က်ဳိင္းတံုစည္ပင္၏ အသံုးျပဳရန္ မသင့္ေတာ္သည့္ ယာဥ္၊ စက္၊ ယႏၱရားႏွင့္ ေမာ္ေတာ္ဆိုင္ကယ္ေလလံပြဲ ၾကမ္းခင္းေစ်းထက္ က်ပ္သိန္း (၃၀) ေက်ာ္ ပိုမိုရရိွ

က်ဳိင္းတံုစည္ပင္၏ အသံုးျပဳရန္ မသင့္ေတာ္သည့္ ယာဥ္၊ စက္၊ ယႏၱရားႏွင့္ ေမာ္ေတာ္ဆိုင္ကယ္ေလလံပြဲ ၾကမ္းခင္းေစ်းထက္ က်ပ္သိန္း (၃၀) ေက်ာ္ ပိုမိုရရိွ
ဖေဖော်ဝါရီ 22, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုၿမိဳ႕တြင္ ၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီက အသံုးျပဳရန္ မသင့္ေတာ္ေတာ့သည့္ ယာဥ္၊ စက္၊ ယႏၱရားႏွင့္ ေမာ္ေတာ္ဆိုင္ကယ္ စုစုေပါင္း (၁၂) စီးကို က်ိဳင္းတံုၿမိဳ႕စည္ပင္သာယာခန္းမ၌ ၂၀၁၉ ခုႏွစ္ ေဖေဖာ္၀ါရီလ (၂၁) ရက္ေန႔ မနက္ပိုင္းတြင္ ေလလံတင္ရာ သတ္မွတ္ၾကမ္းခင္းေစ်းထက္ က်ပ္သိန္း (၃၀)ေက်ာ္ ပိုမို ရရိွသြားေၾကာင္း သိရသည္။

ေလလံတင္ေရာင္းခ်ရန္အတြက္ ၾကမ္းခင္းေစ်း (၁၄၁) သိန္းေက်ာ္သတ္မွတ္ကာ ေစ်းၿပိဳင္စနစ္ျဖင့္ ေလလံတင္ေရာင္းခ်ခဲ့ရာ (၁၇၃) သိန္းေက်ာ္ ရရိွခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“သတ္မွတ္ၾကမ္းခင္းေစ်းထက္ ပိုရတယ္ေပါ့။ သံုးဦးေလလံ၀င္ဆြဲတယ္။ ႏွစ္ေယာက္က Lot (၄) ခုလံုး ဆြဲတယ္။ တစ္ေယာက္က ႏွစ္ခုဆြဲတယ္။ ႏွစ္ခုထဲဆြဲတဲ့သူက အျခားႏွစ္ေယာက္ကိုမမီွဘူး။ Lot တစ္ခုခ်င္း အလိုက္ ေလလံပစ္တယ္ေလ။ အျခားသူေစ်းႏႈန္းကိုမလိုက္ႏိုင္လို႔ သူမရဘူး။ ေငြေတြက ခ်က္ခ်င္း သြင္းၿပီးသြားပါၿပီ”ဟု က်ိဳင္းတံုၿမိဳ႕နယ္ စည္ပင္သာယာေရးဌာန အမႈေဆာင္အရာရိွ ဦးမ်ိဳးျမင့္ေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေဖေဖာ္၀ါရီလ(၂၂)ရက္ေန႔တြင္ ေျပာသည္။

ေလလံတင္ေရာင္းခ်ပြဲတြင္ ေလလံၾကမ္းခင္းေစ်း (၂,၃၈၀,၀၀၀) က်ပ္သတ္မွတ္သည့္ (Lot-1) ကို ဦးစိုင္းမြန္းက ေလလံေၾကး (၃,၀၈၀,၀၀၀) က်ပ္ ျဖင့္လည္းေကာင္း၊ ေလလံၾကမ္းခင္းေစ်း (၅,၅၆၆,၀၀၀) က်ပ္သတ္မွတ္သည့္ (Lot-2)ကို ဦးေအာင္သန္းဝင္းက ေလလံေၾကး (၆,၄၆၆,၀၀၀) က်ပ္ ျဖင့္လည္းေကာင္း၊ ေလလံၾကမ္းခင္းေစ်း (၃,၈၃၅,၀၀၀) က်ပ္သတ္မွတ္သည့္ (Lot- 3)ကို ဦးစိုင္းမြန္းက ေလလံေၾကး (၄,၄၃၅,၀၀၀) က်ပ္ ျဖင့္ လည္းေကာင္း၊ ေလလံၾကမ္းခင္းေစ်း (၂,၃၃၆,၀၀၀) က်ပ္ သတ္မွတ္သည့္ (Lot-4) ကို ဦးေအာင္သန္းဝင္းက ေလလံေၾကး (၃,၃၃၆,၀၀၀) က်ပ္ျဖင့္လည္းေကာင္း အသီးသီး ၀ယ္ယူသြားခဲ့ေၾကာင္း သိရသည္။

