မီးဖိုချောင်သော့ခတ်ထားသည့် ကိစ္စကြောင့် စကားများရာမှ ဖခင်မှ သမီးဖြစ်သူကို ဓါးဖြင့်ခုတ်မှု တာလေတွင် ဖြစ်ပွား

မီးဖိုချောင်သော့ခတ်ထားသည့် ကိစ္စကြောင့် စကားများရာမှ ဖခင်မှ သမီးဖြစ်သူကို ဓါးဖြင့်ခုတ်မှု တာလေတွင် ဖြစ်ပွား
ဖေဖော်ဝါရီ 1, 2019
By Tachileik News Agency

တာချီလိတ်ခရိုင်၊ တာလေမြို့၊ နမ့်ခမ်း(၀)ကျေးရွာတွင် မီးဖိုချောင်အား သော့ခတ်ထားသည့် ကိစ္စနှင့် ပတ်သက်၍ စကားများရာမှ ဖခင်ဖြစ်သူက သမီးဖြစ်သူအား ဓါးဖြင့် ခုတ်မှုဖြစ်ပွား၍ မိုင်းလင်းနယ်မြေ ရဲစခန်းတွင် အမှုဖွင့်အရေးယူထားရှိပြီး ဓါးခုတ်ခံရသူမှာ ဆေးဝါးကုသမှု ခံယူနေရကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ မိုင်းလင်း(ရှေ့)ကျေးရွာအုပ်စု၊ နမ့်ခမ်း(၀)ကျေးရွာရှိ နေအိမ်တွင် မီးဖိုးချောင်အား သော့ခတ်ထားသည့် ကိစ္စနှင့် ပတ်သက်၍ ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့ နံနက်(၁၀)နာရီခွဲဝန်းကျင်တွင် အသက်(၄၅)နှစ် အရွယ်ရှိ သမီးဖြစ်သူ ဒေါ်နန်းမွန်း နှင့် အသက်(၇၀)အရွယ်ရှိ ဦးအိုက်လာဆိုသူတို့ စကားများရာမှ ဦးအိုက်လာမှ သမီးဖြစ်သူအား ဓါးဖြင့် ခုတ်လိုက်ခြင်း ဖြစ်သည်။



Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

တာချီလိတ်ခရိုင်၊ တာလမြေို့၊ နမ့်ခမ်း(ဝ)ကျေးရွာတွင် မီးဖိုချောင်အား သော့ခတ်ထားသည့် ကိစ္စနှင့် ပတ်သက်၍ စကားများရာမှ ဖခင်ဖြစ်သူက သမီးဖြစ်သူအား ဓားဖြင့် ခုတ်မှုဖြစ်ပွား၍ မိုင်းလင်းနယ်မြေ ရဲစခန်းတွင် အမှုဖွင့်အရေးယူထားရှိပြီး ဓားခုတ်ခံရသူမှာ ဆေးဝါးကုသမှု ခံယူနေရကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလမြေို့၊ မိုင်းလင်း(ရှေ့)ကျေးရွာအုပ်စု၊ နမ့်ခမ်း(ဝ)ကျေးရွာရှိ နေအိမ်တွင် မီးဖိုးချောင်အား သော့ခတ်ထားသည့် ကိစ္စနှင့် ပတ်သက်၍ ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့ နံနက်(၁၀)နာရီခွဲဝန်းကျင်တွင် အသက်(၄၅)နှစ် အရွယ်ရှိ သမီးဖြစ်သူ ဒေါ်နန်းမွန်း နှင့် အသက်(၇၀)အရွယ်ရှိ ဦးအိုက်လာဆိုသူတို့ စကားများရာမှ ဦးအိုက်လာမှ သမီးဖြစ်သူအား ဓားဖြင့် ခုတ်လိုက်ခြင်း ဖြစ်သည်။

ဓားဖြင့်ခုတ်ခံရသည့် သမီးဖြစ်သူ ဒေါ်နန်းမွန်းတွင် ယာဘက်လည်ပင်း၌ (၂)လက်မခန့် ပြတ်ရှဒဏ်ရာ (၁)ချက်၊ ဦးခေါင်းနောက်စေ့တွင် (၁)လက်မခန့် ပြတ်ရှဒဏ်ရာ (၁)ချက်၊ ယာဘက်လက်သူကြွယ်တွင် ပြတ်ရှဒဏ်ရာ (၁)ချက်တို့ရရှိသွားကြောင်း သိရသည်။

ဓားဖြင့် ခုတ်ခံရသည့် ဒေါ်နန်းမွန်းသည် ဆေးဝါးကုသမှုခံယူနေရပြီး ဓားဖြင့်ခုတ်သူ ဦးအိုက်လာအား မိုင်းလင်းနယ်မြေရဲစခန်းတွင် ၁/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ - ၃၂၆ဖြင့် အမှုဖွင့်စစ်ဆေးနေလျက်ရှိကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~