ၿမိဳင္ၿမိဳ႕နယ္အတြင္း ဓါတ္အားခြဲရံုေဟာင္းႏွင့္ ေရနံတြင္းမွအခြန္ေငြတို႔ျဖင့္ ေက်းရြာေပါင္း (၂၉)ရြာ လွ်ပ္စစ္မီးစတင္ျဖန္႔ျဖဴးေနၿပီး ေနာက္ထပ္ရြာေပါင္း (၃၀)သို႔ ထပ္မံျဖန္႔ျဖဴးမည္

ၿမိဳင္ၿမိဳ႕နယ္အတြင္း ဓါတ္အားခြဲရံုေဟာင္းႏွင့္ ေရနံတြင္းမွအခြန္ေငြတို႔ျဖင့္ ေက်းရြာေပါင္း (၂၉)ရြာ လွ်ပ္စစ္မီးစတင္ျဖန္႔ျဖဴးေနၿပီး ေနာက္ထပ္ရြာေပါင္း (၃၀)သို႔ ထပ္မံျဖန္႔ျဖဴးမည္
ဒီဇင်ဘာ 29, 2018
By Tachileik News Agency

မေကြးတိုင္းေဒသႀကီး၊ ပခုကၠဴခရိုင္၊ ၿမိဳင္ၿမိဳ႕နယ္အတြင္း တပ္မေတာ္အစိုးရ လက္ထက္က အသံုးျပဳႏိုင္ျခင္း မရိွခဲ့သည့္ ဓာတ္အားခဲြရံုကို လွ်ပ္စစ္ဌာနသို႔ လႊဲေျပာင္းလုပ္ကိုင္ေစေပးၿပီး ေရနံလက္ယက္တြင္းတိမ္ လုပ္ငန္းမွ ရရိွသည့္ အခြန္ေငြတို႔ျဖင့္ လွ်ပ္စစ္ဓါတ္အားရရိွေရးေဆာင္ရြက္ေပးခဲ့ရာ ၿမိဳင္ၿမိဳ႕နယ္အတြင္းမွ ေက်းရြာ(၂၉)ရြာ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလအတြံင္း လွ်ပ္စစ္မီးအသံုးျပဳႏုိင္ၿပီျဖစ္ေၾကာင္း သိရသည္။

“ဒီလိုမ်ိဳး ဓာတ္အားေပးႏိုင္ဖို႔ဆိုတာ က်န္တဲ့တိုင္းနဲ႔ျပည္နယ္ေတြမွာေရာ မေကြးတိုင္းအတြင္းက က်န္တဲ့ၿမိဳ႕နယ္ေတြမွာပါ လုပ္ႏိုင္ဖို႔ မလြယ္ပါဘူး။ အဲဒီ ဓာတ္အားခဲြရံုက တပ္မေတာ္အစိုးရ လက္ထက္ ကတည္းက ေတာထဲမွာ တည္ေဆာက္ခဲ့တာျဖစ္ၿပီး အေျခအေနအရပ္ရပ္ေၾကာင့္ ဆက္ၿပီး အသံုးျပဳနိုင္ျခင္းမရိွခဲ့ဘူး။ ဒါကို ၿမိဳင္ၿမိဳ႕နယ္က ျပည္သူျပည္သားေတြသံုးလို႔ရေအာင္ဆိုၿပီး ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူက လွ်ပ္စစ္ဌာနကို လဲႊေျပာင္းေပးခဲ့တာျဖစ္တယ္” ဟု မေကြးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးညိဳက ေျပာသည္။

