
ဇူလိုငျ 3, 2019
By 🌸

ထိုင်းနိုင်ငံမှ ပိုးသတ်ဆေးနှင့်ပတ်သက်၍ သတိပေးသည့်အဖွဲ့ဖြစ်သည့် Thai-PAN က နိုင်ငံတဝန်း ပြည်နယ်ပေါင်း (၁၅) ခုရှိ ဈေးများ၊ ကုန်တိုက်များတွင် ရောင်းချနေသည့် လူသုံးများသည့် အသီးအနှံ၊ အသီးအရွက်များအား ဓါတ်ခွဲစမ်းသပ်မှုရလဒ်အရ ပိုးသတ်ဆေးဓါတ်ကြွင်းပါဝင်မှုမှာ အန္တရာယ်ရှိသည့်အဆင့်တွင်ရှိနေကြောင်း ထုတ်ပြန်ချက်ထွက်လာပြီးနောက် FDA က ယင်းကဲ့သို့ သတိပေးချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

ထိုင်း FDA အနေဖြင့် Thai – PAN နှင့်တွဲပြီး ဈေးကွက်အတွင်းမှ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၏အခြေအနေများကို ဆက်လက်စောင့်ကြည့်စစ်ဆေးခြင်းကို လုပ်ဆောင်မည့်အပြင် စိုက်ပျိုးရေးဦးစီးဌာနနှင့် တွဲပြီး တောင်သူများအား ပိုးသတ်ဆေး စနစ်တကျအသုံးပြုနည်းသင်တန်းများပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံဈေးကွက်အတွင်းရှိ အသီးအရွက်၊ အသီးအနှံများ၏ နမူနာများကို ဗြိတိန်နိုင်ငံ ဓါတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးခဲ့ရာ ပိုးသတ်ဆေးဓါတ်ကြွင်းကျန်ရှိမှု များပြားနေသည်ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Ref: Chiangrai Times

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ထိုင်းနိုင်ငံတွင် အသီးအနှံ၊အသီးအရွက်များ၌ ပိုးသတ်ဆေးဓါတ်ကြွင်းပါဝင်မှု အန္တရာယ်ရှိသည့်အဆင့်ဖြစ်နေ၍ FDA က စောင့်ကြည့်လေ့လာမှုများ ဆက်လက်လုပ်ဆောင်နေ
************
ထိုင်းနိုင်ငံအတွင်း အသီးအနှံများနှင့် အသီးအရွက်များတွင် ပိုးသတ်ဆေးဓါတ်ကြွင်းများနေသဖြင့် FDA က စောင့်ကြည့်လေ့လာမှုများ ဆက်လက်လုပ်ဆောင်နေသည်ဟု သတိပေးထားသည်။

ထိုင်းနို်င်ငံမှ ပိုးသတ်ဆေးနှင့်ပတ်သက်၍ သတိပေးသည့်အဖွဲ့ဖြစ်သည့် Thai-PAN က နိုင်ငံတဝန်း ပြည်နယ်ပေါင်း (၁၅) ခုရှိ စျေးများ၊ ကုန်တိုက်များတွင် ရောင်းချနေသည့် လူသုံးများသည့် အသီးအနှံ၊ အသီးအရွက်များအား ဓါတ်ခွဲစမ်းသပ်မှုရလဒ်အရ ပိုးသတ်ဆေးဓါတ်ကြွင်းပါဝင်မှုမှာ အန္တရာယ်ရှိသည့်အဆင့်တွင်ရှိနေကြောင်း ထုတ်ပြန်ချက်ထွက်လာပြီးနောက် FDA က ယင်းကဲ့သို့ သတိပေးချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

ထိုင်း FDA အနေဖြင့် Thai – PAN နှင့်တွဲပြီး စျေးကွက်အတွင်းမှ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ၏အခြေအနေများကို ဆက်လက်စောင့်ကြည့်စစ်ဆေးခြင်းကို လုပ်ဆောင်မည့်အပြင် စိုက်ပျိုးရေးဦးစီးဌာနနှင့် တွဲပြီး တောင်သူများအား ပိုးသတ်ဆေး စနစ်တကျအသုံးပြုနည်းသင်တန်းများပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံစျေးကွက်အတွင်းရှိ အသီးအရွက်၊ အသီးအနှံများ၏ နမူနာများကို ဗြိတိန်နိုင်ငံ ဓါတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးခဲ့ရာ ပိုးသတ်ဆေးဓါတ်ကြွင်းကျန်ရှိမှု များပြားနေသည်ကို စစ်ဆေးတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Ref: Chiangrai Times

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net