ထိုင်းနိုင်ငံတွင်း မိုးခေါင်ရေရှားနေသဖြင့် မြန်မာ၊ တရုတ်နှင့်လာအိုနိုင်ငံတို့မှ မြစ်ရေထိန်းထားခြင်းများ လွှတ်ပေးရန် ထိုင်းဝန်ကြီးချုပ်တောင်းဆို

ထိုင်းနိုင်ငံတွင်း မိုးခေါင်ရေရှားနေသဖြင့် မြန်မာ၊ တရုတ်နှင့်လာအိုနိုင်ငံတို့မှ မြစ်ရေထိန်းထားခြင်းများ လွှတ်ပေးရန် ထိုင်းဝန်ကြီးချုပ်တောင်းဆို
ဇူလိုင် 24, 2019
By Tachileik News Agency

မိုးခေါင်ရေရှားပြဿနာနှင့်ရင်ဆိုင်နေရသည့်  ထိုင်းလယ်သမားများ၏ အခက်အခဲအတွက် မြန်မာ၊ တရုတ်နှင့် လာအိုနိုင်ငံတို့ အနေဖြင့် မြစ်ရေထိန်းချုပ်ထားသည်များရှိပါက ရေလွှတ်ပေးရန် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက အကူအညီတောင်းထားသည်။

မြန်မာ၊ တရုတ်နှင့် လာအိုနိုင်ငံတို့အနေဖြင့် ရေသိုလှောင်ထားခြင်းများရှိပါက မြစ်အောက်ပိုင်းမှ တောင်သူများအတွက် ရေလွှတ်ပေးရန် သက်ဆိုင်ရာနိုင်ငံများနှင့် ဆွေးနွေးထားကြောင်း သိရသည်။


ထိုင်းနိုင်ငံတွင် မိုးခေါင်ရေရှားမှုကြောင့်  ပြည်နယ်ပေါင်း (၂၀)ရှိ စပါးစိုက်လယ်ယာမြေ ရိုင်(၁၀)သန်းမှာ ရေလိုအပ်နေခြင်းဖြစ်ပြီး သြဂုတ်လဆန်းပိုင်းအထိ မိုးမရပါက ဆန်စပါးထုတ်လုပ်မှုတွင် ထိခိုက်လာမည်ဟု ထိုင်းဆန်တင်ပို့သူများအသင်းက ခန့်မှန်းထားသည်။

Tachileik News Agency
Ref: Bangkok Post



~~~~~~~~⊰❂ Unicode Version ~~~~~~~~

မိုးခေါင်ရေရှားပြဿနာနှင့်ရင်ဆိုင်နေရသည့် ထိုင်းလယ်သမားများ၏ အခက်အခဲအတွက် မြန်မာ၊ တရုတ်နှင့် လာအိုနိုင်ငံတို့ အနဖြေင့် မြစ်ရေထိန်းချုပ်ထားသည်များရှိပါက ရေလွှတ်ပေးရန် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက အကူအညီတောင်းထားသည်။

မြန်မာ၊ တရုတ်နှင့် လာအိုနိုင်ငံတို့အနဖြေင့် ရေသိုလှောင်ထားခြင်းများရှိပါက မြစ်အောက်ပိုင်းမှ တောင်သူများအတွက် ရေလွှတ်ပေးရန် သက်ဆိုင်ရာနိုင်ငံများနှင့် ဆွေးနွေးထားကြောင်း သိရသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ရေအရင်းအမြစ်ဌာနတို့က သက်ဆိုင်ရာနိုင်ငံများနှင့် ထပ်မံဆွေးနွေးနိုင်ရန် ပြင်ဆင်နေကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

ထိုင်းနိုင်ငံတွင် မိုးခေါင်ရေရှားမှုကြောင့် ပြည်နယ်ပေါင်း (၂၀)ရှိ စပါးစိုက်လယ်ယာမြေ ရိုင်(၁၀)သန်းမှာ ရေလိုအပ်နခြေင်းဖြစ်ပြီး သြဂုတ်လဆန်းပိုင်းအထိ မိုးမရပါက ဆန်စပါးထုတ်လုပ်မှုတွင် ထိခိုက်လာမည်ဟု ထိုင်းဆန်တင်ပို့သူများအသင်းက ခန့်မှန်းထားသည်။

Tachileik News Agency
Ref: Bangkok Post

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net