မယ်ဆိုင်ဂူ နှင့် ပတ်သက်၍ သတင်းများ အချိန်ပြည့် တင်ဆက်ပေးခဲ့ကြသည့် တာချီလိတ်သတင်းအေဂျင်စီ၏ သတင်းသမား (၃)ဦးအား အထက(တာချီလိတ်)ကျောင်းသူ ကျောင်းသားဟောင်းကြီးများအဖွဲ့က ဂုဏ်ပြုချီးမြှင့်

မယ်ဆိုင်ဂူ နှင့် ပတ်သက်၍ သတင်းများ အချိန်ပြည့် တင်ဆက်ပေးခဲ့ကြသည့် တာချီလိတ်သတင်းအေဂျင်စီ၏ သတင်းသမား (၃)ဦးအား အထက(တာချီလိတ်)ကျောင်းသူ ကျောင်းသားဟောင်းကြီးများအဖွဲ့က ဂုဏ်ပြုချီးမြှင့်
ဇူလိုငျ 15, 2018
By Tachileik News Agency




အခမ်းအနားတွင် အထက(တာချီလိတ်)ကျောင်းသူကျောင်းသားဟောင်းကြီးများအဖွဲ့  ဥက္ကဌ ဦးတင်ဝင်းက ရှင်းလင်းတင်ပြခြင်း၊ ဂုဏ်ထူးဆောင်သတင်းသမားဆုပေးအပ်ခြင်း၊ ဂုဏ်ထူးဆောင် သတင်းသမား ဆုရရှိသူများ ကိုယ်စား တာချီလိတ်သတင်းအေဂျင်စီ  တည်ထောင်သူနှင့် အယ်ဒီတာချုပ် ကိုဇောင်းက နိုင်ငံတကာမီဒီယာ(၁၀၀၀)၀န်းကျင်အကြား သတင်းရယူခဲ့သည့် အတွေ့အကြုံ နှင့် ကယ်ဆယ်ရေး စခန်းတွင် ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများကို ရှင်းလင်းပြောကြားပြီးနောက် ကိုစည်သူမောင်ကလည်း အတွေ့အကြုံများကို ရှင်းလင်းပြောကြားသည်။


