မဲေခါင္ျမစ္ေရ အေျခအေန ၾသဂုတ္လ(၁)ရက္ေန႔တြင္ (၂)ေပျပန္က်သြား၍ ပံုမွန္အထက္ (၁၁)ေပသာရွိ

မဲေခါင္ျမစ္ေရ အေျခအေန ၾသဂုတ္လ(၁)ရက္ေန႔တြင္ (၂)ေပျပန္က်သြား၍ ပံုမွန္အထက္ (၁၁)ေပသာရွိ
သြဂုတ် 1, 2018
By Tachileik News Agency

ေရႊႀတိဂံေဒသ မဲေခါင္ျမစ္ေရ၏ ၂၀၁၈ခုႏွစ္ ၾသဂုတ္လ(၁)ရက္ေန႔ ေန႔လည္ပိုင္း အခ်ိန္တြင္ ျမစ္ေရ အေျခအေနမွာ ပံုမွန္အထက္ (၁၁)ေပသာရွိေတာ့၍ ဇူလိုင္လ(၃၁)ရက္ေန႔ထက္ (၂)ေပ ျပန္လည္ က်သြားေၾကာင္း သိရသည္။

ရက္ပိုင္းအတြင္း မိုးရြာသြန္းမႈေၾကာင့္ ျမစ္ေရအေျခအေန သိသာလာခဲ့သည့္အတြက္ မဲေခါင္ျမစ္ေရအား ေစာင့္ၾကည့္ တိုင္းထြာခ်က္မ်ားအရ  ဇူလိုင္လ(၂၈)ရက္ေန႔က ပံုမွန္အထက္ (၈.၅)ေပ၊ ဇူလိုင္လ(၂၉)ရက္ေန႔ ညေနပိုင္းက (၁၁)ေပရွိခဲ့ၿပီး ဇူလိုင္လ(၃၀)ရက္ေန႔က ပံုမွန္အထက္ (၁၂)ေပ၊ ဇူလိုင္လ(၃၁)ရက္ေန႔တြင္ ပံုမွန္အထက္ (၁၃)ေပရွိခဲ့ရာမွာ ယေန႔ ၾသဂုတ္လ(၁)ရက္ေန႔တြင္ ပံုမွန္အထက္ (၁၁)ေပသာရွိေတာ့ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕တြင္း ႏွင့္ ၿမိဳ႕နယ္အတြင္းရွိ မယ္ဆိုင္ေခ်ာင္း အပါအ၀င္ လြယ္ေတာ္ခမ္း၊ မိုင္းဟဲ၊ ၀မ္လံုး၊ မယ္ဟုတ္၊ ဖန္မင္၊ မိုင္းကိုးတို႔ရွိ ေခ်ာင္းမ်ားသည္ မဲေခါင္ျမစ္အတြင္းသို႔ စီး၀င္သည့္အတြက္ မဲေခါင္ျမစ္၏ ျမစ္ေရတက္လာပါက ေခ်ာင္းေရမ်ားမွာ ပံုမွန္အတိုင္း မစီး၀င္ႏိုင္ေတာ့ဘဲ ေရမ်ားလွ်ံလာပါက ေခ်ာင္းအနီး ေနအိမ္မ်ားသို႔ ေရမ်ား၀င္ေရာက္ ႏိုင္သည့္အတြက္ မဲေခါင္ျမစ္ေရ အေျခအေနကိုလည္း သက္ဆိုင္ရာက ေစာင့္ၾကည့္ခဲ့ၾကျခင္း ျဖစ္သည္။

Tachileik News Agency


~~~~~~~~⊰❂ unicode ~~~~~~~~

ရွှတြေိဂံဒေသ မဲခေါင်မြစ်ရေ၏ ၂၀၁၈ခုနှစ် သြဂုတ်လ(၁)ရက်နေ့ နေ့လည်ပိုင်း အချိန်တွင် မြစ်ရေ အခြေအနေမှာ ပုံမှန်အထက် (၁၁)ပေသာရှိတော့၍ ဇူလိုင်လ(၃၁)ရက်နေ့ထက် (၂)ပေ ပြန်လည် ကျသွားကြောင်း သိရသည်။

ရက်ပိုင်းအတွင်း မိုးရွာသွန်းမှုကြောင့် မြစ်ရေအခြေအနေ သိသာလာခဲ့သည့်အတွက် မဲခေါင်မြစ်ရေအား စောင့်ကြည့် တိုင်းထွာချက်များအရ ဇူလိုင်လ(၂၈)ရက်နေ့က ပုံမှန်အထက် (၈.၅)ပေ၊ ဇူလိုင်လ(၂၉)ရက်နေ့ ညနေပိုင်းက (၁၁)ပေရှိခဲ့ပြီး ဇူလိုင်လ(၃၀)ရက်နေ့က ပုံမှန်အထက် (၁၂)ပေ၊ ဇူလိုင်လ(၃၁)ရက်နေ့တွင် ပုံမှန်အထက် (၁၃)ပေရှိခဲ့ရာမှာ ယနေ့ သြဂုတ်လ(၁)ရက်နေ့တွင် ပုံမှန်အထက် (၁၁)ပေသာရှိတော့ကြောင်း သိရသည်။

တာချီလိတ်မြို့တွင်း နှင့် မြို့နယ်အတွင်းရှိ မယ်ဆိုင်ချောင်း အပါအဝင် လွယ်တော်ခမ်း၊ မိုင်းဟဲ၊ ဝမ်လုံး၊ မယ်ဟုတ်၊ ဖန်မင်၊ မိုင်းကိုးတို့ရှိ ချောင်းများသည် မဲခေါင်မြစ်အတွင်းသို့ စီးဝင်သည့်အတွက် မဲခေါင်မြစ်၏ မြစ်ရေတက်လာပါက ချောင်းရေများမှာ ပုံမှန်အတိုင်း မစီးဝင်နိုင်တော့ဘဲ ရေများလျှံလာပါက ချောင်းအနီး နေအိမ်များသို့ ရေများဝင်ရောက် နိုင်သည့်အတွက် မဲခေါင်မြစ်ရေ အခြေအနေကိုလည်း သက်ဆိုင်ရာက စောင့်ကြည့်ခဲ့ကြခြင်း ဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~