တိုက်ပွဲရှောင် (၃၀၀)ဦး တပ်မတော်နှင့် UWSA တို့၏ အကူအညီဖြင့် မိုင်းဆတ်ခရိုင် မုံးထတွင် ခိုလုံ

တိုက်ပွဲရှောင် (၃၀၀)ဦး တပ်မတော်နှင့် UWSA တို့၏ အကူအညီဖြင့် မိုင်းဆတ်ခရိုင် မုံးထတွင် ခိုလုံ
ဇနျနဝါရီ 17, 2019
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မုံးထမြို့အနီး ပါခတ်ကျေးရွာတွင် ရောက်ရှိနေသည့် မိုင်ပန်ဘက်မှ တိုက်ပွဲရှောင် (၃၀၀)ဦးမှာ တပ်မတော်နှင့် UWSA တို့ အကူအညီဖြင့် မုံးထမြို့သို့ ၂၀၁၉ ခုနှစ်၊ ဇန်န၀ါရီလ (၁၆) ရက်နေ့တွင် ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲရှောင် လူဦးရေ (၃၀၀)မှာ မုံးထမြို့၏ အနောက်တောင်ဘက်(၃၆)မိုင်ခန့်အကွာရှိ ခိုင်းလုံကျေးရွာအုပ်စု၊ ပါခတ်ရွာတွင် ရောက်ရှိနေကြခြင်းဖြစ်ပြီး အိမ်ထောင်စု (၈၂)စု၊ အမျိုးသား (၁၂၆)ဦး၊ အမျိုးသမီး (၁၇၇)ဦး၊ ကိုရင်(၇)ပါး ပါဝင်ကြောင်း သိရသည်။



သတင်း - သန်းဇော်ဦး


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မုံးထမြို့အနီး ပါခတ်ကျေးရွာတွင် ရောက်ရှိနေသည့် မိုင်ပန်ဘက်မှ တိုက်ပွဲရှောင် (၃၀၀)ဦးမှာ တပ်မတော်နှင့် UWSA တို့ အကူအညီဖြင့် မုံးထမြို့သို့ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့တွင် ရောက်ရှိနပြေီဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲရှောင် လူဦးရေ (၃၀၀)မှာ မုံးထမြို့၏ အနောက်တောင်ဘက်(၃၆)မိုင်ခန့်အကွာရှိ ခိုင်းလုံကျေးရွာအုပ်စု၊ ပါခတ်ရွာတွင် ရောက်ရှိနကြခြေင်းဖြစ်ပြီး အိမ်ထောင်စု (၈၂)စု၊ အမျိုးသား (၁၂၆)ဦး၊ အမျိုးသမီး (၁၇၇)ဦး၊ ကိုရင်(၇)ပါး ပါဝင်ကြောင်း သိရသည်။

မုံးထော်ရှေ့တန်းစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးထင်အောင်ရှိန် ဦးစီးသော တပ်မတော် သား(၂၂)ဦးနှင့် UWSA "ဝ" စစ်ဒေသ (၁၇၁) စစ်ဦးစီးမှူးအဆင့်ရှိ ဦးရန်ကွေးကျုံးတို့က တပ်မတော်မော်တော် ယာဉ်(၁၀)စီးဖြင့် ဇန်နဝါရီလ (၁၅)ရက်နေ့ နံနက် (၉) နာရီခွဲခန့်က သွားရောက်ခေါ်ဆောင်ခဲ့ရာ ဇန်နဝါရီလ (၁၅)ရက်နေ့နှင့် (၁၆)ရက်နေ့များတွင် တိုက်ပွဲရှောင်အားလုံး မုံးထသို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ နေရပ်စွန့်ခွာ တိမ်းရှောင်လာသူများအား မုံးထမြို့၊ ပြည်သူ့ဆေးရုံတွင် ခေတ္တနေရာ ချထားပေးပြီး စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးထင်အောင်ရှိန်၏ ဦးဆောင်မှုဖြင့် မုံးထမြို့ဌာနဆိုင်ရာများမှ စားသောက်ရေး၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်း - သန်းဇော်ဦး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~