မယ်ဆိုင်ဂူအတွင်း ဇွန်လ(၂၃)ရက်နေ့က တောဝက်ဘောလုံးအသင်းမှ ကလေး(၁၂)ဦးနှင့် နည်းပြတို့ ဝင်သွားခဲ့ပြီး ရေကြီးနစ်မြုပ်မှုကြောင့် ပိတ်မိနေပြီး ပြန်မထွက်နိုင်ဘဲဖြစ်နေရာ ထိုင်းနိုင်ငံက နိုင်ငံတကာနှင့်ပါ ပူးပေါင်းပြီး နိုင်ငံတော်အဆင့် ကယ်ဆယ်ရေးလုပ်ငန်းလုပ်သည်ကို ထိုင်းနိုင်ငံနှင့် နိုင်ငံတကာမှ မီဒီယာသမား (၁၀၀၀)နီးပါး သတင်းရယူခဲ့ကြခြင်းဖြစ်ရာ တာချီလိတ်သတင်းအေဂျင်စီလည်း ပါဝင် သတင်းရယူခဲ့ခြင်း ဖြစ်သည်။




~~~~~~~~⊰❂ unicode ~~~~~~~~

မယ်ဆိုင်ဂူကယ်ဆယ်ရေးတွင် သတင်းများကို အချိန်ပြည့် တင်ဆက်ပေးနိုင်ရန် တာချီလိတ်သတင်း အေဂျင်စီမှ သတင်းရယူခဲ့သည့် ကိုဇောင်း၊ ကိုစည်သူမောင်နှင့် ကိုဇောင်းညီတို့ကို အထက(တာချီလိတ်)ကျောင်းသူကျောင်းသားဟောင်းကြီးများ၏ ဂုဏ်ထူးဆောင်သမားများအဖြစ် ၂၀၁၈ ခုနှစ် ဇူလိုင်လ(၁၅)ရက်နေ့တွင် ချီးမြှင့်လိုက်သည်။

အဆိုပါ သတင်းသမား (၃)ဦးအား ဂုဏ်ပြုပွဲကို အထက(တာချီလိတ်)ကျောင်းသူ ကျောင်းသား ဟောင်းကြီးများက တာချီလိတ်မြို့ မေဖလားဝါးကွင်းအတွင်းရှိ J My King Hotel(သင်္ဘောဟိုတယ်) တွင် ဇူလိုင်လ (၁၅)ရက်နေ့က ကျင်းပခြင်းဖြစ်ပြီး အခမ်းအနား ဖိတ်ကြားခြင်းနှင့် ပတ်သက်၍ ဖိတ်စာအား အွန်လိုင်းမှ ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။

သတင်းသမား (၃)ဦးကို မန်းရတနာပုံလေကြောင်းလိုင်း ဒုတိယဥက္ကဌ ဒေါ်နန်းပီယာရီက ရန်ကုန် - တာချီလိတ် အသွားအပြန် လေယာဉ်လက်မှတ်၊ အခမ်းအနား တက်ရောက်လာသည့် ကျောင်းသားဟောင်း အဖွဲ့၊ လူမှုရေးအသင်းအဖွဲ့နှင့် စီးပွားရေး လုပ်ငန်းရှင်များက ဂုဏ်ပြုချီးမြှင့်ငွေများ ချီးမြှင့်ခြင်း အပြင် အမှတ်တရ ပန်းစည်းများ ချီးမြှင့်ခဲ့ကြခြင်းဖြစ်သည်။

အခမ်းအနားတွင် အထက(တာချီလိတ်)ကျောင်းသူကျောင်းသားဟောင်းကြီးများအဖွဲ့ ဥက္ကဌ ဦးတင်ဝင်းက ရှင်းလင်းတင်ပြခြင်း၊ ဂုဏ်ထူးဆောင်သတင်းသမားဆုပေးအပ်ခြင်း၊ ဂုဏ်ထူးဆောင် သတင်းသမား ဆုရရှိသူများ ကိုယ်စား တာချီလိတ်သတင်းအေဂျင်စီ တည်ထောင်သူနှင့် အယ်ဒီတာချုပ် ကိုဇောင်းက နိုင်ငံတကာမီဒီယာ(၁၀၀၀)ဝန်းကျင်အကြား သတင်းရယူခဲ့သည့် အတွေ့အကြုံ နှင့် ကယ်ဆယ်ရေးစခန်းတွင် ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများကို ရှင်းလင်းပြောကြားပြီးနောက် ကိုစည်သူမောင်ကလည်း အတွေ့အကြုံကို ရှင်းလင်းပြကြားသည်။

အဆိုပါ အခမ်းအနားသို့ ထိုင်းနိုင်ငံ Maesai Today Online ၊ 77kaoded(77kaoded.com)  သတင်းဌာနမှလည်း တက်ရောက်လာခဲ့ကြသည်။

မယ်ဆိုင်ဂူအတွင်း ဇွန်လ(၂၃)ရက်နေ့က တောဝက်ဘောလုံးအသင်းမှ ကလေး(၁၂)ဦးနှင့် နည်းပြတို့ ဝင်သွားခဲ့ပြီး ရကြေီးနစ်မြုပ်မှုကြောင့် ပိတ်မိနပြေီး ပြန်မထွက်နိုင်ဘဲဖြစ်နေရာ ထိုင်းနိုင်ငံက နိုင်ငံတကာနှင့်ပါ ပူးပေါင်းပြီး နိုင်ငံတော်အဆင့် ကယ်ဆယ်ရေးလုပ်ငန်းလုပ်သည်ကို ထိုင်းနိုင်ငံနှင့် နိုင်ငံတကာမှ မီဒီယာသမား (၁၀၀၀)နီးပါး သတင်းရယူခဲ့ကြခြင်းဖြစ်ရာ တာချီလိတ်သတင်းအေဂျင်စီလည်း ပါဝင် သတင်းရယူခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ - မင်းသိန်းကျော်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~