ပါကစၥတန္ႏုိင္ငံ၏ ေလေၾကာင္းပိုင္နက္ျဖတ္သန္းခြင့္ပိတ္လုိက္၍ ထုိင္းႏိုင္ငံမွ ဥေရာပခရီးစဥ္မ်ား ဖ်က္သိမ္း

ပါကစၥတန္ႏုိင္ငံ၏ ေလေၾကာင္းပိုင္နက္ျဖတ္သန္းခြင့္ပိတ္လုိက္၍ ထုိင္းႏိုင္ငံမွ ဥေရာပခရီးစဥ္မ်ား ဖ်က္သိမ္း
ဖေဖော်ဝါရီ 28, 2019
By 🌸
ကက္ရွ္မီးယားျပႆနာေၾကာင့္ ပါကစၥတန္ႏုိင္ငံက ေလေၾကာင္းပိုင္နက္ ျဖတ္သန္းခြင့္ ပိတ္လုိက္ၿပီးေနာက္ Thai Airways ႏွင့္ Emirates တို႔၏ ဥေရာပခရီးစဥ္အားလံုးကို ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၂၆)ရက္ေန႔ညပိုင္းမွစ၍ ခရီးစဥ္ရပ္ဆုိင္းလိုက္ရာ ခရီးသည္အမ်ားအျပားမွာ ေလဆိပ္တြင္ ေသာင္တင္ေနရေၾကာင္း သိရသည္။

ကနဦးတြင္ သုဝဏၰဘူမိေလဆိပ္မွ ေမာ္စကို၊ ေအာ္စလို၊ ပဲရစ္ႏွင့္ လန္ဒန္သို႔ ပ်ံသန္းမည့္ေလယာဥ္ ခရီးစဥ္မ်ားႏွင့္ ဖူးခက္မွ ဖရန္႔ဖတ္သို႔ ပ်ံသန္းမည့္ခရီးစဥ္တုိ႔ကို ဖ်က္သိမ္းခဲ့ျခင္းျဖစ္ၿပီး ယင္းေနာက္တြင္ ဥေရာပခရီးစဥ္မ်ားကို ေတာက္ေလွ်ာက္ရပ္ဆုိင္းလာျခင္းျဖစ္သည္။

ထိုင္းႏိုင္ငံမွ ပ်ံသန္းမည့္ခရီးစဥ္မ်ား ရပ္ဆုိင္းလုိက္သည့္အတြက္ ဥေရာပမွ ထုိင္းနုိင္ငံဘက္သို႔ ပ်ံသန္းမည့္ခရီးစဥ္မ်ားမွာလည္း အလားတူျဖစ္ဖြယ္ရာရိွေနၿပီး အေရွ႕အာရွႏွင့္ အေရွ႕ေတာင္အာရွ ေလဆိပ္မေတာ္မ်ားမ်ားတြင္ သက္ေရာက္ႏုိင္ဖြယ္ရိွသည္ဟု ခန္႔မွန္းထားၾကသည္။

အဆိုပါအေရးေပၚအေျခအေနေၾကာင့္ ထုိင္းႏုိင္ငံမွ ကိုပင္ေဟဂင္၊ ေအာ္စလို၊ ဘရပ္ဆဲ၊ ပဲရစ္၊ ေမာ္စကို၊ ဖရန္႔ဖတ္၊ ျမဴးနစ္၊ ဇူးရစ္၊ စေတာ့ဟုမ္း၊ လန္ဒန္ ဟိသ္ရိုး၊ ေရာမ၊ မီလန္ႏွင့္ ဗီယမ္နာၿမိဳ႕မ်ားႏွင့္ အသြားအျပန္ခရီးစဥ္ (၁၃)ခုအေပၚ သက္ေရာက္သြားေၾကာင္း သိရသည္။

အိႏၵိယႏုိင္ငံကလည္း ေဖေဖၚဝါရီလ (၂၇)ရက္ေန႔ ႏုိင္ငံေျမာက္ပိုင္း ေလေၾကာင္းပိုင္နက္အတြင္း ျဖတ္သန္းခြင့္ပိတ္ပင္လုိက္ျခင္းျဖစ္သည္။

