တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့တွင် အမျိုးသားတစ်ဦးထံက စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့တွင် အမျိုးသားတစ်ဦးထံက စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ
စက်တင်ဘာ 25, 2018
By Tachileik News Agency




Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့


~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်၊ မွန်ကာကျောင်းကျေးရွာအုပ်စု၊ မခန်ကျေးရွာတွင် မူးယစ်သတင်းရ နေအိမ်အား ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား (၁၈၅)ပြားနှင့်အတူ အမျိုးသားတစ်ဦးအား ဖမ်းဆီးရမိကြောင်း သိရသည်။

မိုင်းဖြတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ(၂၅)ရက်နေ့ ညနေ(၄)နာရီခွဲဝန်းကျင်က မူးယစ်ဆေးသုံးစွဲသူဖြစ်ကြောင်း သတင်းရသည့် ကျာကော်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ကျာကော်ကို နေအိမ်တွင် တွေ့ရပြီး WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၁၈၅)ပြားကို တွေ့ရှိ သိမ်းဆည်း ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်ဆေးနှင့်အတူ ဖမ်းမိသည့် ကျာကော်အား မိုင်းဖြတ်မြို့မရဲစခန်းတွင် မယ(ပ) ၇/၂၀၁၈၊ မူး/စိတ်ဥပဒေပုဒ်မ ၁၉(က)အရ အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~