တာလေတွင် ရွှေသတ္တုတူးဖေါ်ရေးလုပ်ငန်းသုံး အက်ဆစ်တင်လာသည့်ယာဉ် ခရီးသည်တင်ယာဉ်ကို ဝင်တိုက်မိ၍ အက်ဆစ်ပုံးအချို့ပေါက်ကွဲပြီး အမျိုးသားတစ်ဦး ဒဏ်ရာရ
တာလေတွင် ရွှေသတ္တုတူးဖေါ်ရေးလုပ်ငန်းသုံး အက်ဆစ်တင်လာသည့်ယာဉ် ခရီးသည်တင်ယာဉ်ကို ဝင်တိုက်မိ၍ အက်ဆစ်ပုံးအချို့ပေါက်ကွဲပြီး အမျိုးသားတစ်ဦး ဒဏ်ရာရ
စကျတငျဘာ 26, 2018
By Tachileik News Agency
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလေမြို့ အမှတ်(၃၁၆) ခြေမြန်တပ်ရင်း တပ်စခန်းရှေ့လမ်းတွင် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၆)ရက်နေ့ ညနေက ရပ်ထားသည့် ခရီးသည်တင်မှန်လုံယာဉ်အား ရွှေတူးဖေါ်ရေးလုပ်ငန်းသုံး အက်ဆစ်ပုံးများ တင်လာသည့် မော်တော်ယာဉ်က ဝင်တိုက်မိသဖြင့် အက်ဆစ်ပုံးအချို့ ပေါက်ကွဲသွားကာ အမျိုးသားတစ်ဦး ဒဏ်ရာရထားကြောင်း သိရသည်။
တာလေမြို့အတွင်း ရွှေတူးဖေါ်ရေးလုပ်ငန်း လုပ်ကိုင်နေသည့် လုပ်ကွက်များရှိနေပြီး အဆိုပါ လုပ်ကွက်များတွင် အသုံးပြုရန် သယ်ဆောင်လာသည့် အက်ဆစ်ပုံးများဖြစ်ကြောင်း သိရသည်။
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလမြေို့ အမှတ်(၃၁၆) ခြမြေန်တပ်ရင်း တပ်စခန်းရှေ့လမ်းတွင် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၆)ရက်နေ့ ညနေက ရပ်ထားသည့် ခရီးသည်တင်မှန်လုံယာဉ်အား ရွှေတူးဖော်ရေးလုပ်ငန်းသုံး အက်ဆစ်ပုံးများ တင်လာသည့် မော်တော်ယာဉ်က ဝင်တိုက်မိသဖြင့် အက်ဆစ်ပုံးအချို့ ပေါက်ကွဲသွားကာ အမျိုးသားတစ်ဦး ဒဏ်ရာရထားကြောင်း သိရသည်။
“အက်ဆစ်ပုံး တစ်လုံး၊ နှစ်လုံးတော့ ပေါက်ကွဲသွားတယ်။ အက်ဆစ်ဖိတ်တဲ့နေရာမှာ ထိမိတဲ့ မြက်ပင်တွေတောင် ချက်ချင်းသေတယ်။ အငွေ့တွေလည်း ထွက်နေတယ်။ တာချီလိတ် - နပြေည်တော်ဆွဲနေတဲ့ မှန်လုံခရီးသည်တင်ယာဉ် ရပ်ထားတာကို အက်ဆစ်တင်လာတဲ့ကားက ဝင်တိုက်တာ။ နောက်က လိုက်တာတဲ့ ကောင်လေးတော့ အက်ဆစ်ထိသွားတယ်။ ဆေးရုံပို့ထားတယ်။ အခုတော့ မျက်လုံးထိထားလားမသိဘူး။ ပတ်တီးစည်းပေးထားတယ်။ သက်ဆိုင်ရာကလည်း ယာဉ်တိုက်တာ လာစစ်ဆေးနေပါပြီ။ မောင်းလာတာက တရုတ်နိုင်ငံသားလို့တော့ သိရတယ်”ဟု အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားရာ အနီးတွင် ကူညီပေးနေသည့် တာလမြေို့ လောကပါလပရဟိတ လူမှုကူညီရေးအင်အားစု(တာလေ)မှ ဦးငြိမ်းသောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တိုက်မိသည့် မော်တော်ယာဉ်တွင် ရွှေတူးဖော်ရာ၌ အသုံးပြုသည့် အက်ဆစ်ပုံး (၁၄)ပုံးသယ်ဆောင်လာသည်ကို တွေ့ရပြီး သက်ဆိုင်ရာတာဝန်ရှိသူများက အခင်းဖြစ်နေရာကို စစ်ဆေး နေဆဲဖြစ်ကြောင်း သိရသည်။
တာလမြေို့အတွင်း ရွှေတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေသည့် လုပ်ကွက်များရှိနပြေီး အဆိုပါ လုပ်ကွက်များတွင် အသုံးပြုရန် သယ်ဆောင်လာသည့် အက်ဆစ်ပုံးများဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ - လောကပါလပရဟိတ လူမှုကူညီရေးအင်အားစု(တာလေ) 
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~