တာခ်ီလိတ္ၿမိဳ႕ မယ္ေခါင္ရပ္ကြက္အတြင္း အိမ္ေျခမဲ့ အမည္မသိ အမ်ဳိးသားတစ္ဦး လမ္းေဘးတြင္ ေသဆံုး

တာခ်ီလိတ္ၿမိဳ႕ မယ္ေခါင္ရပ္ကြက္အတြင္း အိမ္ေျခမဲ့ အမည္မသိ အမ်ဳိးသားတစ္ဦး လမ္းေဘးတြင္ ေသဆံုး
မေ 21, 2018
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္၊ တာခ်ီလိတ္ၿမိဳ႕ မယ္ေခါင္ရပ္ကြက္အတြင္းရွိ ၿမိဳ႕ပတ္လမ္းေဘးတြင္ အိမ္ေျခမဲ့ အမည္မသိ အမ်ဳိးသား တစ္ဦး ေသဆံုးေနသည္ကို ၂၀၁၈ခုႏွစ္ ေမလ(၂၁)ရက္ေန႔ ညေနက ေတြ႔ရွိရေၾကာင္း သိရသည္။

လမ္းေဘးတြင္ ေသဆံုးေနသည့္ အိမ္ေျခမဲ့ အမည္မသိ အမ်ဳိးသားအေလာင္းအား ရဲတပ္ဖြဲ႔မွ စစ္ေဆးမႈမ်ား ျပဳလုပ္ၿပီး တာခ်ီလိတ္နာေရးကူညီမႈအသင္း မွ တာခ်ီလိတ္ျပည္သူ႔ေဆးရံုရွိ ရင္ခြဲရံုသို႔ ပို႔ေဆာင္ ေပးထားေၾကာင္း သိရသည္။

တာခ်ီလိတ္တြင္ အိမ္ေျခမဲ့ ေလလႊင့္သူမ်ား မ်ားလာလ်က္ရွိၿပီး ၿပီးခဲ့သည့္  ေမလ(၈)ရက္ေန႔ ည(၈)နာရီခြဲ၀န္းက်င္ အခ်ိန္က  ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမႀကီးေဘး၊ ၿမိဳ႕နယ္အေကာက္ခြန္ဦးစီးဌာနရံုးေရွ႕ရွိ ဆိုင္ခန္းေရွ႕တြင္ အမည္မသိ အိမ္ေျခမဲ့ အမ်ဳိးသားတစ္ဦး ေသဆံုးခဲ့ၿပီး ယခု ေသဆံုးမႈ အပါအ၀င္ ေမလထဲတြင္ အိမ္ေျခမဲ့ ေလလႊင့္သူ ေသဆံုးသူ (၂)ဦး ရွိၿပီျဖစ္ေၾကာင္း သိရွိရသည္။

ဓါတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်၊ တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်အတွင်းရှိ မြို့ပတ်လမ်းဘေးတွင် အိမ်ခြေမဲ့ အမည်မသိ အမျိုးသား တစ်ဦး သေဆုံးနေသည်ကို ၂၀၁၈ခုနှစ် မေလ(၂၁)ရက်နေ့ ညနေက တွေ့ရှိရကြောင်း သိရသည်။

လမ်းဘေးတွင် သေဆုံးနေသည့် အိမ်ခြေမဲ့ အမည်မသိ အမျိုးသားအလောင်းအား ရဲတပ်ဖွဲ့မှ စစ်ဆေးမှုများ ပြုလုပ်ပြီး တာချီလိတ်နာရေးကူညီမှုအသင်း မှ တာချီလိတ်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင် ပေးထားကြောင်း သိရသည်။

တာချီလိတ်တွင် အိမ်ခြေမဲ့ လေလွှင့်သူများ များလာလျက်ရှိပြီး ပြီးခဲ့သည့် မေလ(၈)ရက်နေ့ ည(၈)နာရီခွဲဝန်းကျင် အချိန်က ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေး၊ မြို့နယ်အကောက်ခွန်ဦးစီးဌာနရုံးရှေ့ရှိ ဆိုင်ခန်းရှေ့တွင် အမည်မသိ အိမ်ခြေမဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ယခု သေဆုံးမှု အပါအဝင် မေလထဲတွင် အိမ်ခြေမဲ့ လေလွှင့်သူ သေဆုံးသူ (၂)ဦး ရှိပြီဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~