တာချီလိတ်တွင် ဝက်မွေးမြူရေးလုပ်ငန်း(၃)ခုကို အသားထုတ်လုပ်ရောင်းချခွင့်လိုင်စင်ခွင့်ပြုထား

တာချီလိတ်တွင် ဝက်မွေးမြူရေးလုပ်ငန်း(၃)ခုကို အသားထုတ်လုပ်ရောင်းချခွင့်လိုင်စင်ခွင့်ပြုထား
ဒီဇငျဘာ 8, 2018
By Tachileik News Agency

မွေးမြူရေးလုပ်ငန်းအနေဖြင့် အသားထုတ်လုပ်ရောင်းချခွင့် တစ်နှစ်သက်တမ်းလိုင်စင်များ ထုတ်ပေးနေရာ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှ ဝက်မွေးမြူရေးလုပ်ငန်း (၃)ခုက လျှောက်ထားလုပ်ကိုင်နေကြောင်း သိရသည်။


အသားထုတ်လုပ် ရောင်းချခွင့်လိုင်စင်များကို ဘဏ္ဍာနှစ်အလိုက် ခွင့်ပြုပေးနေခြင်းဖြစ်ပြီး စည်ပင်သာယာရေးဌာနမှ လိုင်စင်ခေါ်ယူချိန်တွင် မွေးမြူထုတ်လုပ်မည့် လုပ်ငန်းရှင်များ အနေဖြင့် လိုအပ်သော ထောက်ခံများ ၊ အားမခံကြေးများ ပေးသွင်း၍ လျှောက်ထားရမည်ဖြစ်ပြီး လိုင်စင် သက်တမ်းကုန်လျှင် ပြန်လည် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ဆန်းဖြိုးထွန်း
ဓါတ်ပုံ - စည်ပင်


~~~~~~~~⊰❂ unicode ~~~~~~~~

မွေးမြူရေးလုပ်ငန်းအနဖြေင့် အသားထုတ်လုပ်ရောင်းချခွင့် တစ်နှစ်သက်တမ်းလိုင်စင်များ ထုတ်ပေးနေရာ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့မှ ဝက်မွေးမြူရေးလုပ်ငန်း (၃)ခုက လျှောက်ထားလုပ်ကိုင်နေကြောင်း သိရသည်။

"အရင်တုန်းကတော့ လေလံလိုင်စင်ဆိုတော့ တစ်ယောက်တည်းကပဲဆွဲပြီး တစ်ယောက်တည်းကပဲ ချုပ်ကိုင်ထားတဲ့ စနစ်ပေါ့။ အခုနောက်ပိုင်းကျတော့ လူတိုင်းလည်း ရောင်းလို့ရအောင်ဆိုပြီးတော့ အသားရောင်း လိုင်စင် လက်မှတ်စနစ်နဲ့ ကျွန်တော်တို့ သွားတာဖြစ်ပါတယ်။ ဒီလိုင်စင်က အသားသတ်ခွင့်နဲ့ အသားထုတ်လုပ် ရောင်းချခွင့်ပါတယ်။ သူတို့လုပ်ငန်းသုံး လုံလောက်တဲ့အထိ မွေးထားတာတွေ ရှိတယ်။ သူတို့တွေက မွေးမြူပြီး အသား ကိုယ်တိုင်ထုတ်တာပေါ့။ အဲဒီအတွက် ထုတ်ပေးတာပါ"ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးစိုင်းအောင်လင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ဒီဇင်ဘာလ(၈)ရက်နေ့က ပြောသည်။

အသားထုတ်လုပ် ရောင်းချခွင့်လိုင်စင်များကို ဘဏ္ဍာနှစ်အလိုက် ခွင့်ပြုပေးနခြေင်းဖြစ်ပြီး စည်ပင်သာယာရေးဌာနမှ လိုင်စင်ခေါ်ယူချိန်တွင် မွေးမြူထုတ်လုပ်မည့် လုပ်ငန်းရှင်များ အနဖြေင့် လိုအပ်သော ထောက်ခံများ၊ အားမခံကြေးများ ပေးသွင်း၍ လျှောက်ထားရမည်ဖြစ်ပြီး လိုင်စင် သက်တမ်းကုန်လျှင် ပြန်လည် လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

မွေးမြူထုတ်လုပ်ရောင်းချခွင့်လိုင်စင်အား တာချီလိတ်မြို့နယ်တွင် ၂၀၁၃ ခုနှစ်မှစ၍ ဘဏ္ဍာရေးနှစ် အလိုက် ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဆန်းဖြိုးထွန်း
ဓာတ်ပုံ - စည်ပင်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~