တကၠသိုလ္ဝင္စာေမးပြဲနီးေနသျဖင့္ ပါဝါအိတ္ေဇာတပ္ဆုိင္ကယ္မ်ားအား ဖမ္းဆီးမႈ တာခ်ီလိတ္တြင္ တိုးျမႇင့္လုပ္ေဆာင္ေန

တကၠသိုလ္ဝင္စာေမးပြဲနီးေနသျဖင့္ ပါဝါအိတ္ေဇာတပ္ဆုိင္ကယ္မ်ားအား ဖမ္းဆီးမႈ တာခ်ီလိတ္တြင္ တိုးျမႇင့္လုပ္ေဆာင္ေန
မတ် 3, 2019
By Tachileik News Agency
ရွမ္းျပည္နယ္အေရွ႕ပုိင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ အမ်ားျပည္သူ အေႏွာက္အယွက္ျဖစ္ေစသည့္ ပါ၀ါအိတ္ေဇာတပ္ ဆိုင္ကယ္မ်ား စီးနင္းမႈကို ဖမ္းဆီးအေရးယူျခင္းအား တကၠသိုလ္၀င္စာေမးပြဲမတိုင္မီကာလတြင္ တိုးျမႇင့္ လုပ္ေဆာင္ေနရာ ၂၀၁၉ ခုႏွစ္၊ မတ္လ (၂)ရက္ေန႔ညပိုင္းက (၂)စီး ထပ္မံ ဖမ္းမိထားေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႕က မတ္လ (၂) ရက္ေန႔ညပိုင္း ေရႊဘူးသီးဟိုတယ္အနီး ပိတ္ဆို႔ရွာေဖြမႈအတြင္း ပါ၀ါအိတ္ေဇာတပ္ဆိုင္ကယ္ (၂) စီးဖမ္းစီးရမိခဲ့ျခင္းျဖစ္ကာ ေဖေဖာ္၀ါရီလအတြင္း ပါ၀ါအိတ္ေဇာတပ္ဆိုင္ကယ္ အစီး (၂၀)ကို ဖမ္းဆီးအေရးယူထားေၾကာင္း သိရသည္။

"ၿပီးခဲ့တဲ့ ေဖေဖာ္၀ါရီလထဲမွာက ပါ၀ါအိတ္ေဇာက (၁၂) စီး ရံုးတင္ၿပီးေတာ့ အေရးယူထားတယ္။ ဒီလထဲအေရးယူဖို႔က (၆) စီးက်န္ေသးတယ္။ ညကဖမ္းတဲ့ (၂) စီး မပါေသးဘူး။ အေရးယူထားတာ ေဖေဖာ္၀ါရီလအတြင္း အစီး (၂၀) ေလာက္ ရိွတာေပါ့။ "ဟု အမွတ္(၁၁၉) ယာဥ္ထိန္း ရဲတပ္ဖြဲ႕စု (တာခ်ီလိတ္ခရိုင္)မွ ဒုတိယရဲမွဴး ေဇာ္မင္းသိန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ မတ္လ (၃) ရက္ေန႔တြင္ ေျပာသည္။

လက္ရိွဖမ္းဆီးထားသည့္ ပါ၀ါအိတ္ေဇာတပ္ဆိုင္ကယ္မ်ားကို အိတ္ေဇာမ်ားလဲလွယ္ၿပီး တကၠသိုလ္ဝင္စာေမးပြဲၿပီး ခ်ိန္မွသာ ျပန္လည္ထုတ္ေပးမည္ျဖစ္ကာ တရားရံုးတြင္ ဒဏ္ေငြေပးေဆာင္ရမည္ ျဖစ္ေၾကာင္း သိရသည္။

“(၁၀) တန္းစာေမးပြဲ မတိုင္ခင္ ေတာက္ေလွ်ာက္ အင္နဲ႔အားနဲ႔ ဖမ္းေနတယ္။ စာေမးပြဲနဲ႔ ပတ္သက္ၿပီးအရိွန္အဟုန္ျမႇင့္ ဖမ္းေနတယ္”ဟု ဒုရဲမွဴး ေဇာ္မင္းသိန္းက ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ လက္ရိွအခ်ိန္အထိ ဖမ္းဆီးအေရးယူထားသည့္ ပါ၀ါအိတ္ေဇာတပ္ဆိုင္ကယ္ အစီး(၄၀၀) နီးပါးမွ ျဖဳတ္ယူ သိမ္းဆည္းထားသည့္ ပါဝါအိတ္ေဇာမ်ားကို ရွမ္းရိုးမကြင္းအတြင္း အမ်ားျပည္သူေရွ႕တြင္ လမ္းႀကိတ္စက္ျဖင့္  ဖ်က္စီး သြားမည္ျဖစ္ေၾကာင္း သိရသည္။

ဆိုင္ကယ္မ်ားတြင္ ပါဝါအိတ္ေဇာတပ္စီးနင္းပါက ဥပေဒအရ ဒဏ္ေၾကးေငြအျမင့္ဆံုး က်ပ္တစ္သိန္းႏွင့္ ေထာင္ဒဏ္ တစ္လခ်မွတ္ႏိုင္ေၾကာင္း သိရသည္။