ထိုင္းႏုိင္ငံမွ ေလေၾကာင္းလိုင္းမ်ား၏ ပါကစၥတန္ခရီးစဥ္ ဖ်က္လုိက္ရၿပီး အစၥလာမ္မာဘတ္ရိွ ထုိင္းသံရံုးကလည္း ထုိင္းႏိုင္ငံသား ခရီးသြားမ်ားအေနျဖင့္ အိႏၵိယ - ပါကစၥတန္ အျငင္းပြားတုိက္ခုိက္ေနသည့္ ကက္ရွ္မီးယားေဒသဘက္ သြားေရာက္ျခင္းမျပဳရန္ သတိေပးထားသည္။

Tachileik News Agency
Ref: Daily Mail

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ပါကစ္စတန်နိုင်ငံ၏ လေကြောင်းပိုင်နက်ဖြတ်သန်းခွင့်ပိတ်လိုက်၍ ထိုင်းနိုင်ငံမှ ဥရောပခရီးစဉ်မျာ ဖျက်သိမ်း
**********
ကက်ရှ်မီးယားပြဿနာကြောင့် ပါကစ္စတန်နိုင်ငံက လေကြောင်းပိုင်နက် ဖြတ်သန်းခွင့် ပိတ်လိုက်ပြီးနောက် Thai Airways နှင့် Emirates တို့၏ ဥရောပခရီးစဉ်အားလုံးကို ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၆)ရက်နေ့ညပိုင်းမှစ၍ ခရီးစဉ်ရပ်ဆိုင်းလိုက်ရာ ခရီးသည်အများအပြားမှာ လေဆိပ်တွင် သောင်တင်နေရကြောင်း သိရသည်။

ကနဦးတွင် သုဝဏ္ဏဘူမိလေဆိပ်မှ မော်စကို၊ အော်စလို၊ ပဲရစ်နှင့် လန်ဒန်သို့ ပျံသန်းမည့်လေယာဉ် ခရီးစဉ်များနှင့် ဖူးခက်မှ ဖရန့်ဖတ်သို့ ပျံသန်းမည့်ခရီးစဉ်တို့ကို ဖျက်သိမ်းခဲ့ခြင်းဖြစ်ပြီး ယင်းနောက်တွင် ဥရောပခရီးစဉ်များကို တောက်လျှောက်ရပ်ဆိုင်းလာခြင်းဖြစ်သည်။

ထိုင်းနိုင်ငံမှ ပျံသန်းမည့်ခရီးစဉ်များ ရပ်ဆိုင်းလိုက်သည့်အတွက် ဥရောပမှ ထိုင်းနိုင်ငံဘက်သို့ ပျံသန်းမည့်ခရီးစဉ်များမှာလည်း အလားတူဖြစ်ဖွယ်ရာရှိနေပြီး အရှေ့အာရှနှင့် အရှေ့တောင်အာရှ လေဆိပ်မတော်များများတွင် သက်ရောက်နိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းထားကြသည်။

အဆိုပါအရေးပေါ်အခြေအနေကြောင့် ထိုင်းနိုင်ငံမှ ကိုပင်ဟေဂင်၊ အော်စလို၊ ဘရပ်ဆဲ၊ ပဲရစ်၊ မော်စကို၊ ဖရန့်ဖတ်၊ မြူးနစ်၊ ဇူးရစ်၊ စတော့ဟုမ်း၊ လန်ဒန် ဟိသ်ရိုး၊ ရောမ၊ မီလန်နှင့် ဗီယမ်နာမြို့များနှင့် အသွားအပြန်ခရီးစဉ် (၁၃)ခုအပေါ် သက်ရောက်သွားကြောင်း သိရသည်။

အိန္ဒိယနိုင်ငံကလည်း ဖေဖေါ်ဝါရီလ (၂၇)ရက်နေ့ နိုင်ငံမြောက်ပိုင်း လေကြောင်းပိုင်နက်အတွင်း ဖြတ်သန်းခွင့်ပိတ်ပင်လိုက်ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံမှ လေကြောင်းလိုင်းများ၏ ပါကစ္စတန်ခရီးစဉ် ဖျက်လိုက်ရပြီး အစ္စလာမ်မာဘတ်ရှိ ထိုင်းသံရုံးကလည်း ထိုင်းနိုင်ငံသား ခရီးသွားများအနေဖြင့် အိန္ဒိယ - ပါကစ္စတန် အငြင်းပွားတိုက်ခိုက်နေသည့် ကက်ရှ်မီးယားဒေသဘက် သွားရောက်ခြင်းမပြုရန် သတိပေးထားသည်။

Tachileik News Agency
Ref: Daily Mail

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~