ဂူအတြင္း ရြံ႕ေရမ်ားေၾကာင့္ တရုတ္ကယ္ဆယ္ေရးအဖြဲ႔ရဲ႕ ေရေအာက္သံုးဒရုန္း နဲ႔ ပံုရိပ္ေဖာ္စက္ ထိထိေရာက္ေရာက္ သံုးလို႔မရေပမဲ့ အျခားနည္းနဲ႔ ဆက္လက္ကူညီမယ္လို႔ဆို

ဂူအတြင္း ရြံ႕ေရမ်ားေၾကာင့္ တရုတ္ကယ္ဆယ္ေရးအဖြဲ႔ရဲ႕ ေရေအာက္သံုးဒရုန္း နဲ႔ ပံုရိပ္ေဖာ္စက္ ထိထိေရာက္ေရာက္ သံုးလို႔မရေပမဲ့ အျခားနည္းနဲ႔ ဆက္လက္ကူညီမယ္လို႔ဆို
ဇူလိုင် 1, 2018
By Tachileik News Agency

ထုိင္း - ျမန္မာနယ္စပ္ မယ္ဆုိင္ၿမိဳ႕ ထမ့္လြမ္ဂူအတြင္း ကယ္ဆယ္ရွာေဖြေရးမွာ ပူးေပါင္းကူညီေနတဲ့ တရုတ္ကယ္ဆယ္ေရး အဖြဲ႕ရဲ႕ ေရေအာက္သံုးဒရုန္းနဲ႔ 3D ပံုရိပ္ေဖၚစက္ေတြဟာ ဂူအတြင္းက ရႊံ႕ေရေတြ ျဖစ္ေနတာေၾကာင့္ ထိထိေရာက္ေရာက္ သံုးလို႔မရျဖစ္ေနတယ္လို႔ သိရပါတယ္။

တရုတ္ကယ္ဆယ္ေရး အဖြဲ႕ဟာ ေရေအာက္သံုးစက္ရုပ္ အပါအဝင္ ေရေအာက္သံုးရွာေဖြကယ္ဆယ္ေရး ပစၥည္းေတြနဲ႔ လာေရာက္ ပူးေပါင္းကူညီေနတာ ျဖစ္ေပမဲ့ ဂူူအတြင္းက ရႊံ႕ေရေတြေၾကာင့္ နည္းပညာ တစ္ခ်ိဳ႕က အသံုးျပဳလို႔ မရျဖစ္ေနတာလို႔ ဆိုပါတယ္။

“ကၽြန္ေတာ္တို႔မွာ ဂူအတြင္းကယ္ဆယ္ေရးနဲ႔ ပတ္သက္လို႔ ကၽြမ္းက်င္မႈေတြရိွၿပီးသားပါ။ ကၽြန္ေတာ္တို႔ အေနနဲ႔ ႀကိဳးတစ္ေခ်ာင္းထဲ အသံုးျပဳတဲ့ နည္းပညာလည္း ေကာင္းေကာင္း အသံုးခ်ႏုိင္ပါတယ္။ ဒီအေျခအေနမွာ ကေလးေတြအတြက္  တစ္ခုခုေတာ့ လုပ္ေပးႏုိင္မွာပါ”လို႔ ထမ့္လြမ္ဂူရွာေဖြေရးမွာ ပူးေပါင္းကူညီေနတဲ့ တရုတ္ကယ္ဆယ္ေရးအဖြဲ႕ဝင္ Green Boat Emergency Organization က ဂ်ိမ္းစ္ဝမ္က ေျပာပါတယ္။

ထမ့္လြမ္ဂူ အတြင္းက လူငယ္(၁၃)ဦးကို ကယ္ဆယ္ေရးဟာ ထုိင္းႏုိင္ငံက ႏုိင္ငံေတာ္အဆင့္ လုပ္ေဆာင္ရာ ကေန လက္ရိွမွာေတာ့ ႏုိင္ငံတကာကပါ ပါဝင္ကူညီေနၾကတဲ့ ကယ္ဆယ္ေရး လုပ္ငန္းျဖစ္လာပါတယ္။

