က်ိဳင္းတံုၿမိဳ႕ လုပ္သားရြာတြင္ အမ်ိဳးသားႏွစ္ဦးအား စိတ္ၾကြေဆးျပား ၂၄၈ ျပားႏွင့္အတူ ဖမ္းဆီးရမိ

က်ိဳင္းတံုၿမိဳ႕ လုပ္သားရြာတြင္ အမ်ိဳးသားႏွစ္ဦးအား စိတ္ၾကြေဆးျပား ၂၄၈ ျပားႏွင့္အတူ ဖမ္းဆီးရမိ
ဇွန် 19, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕၊ ရပ္ကြက္(၁)၊ လုပ္သားရြာအတြင္းရွိ ငါးကန္တစ္ခုတြင္ ၂၀၁၈ ခုႏွစ္ ဇြန္လ (၁၈)ရက္ေန႔က အမ်ိဳးသားႏွစ္ဦးထံက စိတ္ၾကြေဆးျပား (၂၄၈)ျပားကို ဖမ္းဆီးရမိေၾကာင္း သိရသည္။

က်ိဳင္းတံုခရိုင္ရဲတပ္ဖြဲ႕မွ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ သက္ေသမ်ား ပါဝင္သည့္အဖြဲ႕က ရပ္ကြက္(၁)၊ လုပ္သားရြာ ရွိ ငါးကန္တစ္ခုတြင္ သြားေရာက္ရွာေဖြရာ ဝင္းထြဋ္ဝင္းႏွင့္ ရွာေမြလတို႔အား ဆိုင္ကယ္တစ္စီးႏွင့္အတူ ေတြ႔ရိွရကာ ဝင္းထြဋ္ဝင္းက အထုပ္တစ္ခုအား ငါးကန္ေဘာင္ၿခံဳထဲသို႔ အရာဝတၳဳတစ္ခုကို လႊင့္ပစ္ လုိက္သည္ကို ေတြ႔ရသျဖင့္ ရွာေဖြရာ အထုပ္အတြင္းမွ စိတ္ၾကြရူးသြပ္ေဆးျပား (၂၄၈)ကို ရွာေဖြေတြ႔ရိွရေၾကာင္း သိရသည္။

ဆိုင္ကယ္အား သက္ေသမ်ားေရွ႕တြင္ သိမ္းဆည္းၿပီး မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ အသက္ (၃၂)ႏွစ္အရြယ္ ဝင္းထြဋ္ဝင္းႏွင့္ အသက္ (၂၃)ႏွစ္အရြယ္ ရွာေမြလတို႔အား က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၉၆/၂၀၁၈၊ မူး/စိတ္ ၁၉(က)အရ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

သတင္း -  ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - ရဲတပ္ဖြဲ႕


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ ရပ်ကွက်(၁)၊ လုပ်သားရွာအတွင်းရှိ ငါးကန်တစ်ခုတွင် ၂၀၁၈ ခုနှစ် ဇွန်လ (၁၈)ရက်နေ့က အမျိုးသားနှစ်ဦးထံက စိတ်ကြွဆေးပြား (၂၄၈)ပြားကို ဖမ်းဆီးရမိကြောင်း သိရသည်။

ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များနှင့် သက်သေများ ပါဝင်သည့်အဖွဲ့က ရပ်ကွက်(၁)၊ လုပ်သားရွာ ရှိ ငါးကန်တစ်ခုတွင် သွားရောက်ရှာဖွေရာ ဝင်းထွဋ်ဝင်းနှင့် ရှာမွေလတို့အား ဆိုင်ကယ်တစ်စီးနှင့်အတူ တွေ့ရှိရကာ ဝင်းထွဋ်ဝင်းက အထုပ်တစ်ခုအား ငါးကန်ဘောင်ခြုံထဲသို့ အရာဝတ္ထုတစ်ခုကို လွှင့်ပစ် လိုက်သည်ကို တွေ့ရသဖြင့် ရှာဖွေရာ အထုပ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၂၄၈)ကို ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

ဆိုင်ကယ်အား သက်သေများရှေ့တွင် သိမ်းဆည်းပြီး မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် အသက် (၃၂)နှစ်အရွယ် ဝင်းထွဋ်ဝင်းနှင့် အသက် (၂၃)နှစ်အရွယ် ရှာမွေလတို့အား ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ) ၉၆/၂၀၁၈၊ မူး/စိတ် ၁၉(က)အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သတင်း - ငြိမ်းချမ်း(ပြည်)
ဓာတ်ပုံ ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~