တာခ်ီလိတ္တြင္ ေပ်ာက္ဆံုးယူနစ္မ်ား ေလွ်ာ့ခ်ႏုိင္ေရးအတြက္ မီးႀကိဳးမ်ား လဲလွယ္မည္ျဖစ္၍ ဇန္န၀ါရီ လကုန္ပိုင္းတြင္ ေန႔ပိုင္း လွ်ပ္စစ္မီး (၄)ရက္တိတိ ျဖတ္ေတာက္မည္

တာခ်ီလိတ္တြင္ ေပ်ာက္ဆံုးယူနစ္မ်ား ေလွ်ာ့ခ်ႏုိင္ေရးအတြက္ မီးႀကိဳးမ်ား လဲလွယ္မည္ျဖစ္၍ ဇန္န၀ါရီ လကုန္ပိုင္းတြင္ ေန႔ပိုင္း လွ်ပ္စစ္မီး (၄)ရက္တိတိ ျဖတ္ေတာက္မည္
ဇန်နဝါရီ 22, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕၏ လွ်ပ္စစ္ဓါတ္အားျဖန္႔ျဖဴးမႈတြင္ ေပ်ာက္ဆံုးယူနစ္မ်ား ေလွ်ာ့ခ် ႏုိင္ေရး အတြက္ မီးႀကိဳးမ်ား လဲလွယ္တပ္ဆင္ျခင္းကို ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလကုန္ပိုင္း၌ လုပ္ေဆာင္မည္ ျဖစ္ရာ (၄)ရက္ၾကာ ေန႔ပိုင္း လွ်ပ္စစ္မီးျဖတ္ေတာက္မည္ျဖစ္ေၾကာင္း ႏွင့္ မီးျဖတ္ေတာက္မည့္ ရက္အား ထပ္မံအသိေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

“(၄)ရက္မီးျဖတ္မယ္။ မနက္(၉) နာရီကေန ညေန (၃) နာရီေပါ့”ဟု တာခ်ီလိတ္ၿမိဳ႕ မီးလင္းေရးေကာ္မတီ တြဲဖက္အတြင္းေရးမွဴး ဦးေက်ာ္စြာလြင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို္႔ ဇန္န၀ါရီလ (၂၁) ရက္ေန႔က ေျပာသည္။

ေပ်ာက္ဆံုးယူနစ္မ်ား ေလွ်ာ့ခ်ႏိုင္ရန္အတြက္ မီးလင္းေရးေကာ္မတီႏွင့္ ထိုင္းအင္ဂ်င္နီယာမ်ား ႏွစ္ႀကိမ္တိုင္တိုင္ စစ္ေဆး အေျဖရွာခဲ့ရာတြင္ အမွတ္( ၂ )တံတားမွ က်င္းလံုဟိုတယ္အထိ သြယ္တန္းထားသည့္( ၇၀) မီလီမီတာ ေၾကးႀကိဳးမ်ားမွာ ဓာတ္အား ေပ်ာက္ဆံုးမႈ အမ်ားဆံုးျဖစ္ေနသျဖင့္
(၁၅၀) မီလီမီတာႀကိဳးမ်ားျဖင့္ လဲလွယ္တပ္ဆင္ရန္ စီစဥ္လိုက္ ျခင္းျဖစ္ေၾကာင္း သိရသည္။

“ဘန္ေကာက္မွာရိွတဲ့ စက္ရံုမွာ မွာလိုက္ၿပီ။(၁၂၀)တို႔  (၁၃၀) တို႔က လုပ္ၿပီးသားရိွတယ္။ (၁၅၀) က လုပ္ၿပီးသား မရိွဘူး။ လုပ္တာက တစ္ပတ္ေလာက္ၾကာမယ္ဆိုေတာ့ လကုန္ပိုင္းေလာက္မွ ေရာက္မယ္ေပါ့”ဟု ဦးေက်ာ္စြာလြင္က ေျပာသည္။