တာခ်ီလိတ္ႏွင့္ အိမ္နီးခ်င္း ထုိင္းနို္င္ငံတြင္ ပါဝါအိတ္ေဇာတပ္ဆိုင္ကယ္မ်ားအား ဖမ္းဆီးျခင္းအျပင္ ဆိုင္ကယ္မ်ားအတြက္ ဆိုင္တြင္ေရာင္းခ်ေနသည့္ ပါဝါအိတ္ေဇာမ်ားကိုပါ ဖမ္းဆီးေလ့ရိွေၾကာင္း သိရသည္။

သတင္း - ဟန္စိုးထုိက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အများပြည်သူ အနှောက်အယှက်ဖြစ်စေသည့် ပါဝါအိတ်ဇောတပ် ဆိုင်ကယ်များ စီးနင်းမှုကို ဖမ်းဆီးအရေးယူခြင်းအား တက္ကသိုလ်ဝင်စာမေးပွဲမတိုင်မီကာလတွင် တိုးမြှင့် လုပ်ဆောင်နေရာ ၂၀၁၉ ခုနှစ်၊ မတ်လ (၂)ရက်နေ့ညပိုင်းက (၂)စီး ထပ်မံ ဖမ်းမိထားကြောင်း သိရသည်။

ရဲတပ်ဖွဲ့က မတ်လ (၂) ရက်နေ့ညပိုင်း ရွှေဘူးသီးဟိုတယ်အနီး ပိတ်ဆို့ရှာဖွေမှုအတွင်း ပါဝါအိတ်ဇောတပ်ဆိုင်ကယ် (၂) စီးဖမ်းစီးရမိခဲ့ခြင်းဖြစ်ကာ ဖေဖော်ဝါရီလအတွင်း ပါဝါအိတ်ဇောတပ်ဆိုင်ကယ် အစီး (၂၀)ကို ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

"ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာက ပါဝါအိတ်ဇောက (၁၂) စီး ရုံးတင်ပြီးတော့ အရေးယူထားတယ်။ ဒီလထဲအရေးယူဖို့က (၆) စီးကျန်သေးတယ်။ ညကဖမ်းတဲ့ (၂) စီး မပါသေးဘူး။ အရေးယူထားတာ ဖေဖော်ဝါရီလအတွင်း အစီး (၂၀) လောက် ရှိတာပေါ့။ "ဟု အမှတ်(၁၁၉) ယာဉ်ထိန်း ရဲတပ်ဖွဲ့စု (တာချီလိတ်ခရိုင်)မှ ဒုတိယရဲမှူး ဇော်မင်းသိန်းက တာချီလိတ်သတင်းအေဂျင်စီသို့ မတ်လ (၃) ရက်နေ့တွင် ပြောသည်။

လက်ရှိဖမ်းဆီးထားသည့် ပါဝါအိတ်ဇောတပ်ဆိုင်ကယ်များကို အိတ်ဇောများလဲလှယ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲပြီး ချိန်မှသာ ပြန်လည်ထုတ်ပေးမည်ဖြစ်ကာ တရားရုံးတွင် ဒဏ်ငွေပေးဆောင်ရမည် ဖြစ်ကြောင်း သိရသည်။

“(၁၀) တန်းစာမေးပွဲ မတိုင်ခင် တောက်လျှောက် အင်နဲ့အားနဲ့ ဖမ်းနေတယ်။ စာမေးပွဲနဲ့ ပတ်သက်ပြီးအရှိန်အဟုန်မြှင့် ဖမ်းနေတယ်”ဟု ဒုရဲမှူး ဇော်မင်းသိန်းက ပြောသည်။

တာချီလိတ်မြို့တွင် လက်ရှိအချိန်အထိ ဖမ်းဆီးအရေးယူထားသည့် ပါဝါအိတ်ဇောတပ်ဆိုင်ကယ် အစီး(၄၀၀) နီးပါးမှ ဖြုတ်ယူ သိမ်းဆည်းထားသည့် ပါဝါအိတ်ဇောများကို ရှမ်းရိုးမကွင်းအတွင်း အများပြည်သူရှေ့တွင် လမ်းကြိတ်စက်ဖြင့် ဖျက်စီး သွားမည်ဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ်များတွင် ပါဝါအိတ်ဇောတပ်စီးနင်းပါက ဥပဒေအရ ဒဏ်ကြေးငွေအမြင့်ဆုံး ကျပ်တစ်သိန်းနှင့် ထောင်ဒဏ် တစ်လချမှတ်နိုင်ကြောင်း သိရသည်။

တာချီလိတ်နှင့် အိမ်နီးချင်း ထိုင်းနို်င်ငံတွင် ပါဝါအိတ်ဇောတပ်ဆိုင်ကယ်များအား ဖမ်းဆီးခြင်းအပြင် ဆိုင်ကယ်များအတွက် ဆိုင်တွင်ရောင်းချနေသည့် ပါဝါအိတ်ဇောများကိုပါ ဖမ်းဆီးလေ့ရှိကြောင်း သိရသည်။

သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net