန်ကာလအတွင်း ဈေးရောင်းလို့ အဆင်ပြေနိုင်တယ်ဆိုတာမျိုး ပြောလာတယ်"ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်က ပြောသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဈေးသည်များ၏ အကူအညီ တောင်းခံလာမှုကြောင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်း နှင့် တာချီလိတ်ခရိုင်စီမံခန့်ခွဲမှု ကော်မတီဥက္ကဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေတို့ ဧပြီလ(၄)ရက်နေ့ နေ့လယ်ပိုင်းက ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။

“ဥပဒေအရဆိုရင် ဇွဲသာယာက ကမ်းခြေဖွင့်ခွင့် မရှိဘူး။ သူက နှစ်နိုင်ငံ နယ်ခြားအဖြစ်သုံးတဲ့ မြစ်လည်း ဖြစ်တယ်။ မြစ်ချောင်းတိုးတက်ရေးဦးစီးဌာနက ထုတ်ပြန်ထားတဲ့ ဥပဒေ၊ ညွှန်ကြားချက်တွေနဲ့ မညီညွတ်တာလည်း ပါတယ်။ မိုင်းဖုန်းဒေသအတွင်းမှာ ဇွဲသာယာကမ်းခြေရှိလာတဲ့အတွက် လူငယ်တွေ အရက်သေစာ လာရောက်သောက်စားကြတော့ ပြဿနာ မကြာခဏဖြစ်တယ်လို့ ဒေသခံတွေက ပြောလာတယ်။ နောက် အဲဒီမြေနေရာကလည်း လယ်ယာမြေ အမျိုးအစားဖြစ်တဲ့အတွက် ကမ်းခြေ လုပ်လို့မရဘူး။ သူတို့လုပ်တဲ့ ဧရိယာက ချောင်းနယ်နိမိတ်ဧရိယာထဲမှာ ပါတယ်။ ဒီနေရာမှာ ဒီလိုတွေ ရှိခြင်းအားဖြင့် ကမ်းခြေကနေ ပစ္စည်းသယ်တာတွေလို ကမ်းခြေကို အလွယ်တကူ ဆိုက်ကပ်နိုင်တဲ့ အနေအထားတွေကြောင့် တစ်ချိန်ချိန်မှာ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်တဲ့ အနေ အထားဖြစ်တဲ့ အတွက် ဒါကို လတ်တလောမှာ အသုံးမပြုဖို့အတွက် တားမြစ်ထားတာပေါ့”ဟု တာချီလိတ်ခရို်င်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက တာချီလိတ်သတင်းအေဂျင်စီသို့ ဧပြီလ(၃)ရက်နေ့ ညနေပိုင်းက ပြောကြားခြင်း ဖြစ်သည်။

ဇွဲသာယာဆိပ်ကမ်းရှိ ဈေးသည်များသည် ၂၀၁၇ခုနှစ်ထက် ယခု ၂၀၁၈ သင်္ကြန်ကာလအတွင်း ကောင်းမွန်စွာ ဈေးရောင်းချနိုင်ရန် မျှော်မှန်းထားသည့်အတွက် ရင်းနှီးမတည်ငွေများစွာဖြင့် စားသောက်ပစ္စည်းများအား တိုးချဲ့ဖြည့်စွက်ထားကြောင်း သိရသည်။
"ကျွန်တော်တို့ ဇွဲသာယာမှာ ဈေးရောင်းနေတာဟာ ကျွန်တော်တို့က သူများဆီက ငွေတိုးနဲ့ယူပြီး ရောင်းနေတာ။ အခုလိုမျိုး မရောင်းရဘူးဆိုတော့ ကျွန်တော်တို့မှာ ဒုက္ခရောက်ပါတယ်၊ ကျွန်တော် တစ်ယောက်တည်းလည်း မဟုတ်ပါဘူး၊ အများလည်း အဲ့လိုပါပဲ၊ အခု ပြန်ပိတ်ဆိုရင် ကျွန်တော်တို့ ယူထားတဲ့ အတိုးတွေကို ဘယ်လိုမှ ပြန်ဆပ်နိုင်မှာ မဟုတ်ပါဘူး၊ ကျွန်တော်တို့ သင်္ကြန်တွင်းမှာ ရောင်းရမယ်ဆိုပြီတော့မှ ပစ္စည်းတွေ ဝယ်ထားကြတာ၊ သင်္ကြန်အပြီးထိ ရောင်းခွင့်ပြုပါလို့ တောင်းဆိုချင်ပါတယ်ခင်ဗျ၊"ဟု ဇွဲသာယာဆိပ်ကမ်းတွင် သင်္ကြန်အတွင်း ဈေးရောင်းချရန်အတွက် ဆို်င်ခန်းဖွင့်လှစ်ထားသူ ကိုကျော်သူရက ပြောသည်။

လူစည်ကားလာသည့် ဇွဲသာယာကမ်းခြေအား ယခင်က ဆိုင်ခန်းများဖြင့် ပြုလုပ်ပေးထားခြင်း မရှိသော်လည်း ၂၀၁၈ သင်္ကြန်နားနီးတွင် ဆိုင်ခန်းများဖြင့် ဈေးသည်များအတွက် ပြုလုပ်ပေးထားခြင်း ဖြစ်ကြောင်း သိရသည်။

“ဒီနေရာမှာ လူစည်ကားလာတော့ မိုးရွာဘာရွာနဲ့ မထူးပါဘူးဆိုပြီး ဆိုင်ခန်းလေးတွေ ဆောက်ပေး လိုက်တယ်။ သူတို့လည်းရောင်းကောင်းတော့ လာကြတယ်။ ကျွန်တော်က သူတို့ကို နင်တို့ ငါးထောင်တော့ပေးဆိုတော့ သူတို့လည်း ပေးကြတယ်။ ကျွန်တော်လည်း တပည့်တွေနဲ့ သန့်ရှင်းရေး လုပ်တာ လုပ်ပေးတယ်။ သင်္ကြန်တွင်းမှာ လမ်းနှစ်လမ်း လုပ်ပေးမှရမယ်ဆိုပြီးတော့ ဟိုနေ့ကပဲ ကျွန်တော် လမ်းနှစ်လမ်းလည်း လုပ်ပေးထားတာပါ။ ဆိုင်ခန်းက (၂၀)ကျော်၊ (၃၀)ကျော်လောက်တော့ ရှိတာပေါ့။ ဆိုင်တွေကလည်း ပြည့်နေတယ်။ လူတွေကလည်း လာလည်ကြနဲ့ ပြည့်နေတာပေါ့နော်”ဟု ကမ်းခြေတွင် ဆိုင်ခန်းများ ဖွင့်လှစ်ထားသည့် ဦးဇွဲက ဧပြီလ(၃)ရက်နေ့ ညပိုင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါကမ်းခြပြေုလုပ်ထားသည့်နေရာမှာ ဥပဒေအရ ခွင့်ပြု၍ မရနိုင်သည့်နေရာဖြစ်သည့်အပြင် ကမ်းခြေတွင် လူငယ်များ လာရောက်သောက်စားကာ မကြာခဏပြဿနာဖြစ်ပွားသည်ဟု ဒေသခံများက တိုင်ကြားမှုများလည်း ရှိသဖြင့် သက်ဆိုင်ရာဌာနများက သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~