တံတား(၂)မွ အာခါေစ်းအထိ ႀကိဳးလဲလွယ္တပ္ဆင္ရန္ စုစုေပါင္း ထိုင္းဘတ္ေငြ (၂,၈၀၇,၉၃၅) ကုန္က်မည္ျဖစ္ေၾကာင္း  ထိုင္းအင္ဂ်င္နီယာအဖြဲ႔က တာခ်ီလိတ္ၿမိဳ႕ မီးလင္းေရးရံုးသို႔ ဇန္န၀ါရီလ ၁၈ ရက္ေန႔ ေပးပို႔သည့္ စာရင္းအရ သိရသည္။

အမွတ္ (၂) ခ်စ္ၾကည္ေရးတံတားမွ က်င္းလံုဟိုတယ္အထိ ( ၄) ကီလိုမီတာ အရွည္သြယ္တန္းထားသည့္ ႀကိဳးႀကီး (၃)ေခ်ာင္းကို လဲလွယ္တပ္ဆင္ရန္ လက္ရိွ မီးတိုင္ (၆၀)မွာ ခံႏိုင္ရည္ မရိွႏိုင္သည့္အတြက္ မီးတိုင္ (၂၅)တိုင္ကို ထပ္မံ စိုက္ထူရမည္ျဖစ္ရာ ဇန္န၀ါရီလ (၂၂)ရက္ေန႔မွ စတင္ကာ ယႏၱယားႀကီးမ်ားကို လုပ္ငန္းေနရာသို႔ ေျပာင္းေရႊ႕ၿပီး (၂၃)ရက္ေန႔မွ စတင္ကာ တိုင္တူးျခင္းႏွင့္ ေၾကြသီးတပ္ျခင္း လုပ္ငန္းမ်ားကို  ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“ၿမိဳ႕ရဲ႕ အေရးႀကီးတဲ့ဟာေတြေပါ့။ ၿမိဳ႕ရဲ႕ ေဆးရံုတို႔ ေရႊတိဂံုတို႔။ ေဆးရံုက်ေတာ့ အၿမဲေပးရမွာ ။ ေရႊတိဂံုက်ေတာ့ ညဘက္ေပးရမွာ။ အဲဒီလိုင္းကို ဘယ္ကို ခ်ိန္းရမလဲေပါ့။ မီးဖ်က္ခ်ိန္ကာလကို ႀကိဳၿပီး
အေၾကာင္းၾကားပါမယ္”ဟု ဦးေက်ာ္စြာလြင္က ေျပာသည္။

ထိုင္းႏုိင္ငံမွ လွ်ပ္စစ္ဓါတ္အားဝယ္ယူျဖန္႔ျဖဴးေနရာတြင္ ေပ်ာက္ဆံုးယူနစ္ (၁၉)ရာခိုင္ႏႈန္းအထိ ရိွေနသျဖင့္ အဓိကက်သည့္ မိန္းႀကိဳးမ်ားကို လုိက္လံစစ္ေဆးလဲလွယ္ေနျခင္းျဖစ္ၿပီး ေက်းရြာမ်ားအထိ သြယ္တန္းသည့္ ႀကိဳးမ်ားကိုလည္း စစ္ေဆးသြားမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၏ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုတွင် ပျောက်ဆုံးယူနစ်များ လျှော့ချ နိုင်ရေး အတွက် မီးကြိုးများ လဲလှယ်တပ်ဆင်ခြင်းကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလကုန်ပိုင်း၌ လုပ်ဆောင်မည် ဖြစ်ရာ (၄)ရက်ကြာ နေ့ပိုင်း လျှပ်စစ်မီးဖြတ်တောက်မည်ဖြစ်ကြောင်း နှင့် မီးဖြတ်တောက်မည့် ရက်အား ထပ်မံအသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။

“(၄)ရက်မီးဖြတ်မယ်။ မနက်(၉) နာရီကနေ ညနေ (၃) နာရီပေါ့”ဟု တာချီလိတ်မြို့ မီးလင်းရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးကျော်စွာလွင်က တာချီလိတ်သတင်းအေဂျင်စီသို့် ဇန်နဝါရီလ (၂၁) ရက်နေ့က ပြောသည်။

