မင်းလှမြို့နယ်တွင် အသက်(၁၂)နှစ်အရွယ် မိန်းကလေးက မွေးဖွားသည့် ရက်သားအရွယ်ကလေးငယ်အား တိုင်းဆေးရုံတွင် အထူးကြပ်မတ်ကုသပေးနေ

မင်းလှမြို့နယ်တွင် အသက်(၁၂)နှစ်အရွယ် မိန်းကလေးက မွေးဖွားသည့် ရက်သားအရွယ်ကလေးငယ်အား တိုင်းဆေးရုံတွင် အထူးကြပ်မတ်ကုသပေးနေ
သွဂုတျ 17, 2018
By Tachileik News Agency


မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်နေ ကလေးမိခင်မှာ အဒေါ်ဖြစ်သူ၏ ယောက်ျားက အဓမ္မပြုကျင့် ခံရခြင်းဖြစ်ပြီး ကလေးအား မွေးထားရန် အခက်အခဲ ရှိသဖြင့် ကလေးအား မွေးစားလိုသူရှာဖွေနေရာ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၁၅) ရက်နေ့တွင် မကွေးပရဟိတအဖွဲ့၊ မလွန်-မင်းလှပရဟိတအသင်းတို့က ဒေသခံများဖြင့် ချိတ်ဆက်၍ သွားရောက် ခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



သတင်း - ဖီးနစ်



~~~~~~~~⊰❂ unicode ~~~~~~~~

အသက်(၁၂)နှစ်အရွယ် မိန်းကလေးက မွေးဖွားလာသည့် ရက်သားအရွယ်ကလေးငယ်အား မွေးစားရန် လိုက်လံ ပေးနေသဖြင့် မကွေးပရဟိတအဖွဲ့က ကလေးအား ခေါ်ဆောင်ပြီး မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာန၏ စီစဉ်မှုဖြင့် မကွေးတိုင်းဆေးရုံကြီးရှိ အထူးကြပ်မတ်ကုသဆောင်သို့ ပို့ဆောင် စောင့်ရှောက်ထားကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်နေ ကလေးမိခင်မှာ အဒေါ်ဖြစ်သူ၏ ယောကျာ်းက အဓမ္မပြုကျင့် ခံရခြင်းဖြစ်ပြီး ကလေးအား မွေးထားရန် အခက်အခဲ ရှိသဖြင့် ကလေးအား မွေးစားလိုသူရှာဖွေနေရာ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ(၁၅) ရက်နေ့တွင် မကွေးပရဟိတအဖွဲ့၊ မလွန်-မင်းလှပရဟိတအသင်းတို့က ဒေသခံများဖြင့် ချိတ်ဆက်၍ သွားရောက် ခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကလေးအား အထူးကြပ်မတ်ကုသဆောင်တွင် ပြုစုစောင့်ရှောက်ထားပြီး လသားအရွယ်ရောက်သည် အထိ မွေးစားသူ မရှိပါက ရန်ကုန်မြို့ရှိ ကလေးပြုစုရေးဌာနတစ်ခုသို့ ပို့ဆောင် လွှဲအပ်သွားရန် စီစဉ်ထားကြောင်း သိရသည်။

အဓမ္မပြုကျင့်သူကို အရေးယူဆောင်ရွက်ထားပြီးဖြစ်ကြောင်းလည်း သိရသည်။

သတင်း - ဖီးနစ်
ဓာတ်ပုံ - ကိုမိုး(မကွေးပရဟိတ)

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~