က်ပ္သန္းေပါင္း (၁၄၀၀)ေက်ာ္ ကုန္က်သည့္ တာခ်ီလိတ္ခရိုင္/ၿမိဳ႕နယ္စုေပါင္းရံုးႏွင့္ OSS ရံုးသစ္ ဖြင့္လွစ္

က်ပ္သန္းေပါင္း (၁၄၀၀)ေက်ာ္ ကုန္က်သည့္ တာခ်ီလိတ္ခရိုင္/ၿမိဳ႕နယ္စုေပါင္းရံုးႏွင့္ OSS ရံုးသစ္ ဖြင့္လွစ္
ဒီဇင်ဘာ 3, 2018
By Tachileik News Agency
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း)တာခ်ီလိတ္ၿမိဳ႕တြင္ က်ပ္သန္းေပါင္း (၁,၄၇၀)ျဖင့္ တည္ေဆာက္ထားသည့္ ခရိုင္၊ၿမိဳ႕နယ္ စုေပါင္းရံုးႏွင့္  OSS ရံုးတို႔ကို ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၃) ရက္ေန႔ နံနက္က ဖြင့္လွစ္ရာ ျပည္နယ္အစိုးရအဖြဲ႔ ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ႏွင့္ ျပည္နယ္အစိုးရအဖြဲ႕ဝင္ ဝန္ႀကီးမ်ား တက္ေရာက္ဖြင့္လွစ္ေပးခဲ့ၾကသည္။

အဆိုပါ ရံုးဖြင့္ပြဲသို႔ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ စည္ပင္သာယာေရးဝန္ႀကီး ဦးစိုင္းစြံဆိုင္း၊  ျပည္နယ္လံုျခံဳေရးႏွင့္ နယ္စပ္ေရးရာ၀န္ႀကီး ဗိုလ္မွဴးႀကီးလွဦး၊ဘ႑ာေရးဝန္ႀကီး ဦးစိုင္းရွဲန္တစ္လံု၊ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ဦးခြန္ရဲေထြး၊ ျပည္ထဲေရး၀န္ႀကီးဌာန၊ အၿမဲတမ္းအတြင္းဝန္၊ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးတင္ျမင့္၊ ရွမ္းျပည္နယ္ အစိုးရအဖဲြ႔ အတြင္းေရးမွဴး ဦးစိုးစိုးေဇာ္၊ အမ်ိဳးသားလႊတ္ေတာ္ဦးစိုင္းလံုစံခတ္၊   ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္ အပါအ၀င္ တာခ်ီလိတ္ခရိုင္/ၿမိဳ႕နယ္ သက္ဆုိင္ရာဌာနအသီးသီးမွ တာဝန္ရိွသူမ်ား၊ လုပ္ငန္းရွင္မ်ား၊ လူမႈေရးအသင္းအဖြဲ႕မ်ား တက္ေရာက္ၾကသည္။

ရံုးမ်ားဖြင့္လွစ္ပြဲအၿပီးတြင္ စုေပါင္းရံုးကို တာဝန္ယူေဆာက္လုပ္ခဲ့သည့္ ဝင္းထက္ျမန္မာကုမၸဏီက ရံုးခန္းလႊဲေျပာင္းေပးအပ္ျခင္းႏွင့္ ဝန္ႀကီးခ်ဳပ္ႏွင့္ ဌာနဆုိင္ရာမ်ားေတြ႔ဆံုေဆြးေႏြးပြဲမ်ားကို ဆက္လက္က်င္းပေနသည္။

Tachileik News Agency
 ဓါတ္ပံု - ခ်ယ္ရီထိုက္ ၊ ဆန္းၿဖဳိးထြန္း



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း)တာချီလိတ်မြို့တွင် ကျပ်သန်းပေါင်း (၁,၄၇၀)ဖြင့် တည်ဆောက်ထားသည့် ခရိုင်၊မြို့နယ် စုပေါင်းရုံးနှင့် OSS ရုံးတို့ကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၃) ရက်နေ့ နံနက်က ဖွင့်လှစ်ရာ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။

အဆိုပါ ရုံးဖွင့်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦး၊ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်မြင့်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်၊ အမျိုးသားလွှတ်တော်ဦးစိုင်းလုံစံခတ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့် အပါအဝင် တာချီလိတ်ခရိုင်/မြို့နယ် သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကြသည်။

ရုံးများဖွင့်လှစ်ပွဲအပြီးတွင် စုပေါင်းရုံးကို တာဝန်ယူဆောက်လုပ်ခဲ့သည့် ဝင်းထက်မြန်မာကုမ္ပဏီက ရုံးခန်းလွှဲပြောင်းပေးအပ်ခြင်းနှင့် ဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာများတွေ့ဆုံဆွေးနွေးပွဲများကို ဆက်လက်ကျင်းပနေသည်။

Tachileik News Agency
 ဓာတ်ပုံ - ချယ်ရီထိုက်၊ ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~