သရုပ္ေဆာင္ ေအာင္ရဲေထြး ေသဆံုးမႈကို လာဘ္ေငြရယူအမႈပိတ္ေၾကာင္း ေပၚေပါက္သျဖင့္ တရားစီရင္ေရးအဖြဲ႕အစည္းမွ (၅)ဦးႏွင့္ စခန္းမွဴး (၁)ဦးတုိ႔ကို အဂတိလုိက္စားမႈျဖင့္ အမႈဖြင့္အေရးယူ

သရုပ္ေဆာင္ ေအာင္ရဲေထြး ေသဆံုးမႈကို လာဘ္ေငြရယူအမႈပိတ္ေၾကာင္း ေပၚေပါက္သျဖင့္ တရားစီရင္ေရးအဖြဲ႕အစည္းမွ (၅)ဦးႏွင့္ စခန္းမွဴး (၁)ဦးတုိ႔ကို အဂတိလုိက္စားမႈျဖင့္ အမႈဖြင့္အေရးယူ
စက်တင်ဘာ 13, 2018
By 🌸
သရုပ္ေဆာင္ ေအာင္ရဲေထြး ေသဆံုးခဲ့ရသည့္ အမႈကိစၥနွင့္ပတ္သက္၍ ဥပေဒခ်ဳပ္ (၁)ဦး၊ ဥပေဒအရာရိွ (၃)ဦး၊ တရားသူႀကီး (၁)ဦးႏွင့္ စခန္းမွဴး(၁)ဦးတုိ႔ကို အဂတိလုိက္စားမႈတုိက္ဖ်က္ေရးဥပေဒျဖင့္ သုဝဏၰနယ္ေျမ ရဲစခန္းတြင္ ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၁၃)ရက္ေန႔တြင္ အမႈဖြင့္လွစ္လုိက္ေၾကာင္း သိရသည္။

ရန္ကုန္တိုင္းေဒသႀကီးဥပေဒခ်ဳပ္ ဦးဟန္ထူး၊ ရန္ကုန္တိုင္းေဒသႀကီးဥပေဒအရာရွိ ဦးသိန္းေဇာ္၊ ရန္ကုန္အေရွ႕ပိုင္းခရိုင္ ဥပေဒအရာရွိ ဦးကိုကိုေလး၊ ဒုတိယခရိုင္ဥပေဒအရာရွိ ေဒၚသစ္သစ္ခင္၊ ဒုတိယခရိုင္တရားသူႀကီး ဦးေအာင္ၾကည္နွင့္ ရန္ကုန္တိုင္းေဒသႀကီးရဲတပ္ဖြဲ႕၊ ေရႊေပါကၠံ နယ္ေျမစခန္းမွဴး (ယခင္သုဝဏၰနယ္ေျမစခန္းမွဴး) လ ၁၆၆၉၅၄ ရဲအုပ္ခ်စ္ကိုကိုတို႔သည္ တရားခံသန္းထြဋ္ေအာင္၏ဖခင္ ဦးခင္ေမာင္ေလးထံမွ လာဘ္ေငြနွင့္တံစိုး လက္ေဆာင္မ်ားရယူကာ အမႈပိတ္သိမ္းေရးအတြက္ ပါဝင္ေဆာင္ရြက္ၾကေၾကာင္း စစ္ေဆးေပၚေပါက္သျဖင့္ ယင္းကဲ့သို႔ အမႈဖြင့္လိုက္ျခင္းျဖစ္ၿပီး တရားရံုးတင္ႏုိင္ေရး ဆက္လက္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္က အဆိုပါကိစၥအား ေက်ာ္ေစာသတင္းအျဖစ္ သတ္မွတ္ခဲ့ကာ စံုစမ္းစစ္ေဆးေရးအဖြဲ႕ ဖြဲ႕စည္းစစ္ေဆးခဲ့ရာ တရားခံသန္းထြဋ္ေအာင္၏ဖခင္ ဦးခင္ေမာင္ေလးထံမွ လာဘ္ေငြနွင့္တံစိုး လက္ေဆာင္မ်ားရယူကာ ရန္ကုန္အေရွ႕ပိုင္းခရိုင္ဥပေဒရံုးမွ ဒုတိယခရိုင္ဥပေဒအရာရွိ ေဒၚသစ္သစ္ခင္(ဥ/၂၃၉၀)သည္ အဆိုပါအမႈအတြက္ တရားလိုျပသက္ေသမ်ားကို တမင္ေပါ့ေလ်ာ့စြာ စစ္ေဆးၿပီး တရားခံမ်ား ျပစ္မႈက်ဴးလြန္ေၾကာင္း တရားလိုျပသက္ေသမ်ားက ထြက္ဆိုနိုင္ျခင္းမရွိဆိုသည့္ အေျခအေနျဖစ္ေပၚေအာင္ဖန္တီးျခင္း၊ ရန္ကုန္ အေရွ႕ပိုင္းခရိုင္ဥပေဒအရာရွိ ဦးကိုကိုေလး(ဥ/၂၄၄၃)ႏွင့္ ရန္ကုန္တိုင္းေဒသႀကီးဥပေဒအရာရွိ ဦးသိန္းေဇာ္ (ဥ/၁၈၄၆) တို႔သည္ ေဒၚသစ္သစ္ခင္၏တင္ျပခ်က္ကို မစစ္ေဆးဘဲ ေထာက္ခံတင္ျပခဲ့ျခင္း၊ ရန္ကုန္တိုင္းေဒသႀကီး ဥပေဒခ်ဳပ္ ဦးဟန္ထူးသည္ အမႈရုပ္သိမ္းခြင့္ ခ်မွတ္ခဲ့ျခင္း၊ ရန္ကုန္အေရွ႕ပိုင္းခရိုင္ တရားရံုးမွ ဒုတိယခရိုင္တရားသူႀကီး ဦးေအာင္ၾကည္(တ/၂၄၃၇) က အမႈရုပ္သိမ္းခြင့္ျပဳၿပီး တရားခံမ်ားကို တရားရွင္လႊတ္ခဲ့ျခင္း၊ ရဲအုပ္ခ်စ္ကိုကိုသည္ အမႈစစ္အျဖစ္ေဆာင္ရြက္ရာ၌ ရဲလုပ္ငန္းကုန္စင္ေအာင္ မေဆာင္ရြက္ျခင္းတုိ႔ စစ္ေဆးေပၚေပါက္ခဲ့ျခင္းျဖစ္ေၾကာငး္ သိရသည္။

သရုပ္ေဆာင္ ေအာင္ရဲေထြး ေသဆုံးမႈႏွင့္ ပတ္သက္ၿပီး ရန္ကုန္အေရွ႕ပိုင္း ခရိုင္တရားရုံးက ၂၀၁၈ ခုႏွစ္၊ ဇူလိုင္လ (၂၅) ရက္ေန႔တြင္ ရာဇဝတ္က်င့္ထုံးဥပေဒ ၄၉၄(က)အရ အမႈကို ရုပ္သိမ္းခြင့္ျပဳလုိက္သည့္ အမိန္႔ခ်မွတ္လိုက္ရာ ေဝဖန္ျပစ္တင္မႈမ်ား ထြက္ေပၚလာသျဖင့္ ႏိုင္ငံေတာ္သမၼတႏွင့္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢဳိလ္တို႔က စိစစ္ေမးျမန္းမႈမ်ား ေဆာင္ရြက္ခဲ့ၿပီးေနာက္ အမႈကို ဆက္လက္စစ္ေဆးရန္အတြက္ တိုင္းေဒသႀကီး တရားလႊတ္ေတာ္သို႔ တင္ျပရန္ ျပည္ေထာင္စုေရွ႕ေနခ်ဳပ္ရုံးက တိုင္းေဒသႀကီးဥပေဒခ်ဳပ္ထံ ဇူလုိင္လ(၃၀)ရက္ေန႔က ညႊန္ၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အမႈမွတရားလိုျပ သက္ေသ (၂၂) ဦးအနက္ သက္ေသ(၈)ဦးမွာ ထြက္ဆိုခ်က္ေပးရန္ က်န္ေနဆဲျဖစ္ေသာ္လည္း အဆိုပါအမႈအား ရုပ္သိမ္းရန္ ရုပ္သိမ္းလႊာကို ေသဆံုးသူေအာင္ရဲေထြး၏ မိသားစုက တင္ျပလာၿပီး တရားလိုျပ သက္ေသ (၁၄) ဦး၏ ထြက္ဆိုခ်က္မ်ားတြင္ ခိုင္လုံသည့္ သက္ေသထြက္ဆိုခ်က္ေပၚေပါက္ျခင္း မရွိသည့္အတြက္ဟုဆိုကာ တိုင္းေဒသႀကီးဥပေဒခ်ဳပ္က အမႈကို ရုပ္သိမ္းရန္ ရုပ္သိမ္းလႊာ တင္သြင္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေအာင္ရဲေထြးကို ၂၀၁၈ ခုႏွစ္ ႏွစ္သစ္ကူးညတြင္ ရန္ကုန္ၿမိဳ႕ရိွ The One Entertainment ၌ လူတစ္စုက ထိုးႀကိတ္ကန္ေၾကာက္မႈေၾကာင့္ ရန္ကုန္ျပည္သူ႔ေဆးရံုႀကီး၌ ေဆးကုသမႈခံယူရင္း ဇန္နဝါရီလ(၂)ရက္ေန႔တြင္ ေသဆံုးသြားခဲ့ျခင္းျဖစ္သည္။

အဆုိပါအမႈႏွင့္ပတ္သက္၍ သန္းထြဋ္ေအာင္(ခ)သားႀကီး၊ ျပည့္ၿဖိဳးေအာင္(ခ)ေအာင္ေလးႏွင့္  ေက်ာ္ေဇာ(ခ)ေက်ာ္ေဇာ္ဟန္တို႔အား တရားစြဲဆိုစစ္ေဆးေနရာမွ ဇူလုိင္လ(၂၅)ရက္ေန႔တြင္ အမႈကို ရုပ္သိမ္းခြင့္ျပဳလုိက္ျခင္းျဖစ္သည္။

Tachileik News Agency

~~~~~~~~⊰❂ unicode ~~~~~~~~
သရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုကို လာဘ်ငွေရယူအမှုပိတ်ကြောင်း ပေါ်ပေါက်သဖြင့်တရားစီရင်ရေးအဖွဲ့အစည်းမှ (၅)ဦးနှင့် စခန်းမှူး (၁)ဦးတို့ကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့်အရေးယူ
*************
သရုပ်ဆောင် အောင်ရဲထွေး သေဆုံးခဲ့ရသည့် အမှုကိစ္စနှင့်ပတ်သက်၍ ဥပဒေချုပ် (၁)ဦး၊ ဥပဒေအရာရှိ (၃)ဦး၊ တရားသူကြီး (၁)ဦးနှင့် စခန်းမှူး(၁)ဦးတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် သုဝဏ္ဏနယ်မြေ ရဲစခန်းတွင် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၁၃)ရက်နေ့တွင် အမှုဖွင့်လှစ်လိုက်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ် ဦးဟန်ထူး၊ ရန်ကုန်တိုင်းဒေသကြီးဥပဒေအရာရှိ ဦးသိန်းဇော်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေး၊ ဒုတိယခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်၊ ဒုတိယခရိုင်တရားသူကြီး ဦးအောင်ကြည်နှင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ရွှေပေါက္ကံ နယ်မြေစခန်းမှူး (ယခင်သုဝဏ္ဏနယ်မြေစခန်းမှူး) လ ၁၆၆၉၅၄ ရဲအုပ်ချစ်ကိုကိုတို့သည် တရားခံသန်းထွဋ်အောင်၏ဖခင် ဦးခင်မောင်လေးထံမှ လာဘ်ငွေနှင့်တံစိုး လက်ဆောင်များရယူကာ အမှုပိတ်သိမ်းရေးအတွက် ပါဝင်ဆောင်ရွက်ကြကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ယင်းကဲ့သို့ အမှုဖွင့်လိုက်ခြင်းဖြစ်ပြီး တရားရုံးတင်နိုင်ရေး ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က အဆိုပါကိစ္စအား ကျော်စောသတင်းအဖြစ် သတ်မှတ်ခဲ့ကာ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ တရားခံသန်းထွဋ်အောင်၏ဖခင် ဦးခင်မောင်လေးထံမှ လာဘ်ငွေနှင့်တံစိုး လက်ဆောင်များရယူကာ ရန်ကုန်အရှေ့ပိုင်းခရိုင်ဥပဒေရုံးမှ ဒုတိယခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်(ဥ/၂၃၉၀)သည် အဆိုပါအမှုအတွက် တရားလိုပြသက်သေများကို တမင်ပေါ့လျော့စွာ စစ်ဆေးပြီး တရားခံများ ပြစ်မှုကျူးလွန်ကြောင်း တရားလိုပြသက်သေများက ထွက်ဆိုနိုင်ခြင်းမရှိဆိုသည့် အခြေအနေဖြစ်ပေါ်အောင်ဖန်တီးခြင်း၊ ရန်ကုန် အရှေ့ပိုင်းခရိုင်ဥပဒေအရာရှိ ဦးကိုကိုလေး(ဥ/၂၄၄၃)နှင့် ရန်ကုန်တိုင်းဒေသကြီးဥပဒေအရာရှိ ဦးသိန်းဇော် (ဥ/၁၈၄၆) တို့သည် ဒေါ်သစ်သစ်ခင်၏တင်ပြချက်ကို မစစ်ဆေးဘဲ ထောက်ခံတင်ပြခဲ့ခြင်း၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူးသည် အမှုရုပ်သိမ်းခွင့် ချမှတ်ခဲ့ခြင်း၊ ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးမှ ဒုတိယခရိုင်တရားသူကြီး ဦးအောင်ကြည်(တ/၂၄၃၇) က အမှုရုပ်သိမ်းခွင့်ပြုပြီး တရားခံများကို တရားရှင်လွှတ်ခဲ့ခြင်း၊ ရဲအုပ်ချစ်ကိုကိုသည် အမှုစစ်အဖြစ်ဆောင်ရွက်ရာ၌ ရဲလုပ်ငန်းကုန်စင်အောင် မဆောင်ရွက်ခြင်းတို့ စစ်ဆေးပေါ်ပေါက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သရုပ်ဆောင် အောင်ရဲထွေး သေဆုံးမှုနှင့် ပတ်သက်ပြီး ရန်ကုန်အရှေ့ပိုင်း ခရိုင်တရားရုံးက ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၅) ရက်နေ့တွင် ရာဇဝတ်ကျင့်ထုံးဥပဒေ ၄၉၄(က)အရ အမှုကို ရုပ်သိမ်းခွင့်ပြုလိုက်သည့် အမိန့်ချမှတ်လိုက်ရာ ဝေဖန်ပြစ်တင်မှုများ ထွက်ပေါ်လာသဖြင့် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့က စိစစ်မေးမြန်းမှုများ ဆောင်ရွက်ခဲ့ပြီးနောက် အမှုကို ဆက်လက်စစ်ဆေးရန်အတွက် တိုင်းဒေသကြီး တရားလွှတ်တော်သို့ တင်ပြရန် ပြည်ထောင်စုရှေ့နေချုပ်ရုံးက တိုင်းဒေသကြီးဥပဒေချုပ်ထံ ဇူလိုင်လ(၃၀)ရက်နေ့က ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမှုမှတရားလိုပြ သက်သေ (၂၂) ဦးအနက် သက်သေ(၈)ဦးမှာ ထွက်ဆိုချက်ပေးရန် ကျန်နေဆဲဖြစ်သော်လည်း အဆိုပါအမှုအား ရုပ်သိမ်းရန် ရုပ်သိမ်းလွှာကို သေဆုံးသူအောင်ရဲထွေး၏ မိသားစုက တင်ပြလာပြီး တရားလိုပြ သက်သေ (၁၄) ဦး၏ ထွက်ဆိုချက်များတွင် ခိုင်လုံသည့် သက်သေထွက်ဆိုချက်ပေါ်ပေါက်ခြင်း မရှိသည့်အတွက်ဟုဆိုကာ တိုင်းဒေသကြီးဥပဒေချုပ်က အမှုကို ရုပ်သိမ်းရန် ရုပ်သိမ်းလွှာ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အောင်ရဲထွေးကို ၂၀၁၈ ခုနှစ် နှစ်သစ်ကူးညတွင် ရန်ကုန်မြို့ရှိ The One Entertainment ၌ လူတစ်စုက ထိုးကြိတ်ကန်ကြောက်မှုကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူရင်း ဇန်နဝါရီလ(၂)ရက်နေ့တွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုနှင့်ပတ်သက်၍ သန်းထွဋ်အောင်(ခ)သားကြီး၊ ပြည့်ဖြိုးအောင်(ခ)အောင်လေးနှင့်  ကျော်ဇော(ခ)ကျော်ဇော်ဟန်တို့အား တရားစွဲဆိုစစ်ဆေးနေရာမှ ဇူလိုင်လ(၂၅)ရက်နေ့တွင် အမှုကို ရုပ်သိမ်းခွင့်ပြုလိုက်ခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~