မိုင္းေယာင္းၿမိဳ႕နယ္၊ ဝန္ဘန္းရြာျပင္ စပါးက်ီတြင္ လူငယ္တစ္ဦးအား စိတ္ၾကြေဆးျပား ၆၀၀ ႏွင့္အတူ ဖမ္းမိ

မိုင္းေယာင္းၿမိဳ႕နယ္၊ ဝန္ဘန္းရြာျပင္ စပါးက်ီတြင္ လူငယ္တစ္ဦးအား စိတ္ၾကြေဆးျပား ၆၀၀ ႏွင့္အတူ ဖမ္းမိ
ဇွန် 24, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ မုိင္းေယာင္းၿမိဳ႕နယ္၊ ဝမ္တပ္အုပ္စု၊ ဝန္ဘန္းေက်းရြာတြင္ ၂၀၁၈ ခုႏွစ္၊ ဇြန္လ (၂၃)ရက္ေန႔က ေက်းရြာအျပင္ဘက္ စပါးက်ီအတြင္း လူငယ္တစ္ဦးအား စိတ္ၾကြေဆးျပား (၆၀၀)ႏွင့္အတူ နယ္ေျမလံုၿခံဳေရး တာဝန္ထမ္းေဆာင္ေနသည့္ တပ္မေတာ္တပ္စိတ္တစ္စိတ္က ဖမ္းဆီးရမိေၾကာင္း သိရသည္။

မိုင္းေယာင္းမွ နယ္ေျမလံုၿခံဳေရးတာဝန္ထမ္းေဆာင္ေနသည့္ တပ္မေတာ္တပ္စိတ္တစ္စိတ္က ဝမ္ဘန္းေက်းရြာအျပင္ဘက္ရိွ စပါးက်ီတဲအတြင္း မူးယစ္ေဆးဝါးသတင္းအရ ဝင္ေရာက္ရွာေဖြရာ အသက္ (၂၆)ႏွစ္အရြယ္ အိုက္ခမ္းႏြန္းအား အိပ္ေနသည္ကို ေတြ႔ရၿပီး အိပ္ယာေအာက္မွ စိတ္ၾကြေဆးျပား စုစုေပါင္း (၆၀၀)ႏွင့္ ခဲျပားစကၠဴငယ္(၅)ခုတို႔ကို ရွာေဖြေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

အိုက္ခမ္းႏြန္းႏွင့္ ဖမ္းဆီးရမိသည့္ မူးယစ္ေဆးမ်ားကို မုိင္းေယာင္းၿမိဳ႕မရဲစခန္းသို႔ လႊဲေျပာင္းေပးလာသျဖင့္ မုိင္းေယာင္းၿမိဳ႕မရဲစခန္းက မယ(ပ) ၄/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

သတင္း - ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - ရဲတပ္ဖြဲ႕


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်၊ ဝမ်တပ်အုပ်စု၊ ဝန်ဘန်းကျေးရွာတွင် ၂၀၁၈ ခုနှစ်၊ ဇွန်လ (၂၃)ရက်နေ့က ကျေးရွာအပြင်ဘက် စပါးကျီအတွင်း လူငယ်တစ်ဦးအား စိတ်ကြွဆေးပြား (၆၀၀)နှင့်အတူ နယ်မြေလုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် တပ်မတော်တပ်စိတ်တစ်စိတ်က ဖမ်းဆီးရမိကြောင်း သိရသည်။

မိုင်းယောင်းမှ နယ်မြေလုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် တပ်မတော်တပ်စိတ်တစ်စိတ်က ဝမ်ဘန်းကျေးရွာအပြင်ဘက်ရှိ စပါးကျီတဲအတွင်း မူးယစ်ဆေးဝါးသတင်းအရ ဝင်ရောက်ရှာဖွေရာ အသက် (၂၆)နှစ်အရွယ် အိုက်ခမ်းနွန်းအား အိပ်နေသည်ကို တွေ့ရပြီး အိပ်ယာအောက်မှ စိတ်ကြွဆေးပြား စုစုပေါင်း (၆၀၀)နှင့် ခဲပြားစက္ကူငယ်(၅)ခုတို့ကို ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

အိုက်ခမ်းနွန်းနှင့် ဖမ်းဆီးရမိသည့် မူးယစ်ဆေးများကို မိုင်းယောင်းမြို့မရဲစခန်းသို့ လွှဲပြောင်းပေးလာသဖြင့် မိုင်းယောင်းမြို့မရဲစခန်းက မယ(ပ) ၄/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~