တာခ်ီလိတ္တြင္ အမ်ိဳးသမီးတစ္ဦး အခ်ိဳရည္ဗူးအတြင္းထည့္ထားသည့္ ျမက္သတ္ေဆးကို မွားယြင္းေသာက္မိ

တာခ်ီလိတ္တြင္ အမ်ိဳးသမီးတစ္ဦး အခ်ိဳရည္ဗူးအတြင္းထည့္ထားသည့္ ျမက္သတ္ေဆးကို မွားယြင္းေသာက္မိ
နိုဝင်ဘာ 28, 2018
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၈ ခုႏွစ္၊ ႏိုဝင္ဘာလ(၂၈)ရက္ေန႔ညက အသက္(၄၉)ႏွစ္အရြယ္ အမ်ိဳးသမီးတစ္ဦးက အခ်ိဳရည္ဗူးအတြင္းထည့္ထားသည့္ ျမက္သတ္ေဆးကို အခ်ိဳရည္ႏွင့္ မွားယြင္းေသာက္သံုးမႈျဖစ္ပြားေၾကာင္း သိရသည္။

“ျမက္သတ္ေဆးေသာက္ထားတယ္ဆိုလို႔ ကၽြန္ေတာ္တုိ႔ဆီဖုန္းဆက္အကူအညီေတာင္းလုိ႔ ေဆးရံုကို ပို႔ေပးခဲ့ပါတယ္။ သူမွားေသာက္ထားမိတဲ့ ျမက္သတ္ေဆးပုလင္းလည္း ေဆးရံုကို ယူလာေပးပါတယ္။ ပုလင္းတစ္ဝက္ေလာက္ကို ေသာက္မိထားတာလို႔ သိရတယ္။ ေဆးရံုကေတာ့ ႀကိဳးစားကုေပးေနပါတယ္။ ဒီဘက္မွာ ျမက္သတ္ေဆးကို သူ႔ပုလင္းအတိုင္းမဟုတ္ဘဲ တစ္ျခားဗူးခြံေတြထဲထည့္ထားတတ္ၾကေတာ့ ျမက္သတ္ေဆးေသာက္မိတယ္ ခဏခဏၾကားရတယ္”ဟု တာခ်ီလိတ္နာေရးကူညီမႈအသင္း ဥကၠဌ ဦးလွမိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ျမက္သတ္ေဆးေသာက္မိသည့္ အမ်ိဳးသမီးအား ေဆးရံုသို႔ပို႔ေဆာင္ေပးရန္ ည (၈)နာရီ (၂၀)မိနစ္တြင္ နာေရးကူညီမႈအသင္းသို႔ အဆိုပါရြာမွ ဖုန္းဆက္အေၾကာင္းၾကားလာျခင္းျဖစ္ေၾကာင္းသိရၿပီး အခင္းျဖစ္ရပ္အား သက္ဆုိင္ရာ ရဲတပ္ဖြဲ႕က စစ္ေဆးေနေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်တွင် အမျိုးသမီးတစ်ဦး အချိုရည်ဗူးအတွင်းထည့်ထားသည့် မြက်သတ်ဆေးကို မှားယွင်းသောက်မိ
************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ(၂၈)ရက်နေ့ညက အသက်(၄၉)နှစ်အရွယ် အမျိုးသမီးတစ်ဦးက အချိုရည်ဗူးအတွင်းထည့်ထားသည့် မြက်သတ်ဆေးကို အချိုရည်နှင့် မှားယွင်းသောက်သုံးမှုဖြစ်ပွားကြောင်း သိရသည်။

“မြက်သတ်ဆေးသောက်ထားတယ်ဆိုလို့ ကျွန်တော်တို့ဆီဖုန်းဆက်အကူအညီတောင်းလို့ ဆေးရုံကို ပို့ပေးခဲ့ပါတယ်။ သူမှားသောက်ထားမိတဲ့ မြက်သတ်ဆေးပုလင်းလည်း ဆေးရုံကို ယူလာပေးပါတယ်။ ပုလင်းတစ်ဝက်လောက်ကို သောက်မိထားတာလို့ သိရတယ်။ ဆေးရုံကတော့ ကြိုးစားကုပေးနေပါတယ်။ ဒီဘက်မှာ မြက်သတ်ဆေးကို သူ့ပုလင်းအတိုင်းမဟုတ်ဘဲ တစ်ခြားဗူးခွံတွေထဲထည့်ထားတတ်ကြတော့ မြက်သတ်ဆေးသောက်မိတယ် ခဏခဏကြားရတယ်”ဟု တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြက်သတ်ဆေးသောက်မိသည့် အမျိုးသမီးအား ဆေးရုံသို့ပို့ဆောင်ပေးရန် ည (၈)နာရီ (၂၀)မိနစ်တွင် နာရေးကူညီမှုအသင်းသို့ အဆိုပါရွာမှ ဖုန်းဆက်အကြောင်းကြားလာခြင်းဖြစ်ကြောင်းသိရပြီး အခင်းဖြစ်ရပ်အား သက်ဆိုင်ရာ ရဲတပ်ဖွဲ့က စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~