ၿမိဳင္ၿမိဳ႕နယ္အတြင္းမွ ေက်းရြာ (၂၉)ရြာ လွ်ပ္စစ္မီးရရိွေရးအတြက္ ႏုိင္ငံေတာ္မွ ပံ့ပိုးေငြ က်ပ္သိန္း(၄၉၁၅)ႏွင့္ လွ်ပ္စစ္မီးရရွိမည့္ေက်းရြာမ်ား ေဒသတြင္းမွေရနံလက္ယက္တြင္းမ်ားမွ ေဒသဖြံ႕ၿဖိဳးေရးရန္ပံုေငြအျဖစ္ ေကာက္ယူထားသည့္ က်ပ္သိန္းေပါင္း (၂၃,၄၇၄)ျဖင့္ ထည့္ဝင္ေဆာင္ရြက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ၿမိဳင္ၿမိဳ႕နယ္အတြင္းရွိ ေက်းရြာ(၁၅)ရြာတြင္ ဒီဇင္ဘာလ(၂၄)ရက္ေန႔တြင္ ေနာက္ထပ္ေက်းရြာ(၁၄)ရြာတြင္ ဒီဇင္ဘာလ(၂၅)ရက္ေန႔ကလည္းေကာင္း လွ်ပ္စစ္မီး စတင္အသံုးျပဳႏုိင္ၾကျခင္းျဖစ္ၿပီး ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလတြင္ ေနာက္ထပ္ ေက်းရြာေပါင္း(၃၀)၌ လွ်ပ္စစ္မီးသံုးစြဲႏုိ္င္ေတာ့မည္ျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - ဖီးနစ္


~~~~~~~~⊰❂Unicode Version ~~~~~~~~

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အတွင်း တပ်မတော်အစိုးရ လက်ထက်က အသုံးပြုနိုင်ခြင်း မရှိခဲ့သည့် ဓာတ်အားခွဲရုံကို လျှပ်စစ်ဌာနသို့ လွှဲပြောင်းလုပ်ကိုင်စေပေးပြီး ရေနံလက်ယက်တွင်းတိမ် လုပ်ငန်းမှ ရရှိသည့် အခွန်ငွေတို့ဖြင့် လျှပ်စစ်ဓာတ်အားရရှိရေးဆောင်ရွက်ပေးခဲ့ရာ မြိုင်မြို့နယ်အတွင်းမှ ကျေးရွာ(၂၉)ရွာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအတွံင်း လျှပ်စစ်မီးအသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။

“ဒီလိုမျိုး ဓာတ်အားပေးနိုင်ဖို့ဆိုတာ ကျန်တဲ့တိုင်းနဲ့ပြည်နယ်တွေမှာရော မကွေးတိုင်းအတွင်းက ကျန်တဲ့မြို့နယ်တွေမှာပါ လုပ်နိုင်ဖို့ မလွယ်ပါဘူး။ အဲဒီ ဓာတ်အားခွဲရုံက တပ်မတော်အစိုးရ လက်ထက် ကတည်းက တောထဲမှာ တည်ဆောက်ခဲ့တာဖြစ်ပြီး အခြေအနေအရပ်ရပ်ကြောင့် ဆက်ပြီး အသုံးပြုနိုင်ခြင်းမရှိခဲ့ဘူး။ ဒါကို မြိုင်မြို့နယ်က ပြည်သူပြည်သားတွေသုံးလို့ရအောင်ဆိုပြီး ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက လျှပ်စစ်ဌာနကို လွှဲပြောင်းပေးခဲ့တာဖြစ်တယ်” ဟု မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက ပြောသည်။

မြိုင်မြို့နယ်အတွင်းမှ ကျေးရွာ (၂၉)ရွာ လျှပ်စစ်မီးရရှိရေးအတွက် နိုင်ငံတော်မှ ပံ့ပိုးငွေ ကျပ်သိန်း(၄၉၁၅)နှင့် လျှပ်စစ်မီးရရှိမည့်ကျေးရွာများ ဒေသတွင်းမှရေနံလက်ယက်တွင်းများမှ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေအဖြစ် ကောက်ယူထားသည့် ကျပ်သိန်းပေါင်း (၂၃,၄၇၄)ဖြင့် ထည့်ဝင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာ(၁၅)ရွာတွင် ဒီဇင်ဘာလ(၂၄)ရက်နေ့တွင် နောက်ထပ်ကျေးရွာ(၁၄)ရွာတွင် ဒီဇင်ဘာလ(၂၅)ရက်နေ့ကလည်းကောင်း လျှပ်စစ်မီး စတင်အသုံးပြုနိုင်ကြခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလတွင် နောက်ထပ် ကျေးရွာပေါင်း(၃၀)၌ လျှပ်စစ်မီးသုံးစွဲနို်င်တော့မည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဖီးနစ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~