ပျောက်ဆုံးယူနစ်များ လျှော့ချနိုင်ရန်အတွက် မီးလင်းရေးကော်မတီနှင့် ထိုင်းအင်ဂျင်နီယာများ နှစ်ကြိမ်တိုင်တိုင် စစ်ဆေး အဖြေရှာခဲ့ရာတွင် အမှတ်( ၂ )တံတားမှ ကျင်းလုံဟိုတယ်အထိ သွယ်တန်းထားသည့်( ၇၀) မီလီမီတာ ကြေးကြိုးများမှာ ဓာတ်အား ပျောက်ဆုံးမှု အများဆုံးဖြစ်နေသဖြင့်
(၁၅၀) မီလီမီတာကြိုးများဖြင့် လဲလှယ်တပ်ဆင်ရန် စီစဉ်လိုက် ခြင်းဖြစ်ကြောင်း သိရသည်။

“ဘန်ကောက်မှာရှိတဲ့ စက်ရုံမှာ မှာလိုက်ပြီ။(၁၂၀)တို့ (၁၃၀) တို့က လုပ်ပြီးသားရှိတယ်။ (၁၅၀) က လုပ်ပြီးသား မရှိဘူး။ လုပ်တာက တစ်ပတ်လောက်ကြာမယ်ဆိုတော့ လကုန်ပိုင်းလောက်မှ ရောက်မယ်ပေါ့”ဟု ဦးကျော်စွာလွင်က ပြောသည်။

တံတား(၂)မှ အာခါဈေးအထိ ကြိုးလဲလှယ်တပ်ဆင်ရန် စုစုပေါင်း ထိုင်းဘတ်ငွေ (၂,၈၀၇,၉၃၅) ကုန်ကျမည်ဖြစ်ကြောင်း ထိုင်းအင်ဂျင်နီယာအဖွဲ့က တာချီလိတ်မြို့ မီးလင်းရေးရုံးသို့ ဇန်နဝါရီလ ၁၈ ရက်နေ့ ပေးပို့သည့် စာရင်းအရ သိရသည်။

အမှတ် (၂) ချစ်ကြည်ရေးတံတားမှ ကျင်းလုံဟိုတယ်အထိ ( ၄) ကီလိုမီတာ အရှည်သွယ်တန်းထားသည့် ကြိုးကြီး (၃)ချောင်းကို လဲလှယ်တပ်ဆင်ရန် လက်ရှိ မီးတိုင် (၆၀)မှာ ခံနိုင်ရည် မရှိနိုင်သည့်အတွက် မီးတိုင် (၂၅)တိုင်ကို ထပ်မံ စိုက်ထူရမည်ဖြစ်ရာ ဇန်နဝါရီလ (၂၂)ရက်နေ့မှ စတင်ကာ ယန္တယားကြီးများကို လုပ်ငန်းနေရာသို့ ပြောင်းရွှေ့ပြီး (၂၃)ရက်နေ့မှ စတင်ကာ တိုင်တူးခြင်းနှင့် ကြွေသီးတပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“မြို့ရဲ့ အရေးကြီးတဲ့ဟာတွေပေါ့။ မြို့ရဲ့ ဆေးရုံတို့ ရွှေတိဂုံတို့။ ဆေးရုံကျတော့ အမြဲပေးရမှာ။ ရွှေတိဂုံကျတော့ ညဘက်ပေးရမှာ။ အဲဒီလိုင်းကို ဘယ်ကို ချိန်းရမလဲပေါ့။ မီးဖျက်ချိန်ကာလကို ကြိုပြီး
အကြောင်းကြားပါမယ်”ဟု ဦးကျော်စွာလွင်က ပြောသည်။

ထိုင်းနိုင်ငံမှ လျှပ်စစ်ဓာတ်အားဝယ်ယူဖြန့်ဖြူးနေရာတွင် ပျောက်ဆုံးယူနစ် (၁၉)ရာခိုင်နှုန်းအထိ ရှိနေသဖြင့် အဓိကကျသည့် မိန်းကြိုးများကို လိုက်လံစစ်ဆေးလဲလှယ်နခြေင်းဖြစ်ပြီး ကျေးရွာများအထိ သွယ်တန်းသည့် ကြိုးများကိုလည်း စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~