စင်္ကာပူနိုင်ငံတွင် အိမ်အကူအလုပ် လုပ်ကိုင်ပြီး ပြန်လာသည့် မိန်းကလေး လုပ်အားခငွေတွင် မြန်မာကျပ်ငွေအတုများပါနေ၍ ဒိုက်ဦးရဲစခန်း၌ အမှုဖွင့်ခံထားရ

စင်္ကာပူနိုင်ငံတွင် အိမ်အကူအလုပ် လုပ်ကိုင်ပြီး ပြန်လာသည့် မိန်းကလေး လုပ်အားခငွေတွင် မြန်မာကျပ်ငွေအတုများပါနေ၍ ဒိုက်ဦးရဲစခန်း၌ အမှုဖွင့်ခံထားရ
ဒီဇငျဘာ 7, 2018
By Tachileik News Agency

စင်္ကာပူနိုင်ငံတွင် အိမ်အကူအလုပ် လုပ်ကိုင်ရာမှ ရရှိလာသည့် ငွေကျပ် (၂၉)သိန်းကျော်တွင် ကျပ်တစ်သောင်းတန် ငွေစက္ကူအတု (၁၅၄)ရွက် ပါဝင်လာသဖြင့် ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်မှ အသက်(၂၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေဖြင့် အရေးယူ ထားကြောင်း သိရသည်။


အဆိုပါ ငွေစက္ကူများမှာ နော်သော့သွဲ့ထူးက ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ စင်္ကာပူနိုင်ငံတွင် အိမ်အကူ လုပ်ကိုင် နေခြင်းဖြစ်ပြီး မြန်မာနိုင်ငံသို့ ပြန်ရန်အတွက် အိမ်ရှင်အမျိုးသမီးက ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့တွင် စင်္ကာပူနိုင်ငံရှိ MM Sharife Trader တွင် စင်္ကာပူ ဒေါ်လာ (၃၁၂၃.၃၉) အား မြန်မာငွေဖြင့် လဲလှယ်ပေးအပ်လိုက်သည့် ငွေစက္ကူများ ဖြစ်သည်ဟု စစ်ဆေးသိရှိရကြောင်း သိရသည်။


Tachileik News Agency
ဓါတ်ပုံ - ရဲတပ်ဖွဲ့

~~~~~~~~⊰❂ unicode ~~~~~~~~
စင်္ကာပူနိုင်ငံတွင် အိမ်အကူအလုပ် လုပ်ကိုင်ရာမှ ရရှိလာသည့် ငွေကျပ် (၂၉)သိန်းကျော်တွင် ကျပ်တစ်သောင်းတန် ငွေစက္ကူအတု (၁၅၄)ရွက် ပါဝင်လာသဖြင့် ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ်မှ အသက်(၂၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒဖြေင့် အရေးယူ ထားကြောင်း သိရသည်။

ဒိုက်ဦးမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီးသည့် ပူးပေါင်းအဖွဲ့သည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၆) ရက်နေ့ နေ့လယ် (၂)နာရီခွဲဝန်းကျင်တွင် သတင်းအရ ဒိုက်ဦးမြို့နယ်၊ လယ်ကြားမြောင်ကျေးရွာရှိ နော်သော့သွဲ့ထူး၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ တစ်သောင်းတန် ငွေစက္ကူ (၁၅၄)ရွက်ကို စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ငွေစက္ကူများမှာ နော်သော့သွဲ့ထူးက ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ စင်္ကာပူနိုင်ငံတွင် အိမ်အကူ လုပ်ကိုင် နခြေင်းဖြစ်ပြီး မြန်မာနိုင်ငံသို့ ပြန်ရန်အတွက် အိမ်ရှင်အမျိုးသမီးက ၂၀၁၈ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့တွင် စင်္ကာပူနိုင်ငံရှိ MM Sharife Trader တွင် စင်္ကာပူ ဒေါ်လာ (၃၁၂၃.၃၉) အား မြန်မာငွဖြေင့် လဲလှယ်ပေးအပ်လိုက်သည့် ငွေစက္ကူများ ဖြစ်သည်ဟု စစ်ဆေးသိရှိရကြောင်း သိရသည်။

နော်သော့သွဲ့ထူးရရှိခဲ့သည့် လုပ်အားခ ( ၂,၉၆၀,ဝဝဝ)ကျပ်တွင် တစ်သောင်းတန်ငွေစက္ကူအတု (၁၅၄)ရွက် ပါဝင်သည်ကို တွေ့ရသဖြင့် နော်သော့သွဲ့ထူးအား ဒိုက်ဦးမြို့မရဲစခန်းတွင် (ပ) ၁၄၂၀/၂၀၁၈၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~