လေယာဉ်ရပ်နားရန် နေရာသို့ ပြောင်းရွှေ့နေရာချထားစဉ် အသေးစားထိခိုက်မှုဖြစ်ပေါ်ခဲ့သည့် မန်းရတနာပုံလေကြောင်းလိုင်း၏ လေယာဉ်နှစ်စီးအနက် တစ်စီး ဇန်န၀ါရီလ(၂၅)ရက်နေ့ကစ၍ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲ

လေယာဉ်ရပ်နားရန် နေရာသို့ ပြောင်းရွှေ့နေရာချထားစဉ် အသေးစားထိခိုက်မှုဖြစ်ပေါ်ခဲ့သည့် မန်းရတနာပုံလေကြောင်းလိုင်း၏ လေယာဉ်နှစ်စီးအနက် တစ်စီး ဇန်န၀ါရီလ(၂၅)ရက်နေ့ကစ၍ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲ
ဇန်နဝါရီ 25, 2019
By Tachileik News Agency

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ လေယာဉ်ရပ်နားရန် နေရာတွင် ၂၀၁၉ခုနှစ် ဇန်န၀ါရီလ(၂၁)ရက်နေ့က မန်းရတနာပုံလေကြောင်းလိုင်း၏ လေယာဉ်နှစ်စီး ပြောင်းရွှေ့နေရာချထားစဉ် အသေးစား ထိခိုက်မှုဖြစ်ပွားခဲ့ရာမှ ပြန်လည်စစ်ဆေးမှုများအပြီး ဇန်န၀ါရီလ(၂၅)ရက်နေ့တွင် လေယာဉ်တစ်စီးမှာ ပြန်လည်၍  ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။

မန်းရတနာပုံလေကြောင်းလိုင်း၏ လေယာဉ်နှစ်စီး ပြောင်းရွှေ့နေရာချထားစဉ် အတောင်ပံမတော်တဆ ထိခိုက်မှု ဖြစ်ပွားခဲ့ခြင်းကြောင်း ခရီးသည်များ ဘေးကင်းလုံခြုံရေးအတွက် လေယာဉ်များကို ပျံသန်းမှုပိုင်း ဆိုင်ရာ လုံခြုံစိတ်ချရေးအတွက် ပြန်လည်စစ်ဆေးမှုများ အပြီးတွင် အဆိုပါ လေယာဉ်နှစ်စီးအနက် XY-AJO တစ်စီးမှာ ပျံသန်းရေးဆိုင်ရာများ လုံခြုံစိတ်ချရပြီဖြစ်သည့်အတွက် ၂၀၁၉ခုနှစ် ဇန်န၀ါရီလ(၂၅)ရက်နေ့ကစ၍ ပြန်လည်ပျံသန်းပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။

အသေးစားထိခိုက်မှုရှိခဲ့သည့် လေယာဉ်နှစ်စီးအနက်  XY-AJO တစ်စီးမှာ ဇန်န၀ါရီလ(၂၅)ရက်နေ့က စ၍ ပုံမှန်အတိုင်းပျံသန်းနေပြီး ကျန်ရှိသည့် တစ်စီးကို လာမည့် အပတ်ထဲတွင် ပျံသန်းနိုင်မည်ဖြစ်ကြောင်းလည်း သိရှိရသည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ လေယာဉ်ရပ်နားရန် နေရာတွင် ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၂၁)ရက်နေ့က မန်းရတနာပုံလေကြောင်းလိုင်း၏ လေယာဉ်နှစ်စီး ပြောင်းရွှေ့နေရာချထားစဉ် အသေးစား ထိခိုက်မှုဖြစ်ပွားခဲ့ရာမှ ပြန်လည်စစ်ဆေးမှုများအပြီး ဇန်နဝါရီလ(၂၅)ရက်နေ့တွင် လေယာဉ်တစ်စီးမှာ ပြန်လည်၍ ပြေးဆွဲနပြေီဖြစ်ကြောင်း သိရသည်။

မန်းရတနာပုံလေကြောင်းလိုင်း၏ လေယာဉ်နှစ်စီး ပြောင်းရွှေ့နေရာချထားစဉ် အတောင်ပံမတော်တဆ ထိခိုက်မှု ဖြစ်ပွားခဲ့ခြင်းကြောင်း ခရီးသည်များ ဘေးကင်းလုံခြုံရေးအတွက် လေယာဉ်များကို ပျံသန်းမှုပိုင်း ဆိုင်ရာ လုံခြုံစိတ်ချရေးအတွက် ပြန်လည်စစ်ဆေးမှုများ အပြီးတွင် အဆိုပါ လေယာဉ်နှစ်စီးအနက် XY-AJO တစ်စီးမှာ ပျံသန်းရေးဆိုင်ရာများ လုံခြုံစိတ်ချရပြီဖြစ်သည့်အတွက် ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၂၅)ရက်နေ့ကစ၍ ပြန်လည်ပျံသန်းပြေးဆွဲနပြေီဖြစ်ကြောင်း သိရသည်။

အသေးစားထိခိုက်မှုရှိခဲ့သည့် လေယာဉ်နှစ်စီးအနက် XY-AJO တစ်စီးမှာ ဇန်နဝါရီလ(၂၅)ရက်နေ့က စ၍ ပုံမှန်အတိုင်းပျံသန်းနပြေီး ကျန်ရှိသည့် တစ်စီးကို လာမည့် အပတ်ထဲတွင် ပျံသန်းနိုင်မည်ဖြစ်ကြောင်းလည်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~