ႏုိင္ငံတကာက ကူညီမႈေတြမွာ ျမန္မာႏိုင္ငံအပါအ၀င္ ၾသစေတးလ်ရဲတပ္ဖြဲ႕နဲ႔စစ္တပ္၊ အေမရိကန္စစ္တပ္၊ ၿဗိတိန္မွ ကၽြမ္းက်င္သူမ်ား၊ ဂ်ပန္မွ ပညာရွင္မ်ား၊  တရုတ္မွ ဂူအတြင္း ရွာေဖြေရး ကြ်မ္းက်င္သူ(၆)ဦးပါ အဖြဲ႕တို႔ ကူညီမႈေတြ ေပးေနတယ္လို႔ ဘန္ေကာက္အေျခစိုက္ တရုတ္သံရံုးက ေဖၚျပထားပါတယ္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်း - မြန်မာနယ်စပ် မယ်ဆိုင်မြို့ ထမ့်လွမ်ဂူအတွင်း ကယ်ဆယ်ရှာဖွေရေးမှာ ပူးပေါင်းကူညီနေတဲ့ တရုတ်ကယ်ဆယ်ရေး အဖွဲ့ရဲ့ ရေအောက်သုံးဒရုန်းနဲ့ 3 D ပုံရိပ်ဖော်စက်တွေဟာ ဂူအတွင်းက ရွှံ့ရေတွေ ဖြစ်နေတာကြောင့် ထိထိရောက်ရောက် သုံးလို့မရဖြစ်နေတယ်လို့ သိရပါတယ်။

တရုတ်ကယ်ဆယ်ရေး အဖွဲ့ဟာ ရေအောက်သုံးစက်ရုပ် အပါအဝင် ရေအောက်သုံးရှာဖွေကယ်ဆယ်ရေး ပစ္စည်းတွေနဲ့ လာရောက် ပူးပေါင်းကူညီနေတာ ဖြစ်ပေမဲ့ ဂူအတွင်းက ရွှံ့ရေတွေကြောင့် နည်းပညာ တစ်ချို့က အသုံးပြုလို့ မရဖြစ်နေတာလို့ ဆိုပါတယ်။

“ကျွန်တော်တို့မှာ ဂူအတွင်းကယ်ဆယ်ရေးနဲ့ ပတ်သက်လို့ ကျွမ်းကျင်မှုတွေရှိပြီးသားပါ။ ကျွန်တော်တို့ အနေနဲ့ ကြိုးတစ်ချောင်းထဲ အသုံးပြုတဲ့ နည်းပညာလည်း ကောင်းကောင်း အသုံးချနိုင်ပါတယ်။ ဒီအခြေအနေမှာ ကလေးတွေအတွက် တစ်ခုခုတော့ လုပ်ပေးနိုင်မှာပါ”လို့ ထမ့်လွမ်ဂူရှာဖွေရေးမှာ ပူးပေါင်းကူညီနေတဲ့ တရုတ်ကယ်ဆယ်ရေးအဖွဲ့ဝင် Green Boat Emergency Organization က ဂျိမ်းစ်ဝမ်က ပြောပါတယ်။

ထမ့်လွမ်ဂူ အတွင်းက လူငယ်(၁၃)ဦးကို ကယ်ဆယ်ရေးဟာ ထိုင်းနိုင်ငံက နိုင်ငံတော်အဆင့် လုပ်ဆောင်ရာ ကနေ လက်ရှိမှာတော့ နိုင်ငံတကာကပါ ပါဝင်ကူညီနကြေတဲ့ ကယ်ဆယ်ရေး လုပ်ငန်းဖြစ်လာပါတယ်။

နိုင်ငံတကာက ကူညီမှုတွေမှာ မြန်မာနိုင်ငံအပါအဝင် သြစတေးလျရဲတပ်ဖွဲ့နဲ့စစ်တပ်၊ အမေရိကန်စစ်တပ်၊ ဗြိတိန်မှ ကျွမ်းကျင်သူများ၊ ဂျပန်မှ ပညာရှင်များ၊ တရုတ်မှ ဂူအတွင်း ရှာဖွေရေး ကျွမ်းကျင်သူ(၆)ဦးပါ အဖွဲ့တို့ ကူညီမှုတွေ ပေးနေတယ်လို့ ဘန်ကောက်အခြေစိုက် တရုတ်သံရုံးက ဖော်ပြထားပါတယ်။

Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~