တာခ်ီလိတ္ၿမိဳ႕ ေလယာဥ္ကြင္းလမ္းတြင္ လမ္းေလွ်ာက္လာသူ အမ်ဳိးသားတစ္ဦးထံက မူးယစ္ေဆး၀ါး သိမ္းဆည္းရမိရာက ေရာင္းခ်ေပးသူႏွင့္အတူ မူးယစ္ေဆးအား ထပ္မံ ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕ ေလယာဥ္ကြင္းလမ္းတြင္ လမ္းေလွ်ာက္လာသူ အမ်ဳိးသားတစ္ဦးထံက မူးယစ္ေဆး၀ါး သိမ္းဆည္းရမိရာက ေရာင္းခ်ေပးသူႏွင့္အတူ မူးယစ္ေဆးအား ထပ္မံ ဖမ္းဆီးရမိ
ဇွန် 13, 2018
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕ ေဆခမ္းရပ္ကြက္၊ ေလယာဥ္ကြင္းသြား လမ္းမေပၚတြင္ လမ္းေလွ်ာက္လာသူထံက မူးယစ္ေဆး၀ါး ဖမ္းဆီးရမိၿပီး ဆက္လက္၍ စစ္ေဆးရာမွ မူးယစ္ေဆး၀ါး ၀ယ္ယူရရွိသည့္ ေနရာအား သိရွိရ၍ သြားေရာက္ စစ္ေဆးရာ ေရာင္းခ်သူႏွင့္အတူ မူးယစ္ေဆး၀ါးမ်ားကို ထပ္မံ ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႔၀င္မ်ား၊ ရွမ္းျပည္နယ္ရဲတပ္ဖြဲ႔၊ ခရိုင္မႈခင္းအကူမွ တပ္ဖြဲ႔၀င္မ်ား ပါ၀င္သည့္ သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႔တို႔သည္ ၂၀၁၈ခုႏွစ္ ဇြန္လ(၁၃)ရက္ေန႔ နံနက္(၁၀)နာရီခြဲ၀န္းက်င္ အခ်ိန္က ေဆခမ္းရပ္ကြက္အတြင္း ေလယာဥ္ကြင္းသြား လမ္းေပၚတြင္ လမ္းေလွ်ာက္လာသည့္ စိုင္းခင္ေမာင္ေထြး ဆိုသူအား ရပ္တန္႔ စစ္ေဆးရာ ၎၀တ္ဆင္ထားသည့္ ဆိုင္ကယ္စီး သားေရေလကာ အိတ္အတြင္းမွ Wy စိတ္ၾကြေဆးျပား (၁၉၁)ျပားအား ဖမ္းဆီးရမိရာမွ မူးယစ္ေဆး၀ါး ျပန္လည္ ေရာင္းခ်သူကို ဖမ္းဆီးရမိျခင္း ျဖစ္ေၾကာင္း မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ သိရပါသည္။

စိတ္ၾကြေဆးျပား(၁၉၁)ျပား ႏွင့္ ဖမ္းဆီးရမိသည့္ စိုင္းခင္ေမာင္ေထြးအား စစ္ေဆးရာ ၎အေနျဖင့္ စိတ္ၾကြေဆးျပားမ်ားကို မိုင္းဖုန္း(ခ)ေက်းရြာအုပ္စု၊ ၀မ္ေဆာက္ခံု(အာခါ)ရြာအတြင္းေန အားခ်ဳိက္ထံက ၀ယ္ယူခဲ့ျခင္း ျဖစ္ေၾကာင္း သိရွိရသည့္ အတြက္ အဆိုပါ ပူးေပါင္းအဖြဲ႔က အားခ်ဳိက္ရွိရာ ၀မ္ေဆာက္ခံု(အာခါ)ရြာရွိ ေနအိမ္သို႔ သြားေရာက္ စစ္ေဆးရွာေဖြရာ ေနအိမ္တြင္ အားခ်ဳိက္အား အသင့္ေတြ႔ရွိရေၾကာင္း သိရသည္။

အားခ်ဳိက္၏ ေနအိမ္အတြင္း စစ္ေဆးရွာေဖြရာတြင္ Wy စာတမ္းပါ လိေမၼာ္ေရာင္ စိတ္ၾကြေဆးျပား စုစုေပါင္း (၆၀၀)ျပား ႏွင့္အတူ အေလးခ်ိန္ (၀.၀၀၀၄)ဂရမ္ခန္႔ရွိသည့္ ဘိန္းျဖဴမႈန္႔ႏွင့္အတူ ၎အိပ္ယာ ေဘးတြင္ ခ်ထားသည့္ မူးယစ္ေဆး၀ါး ရႈရာတြင္ အသံုးျပဳသည့္ ပိုက္တပ္လ်က္ ေရသန္႔ဗူး(၁)ဗူး ႏွင့္ ခဲျပားလိပ္စာ (၁)ခုတို႔ကိုလည္း ေတြ႔ရွိ သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