သတင္း - ဟန္စိုးထုိက္
ဓါတ္ပံု  - က်ဳိင္းတံုစည္ပင္သာယာေရးေကာ္မတီ















~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီက အသုံးပြုရန် မသင့်တော်တော့သည့် ယာဉ်၊ စက်၊ ယန္တရားနှင့် မော်တော်ဆိုင်ကယ် စုစုပေါင်း (၁၂) စီးကို ကျိုင်းတုံမြို့စည်ပင်သာယာခန်းမ၌ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၂၁) ရက်နေ့ မနက်ပိုင်းတွင် လေလံတင်ရာ သတ်မှတ်ကြမ်းခင်းဈေးထက် ကျပ်သိန်း (၃၀)ကျော် ပိုမို ရရှိသွားကြောင်း သိရသည်။

လေလံတင်ရောင်းချရန်အတွက် ကြမ်းခင်းဈေး (၁၄၁) သိန်းကျော်သတ်မှတ်ကာ ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခဲ့ရာ (၁၇၃) သိန်းကျော် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သတ်မှတ်ကြမ်းခင်းဈေးထက် ပိုရတယ်ပေါ့။ သုံးဦးလေလံဝင်ဆွဲတယ်။ နှစ်ယောက်က Lot (၄) ခုလုံး ဆွဲတယ်။ တစ်ယောက်က နှစ်ခုဆွဲတယ်။ နှစ်ခုထဲဆွဲတဲ့သူက အခြားနှစ်ယောက်ကိုမမှီဘူး။ Lot တစ်ခုချင်း အလိုက် လေလံပစ်တယ်လေ။ အခြားသူဈေးနှုန်းကိုမလိုက်နိုင်လို့ သူမရဘူး။ ငွေတွေက ချက်ချင်း သွင်းပြီးသွားပါပြီ”ဟု ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမျိုးမြင့်အောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ဖေဖော်ဝါရီလ(၂၂)ရက်နေ့တွင် ပြောသည်။

လေလံတင်ရောင်းချပွဲတွင် လေလံကြမ်းခင်းဈေး (၂,၃၈၀,ဝဝဝ) ကျပ်သတ်မှတ်သည့် (Lot-1) ကို ဦးစိုင်းမွန်းက လေလံကြေး (၃,ဝ၈၀,ဝဝဝ) ကျပ် ဖြင့်လည်းကောင်း၊ လေလံကြမ်းခင်းဈေး (၅,၅၆၆,ဝဝဝ) ကျပ်သတ်မှတ်သည့် (Lot-2)ကို ဦးအောင်သန်းဝင်းက လေလံကြေး (၆,၄၆၆,ဝဝဝ) ကျပ် ဖြင့်လည်းကောင်း၊ လေလံကြမ်းခင်းဈေး (၃,၈၃၅,ဝဝဝ) ကျပ်သတ်မှတ်သည့် (Lot- 3)ကို ဦးစိုင်းမွန်းက လေလံကြေး (၄,၄၃၅,ဝဝဝ) ကျပ် ဖြင့် လည်းကောင်း၊ လေလံကြမ်းခင်းဈေး (၂,၃၃၆,ဝဝဝ) ကျပ် သတ်မှတ်သည့် (Lot-4) ကို ဦးအောင်သန်းဝင်းက လေလံကြေး (၃,၃၃၆,ဝဝဝ) ကျပ်ဖြင့်လည်းကောင်း အသီးသီး ဝယ်ယူသွားခဲ့ကြောင်း သိရသည်။

သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျိုင်းတုံစည်ပင်သာယာရေးကော်မတီ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~