ဆက္လက္၍ စိတ္ၾကြေဆးျပား (၁၉၁)ျပားႏွင့္အတူ ဖမ္းဆီးရမိသူ စိုင္းခင္ေမာင္ေထြး ႏွင့္ မူးယစ္ေဆး၀ါး ေရာင္းခ်ေပးသူ အားခ်ဳိက္ တို႔ ႏွစ္ဦးအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၄၉/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)အရျဖင့္ လည္းေကာင္း၊ မူးယစ္ေဆး၀ါးမ်ားကို ေရာင္းခ်ေပးၿပီး စိတ္ၾကြေဆးျပား (၆၀၀)ျပား ႏွင့္ ဘိန္းျဖဳ(၀.၀၀၀၃)ဂရမ္ႏွင့္အတူ ဖမ္းဆီးရမိသည့္ အားခ်ဳိက္အား ၀မ္ပံုနယ္ေျမရဲစခန္းတြင္ မယ(ပ)၄/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)ျဖင့္ လည္းေကာင္း အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။

ဓါတ္ပံု - ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ ဆေခမ်းရပ်ကွက်၊ လေယာဉ်ကွင်းသွား လမ်းမပေါ်တွင် လမ်းလျှောက်လာသူထံက မူးယစ်ဆေးဝါး ဖမ်းဆီးရမိပြီး ဆက်လက်၍ စစ်ဆေးရာမှ မူးယစ်ဆေးဝါး ဝယ်ယူရရှိသည့် နေရာအား သိရှိရ၍ သွားရောက် စစ်ဆေးရာ ရောင်းချသူနှင့်အတူ မူးယစ်ဆေးဝါးများကို ထပ်မံ ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့၊ ခရိုင်မှုခင်းအကူမှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့သည် ၂၀၁၈ခုနှစ် ဇွန်လ(၁၃)ရက်နေ့ နံနက်(၁၀)နာရီခွဲဝန်းကျင် အချိန်က ဆေခမ်းရပ်ကွက်အတွင်း လေယာဉ်ကွင်းသွား လမ်းပေါ်တွင် လမ်းလျှောက်လာသည့် စိုင်းခင်မောင်ထွေး ဆိုသူအား ရပ်တန့် စစ်ဆေးရာ၎င်းဝတ်ဆင်ထားသည့် ဆိုင်ကယ်စီး သားရေလေကာ အိတ်အတွင်းမှ Wy စိတ်ကြွဆေးပြား (၁၉၁)ပြားအား ဖမ်းဆီးရမိရာမှ မူးယစ်ဆေးဝါး ပြန်လည် ရောင်းချသူကို ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ သိရပါသည်။

စိတ်ကြွဆေးပြား(၁၉၁)ပြား နှင့် ဖမ်းဆီးရမိသည့် စိုင်းခင်မောင်ထွေးအား စစ်ဆေးရာ၎င်းအနဖြေင့် စိတ်ကြွဆေးပြားများကို မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဝမ်ဆောက်ခုံ(အာခါ)ရွာအတွင်းနေ အားချိုက်ထံက ဝယ်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည့် အတွက် အဆိုပါ ပူးပေါင်းအဖွဲ့က အားချိုက်ရှိရာ ဝမ်ဆောက်ခုံ(အာခါ)ရွာရှိ နေအိမ်သို့ သွားရောက် စစ်ဆေးရှာဖွေရာ နေအိမ်တွင် အားချိုက်အား အသင့်တွေ့ရှိရကြောင်း သိရသည်။

အားချိုက်၏ နေအိမ်အတွင်း စစ်ဆေးရှာဖွေရာတွင် Wy စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား စုစုပေါင်း (၆၀၀)ပြား နှင့်အတူ အလေးချိန် (ဝ.ဝဝဝ၄)ဂရမ်ခန့်ရှိသည့် ဘိန်းဖြူမှုန့်နှင့်အတူ၎င်းအိပ်ယာ ဘေးတွင် ချထားသည့် မူးယစ်ဆေးဝါး ရှုရာတွင် အသုံးပြုသည့် ပိုက်တပ်လျက် ရေသန့်ဗူး(၁)ဗူး နှင့် ခဲပြားလိပ်စာ (၁)ခုတို့ကိုလည်း တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ စိတ်ကြွဆေးပြား (၁၉၁)ပြားနှင့်အတူ ဖမ်းဆီးရမိသူ စိုင်းခင်မောင်ထွေး နှင့် မူးယစ်ဆေးဝါး ရောင်းချပေးသူ အားချိုက် တို့ နှစ်ဦးအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၄၉/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)အရဖြင့် လည်းကောင်း၊ မူးယစ်ဆေးဝါးများကို ရောင်းချပေးပြီး စိတ်ကြွဆေးပြား (၆၀၀)ပြား နှင့် ဘိန်းဖြု(ဝ.ဝဝဝ၃)ဂရမ်နှင့်အတူ ဖမ်းဆီးရမိသည့် အားချိုက်အား ဝမ်ပုံနယ်မြေရဲစခန်းတွင် မယ(ပ)၄/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် လည်းကောင်း အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

ဓါတ္ပံု - ရဲတပ္ဖြဲ႔

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~