မြန္ႏွင့္ တနသၤာရီတုိင္းအတြင္း ပ်က္စီးသြားသည့္ ရန္ကုန္ - ေရး - ထားဝယ္ - ၿမိတ္လမ္းကို ၾသဂုတ္လ (၁၈) ရက္ေန႔တြင္ ျပန္ဖြင့္ႏိုင္ဖြယ္ရိွ

မြန္ႏွင့္ တနသၤာရီတုိင္းအတြင္း ပ်က္စီးသြားသည့္ ရန္ကုန္ - ေရး - ထားဝယ္ - ၿမိတ္လမ္းကို ၾသဂုတ္လ (၁၈) ရက္ေန႔တြင္ ျပန္ဖြင့္ႏိုင္ဖြယ္ရိွ
သြဂုတ် 14, 2019
By 🌸
မြန္ျပည္နယ္ႏွင့္ တနသၤာရီတိုင္းအတြင္း ေရႀကီး၊ ေျမၿပိဳမႈမ်ားေၾကာင့္ ပ်က္စီးသြားသည့္ ရန္ကုန္ - ေရး - ထားဝယ္ - ၿမိတ္လမ္းမွ လမ္းပိုင္းမ်ားကို ျပဳျပင္ေနၿပီျဖစ္ရာ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၁၈)ရက္ေန႔တြင္ ကုန္ကားႀကီးမ်ား ျဖတ္သန္းႏိုင္ဖြယ္ရိွသည္ဟု ေဆာက္လုပ္ေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားသည္။

ရန္ကုန္ - ေရး - ထားဝယ္ - ၿမိတ္လမ္းပိုင္း မိုင္တိုင္ (၁၁၂/၀ မွ ၁၁၅/၄) အတြင္း မလြဲေတာင္အပိုင္းရွိ ေတာင္ျပိဳေျမမ်ားအား မြန္ျပည္နယ္၊ လမ္းဦးစီးဌာန၊ လမ္းအဖြဲ႔မ်ားက  ၾသဂုတ္လ (၁၃)ရက္ေန႔က ရွင္းလင္းၿပီးသြားၿပီျဖစ္ေၾကာင္း သိရသည္။

တနသာၤရီတိုင္းေဒသႀကီးအတြင္း လမ္းသားျပတ္ေတာက္ေနေသာ ထားဝယ္မွ ၈၀/၂ မိုင္အကြာအထိ ေတာင္ၿပိဳလမ္းမ်ားအား မြန္ျပည္န ယ္၊ လမ္းဦးစီးဌာနက ဖယ္ရွားရွင္းလင္းမည္ျဖစ္ၿပီး တနသာၤရီတိုင္းေဒသႀကီး မလြဲေတာင္ - ထားဝယ္လမ္းပိုင္းတြင္ ေတာင္ၿပိဳေျမ ဖယ္ရွားရွင္းလင္းျခင္းအား လမ္းအထူးအဖြဲ႕က ေဆာင္ရြက္ေနရာ ၾသဂုတ္လ (၁၄)ရက္ေန႔တြင္ ၿပီးစီးႏိုင္ဖြယ္ရိွေၾကာင္း သိရသည္။

အဆိုပါ လမ္းပိုင္းတြင္ ကားငယ္မ်ား ျဖတ္သန္းသြားလာႏိုင္မည့္ ေဘလီတံတားထိုးျခင္းလုပ္ငန္းကို တံတားအထူးအဖြဲ႔ႏွင့္ လမ္းအထူးအဖြဲ ့မ်ားက ၾသဂုတ္လ (၁၆)ရက္ေန႔တြင္ ၿပီးစီးရန္ေဆာင္ရြက္ေနသည့္ၿပီး ကုန္ကားႀကီးမ်ား ၾသဂုတ္လ (၁၈)ရက္ေန႔တြင္ ျဖတ္သန္းသြားလာႏုိင္ရန္ ေဆာင္ရြက္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ေဆာက္လုပ္ေရးဝန္ႀကီးဌာန

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မွန်နှင့် တနင်္သာရီတိုင်းအတွင်း ပျက်စီးသွားသည့် ရန်ကုန် - ရေး - ထားဝယ် - မြိတ်လမ်းကို သြဂုတ်လ (၁၈) ရက်နေ့တွင် ပြန်ဖွင့်နိုင်ဖွယ်ရှိ
*********
မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းအတွင်း ရေကြီး၊ မြေပြိုမှုများကြောင့် ပျက်စီးသွားသည့် ရန်ကုန် - ရေး - ထားဝယ် - မြိတ်လမ်းမှ လမ်းပိုင်းများကို ပြုပြင်နေပြီဖြစ်ရာ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၈)ရက်နေ့တွင် ကုန်ကားကြီးများ ဖြတ်သန်းနိုင်ဖွယ်ရှိသည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ရန်ကုန် - ရေး - ထားဝယ် - မြိတ်လမ်းပိုင်း မိုင်တိုင် (၁၁၂/၀ မှ ၁၁၅/၄) အတွင်း မလွဲတောင်အပိုင်းရှိ တောင်ပြိုမြေများအား မွန်ပြည်နယ်၊ လမ်းဦးစီးဌာန၊ လမ်းအဖွဲ့များက  သြဂုတ်လ (၁၃)ရက်နေ့က ရှင်းလင်းပြီးသွားပြီဖြစ်ကြောင်း သိရသည်။

တနသာင်္ရီတိုင်းဒေသကြီးအတွင်း လမ်းသားပြတ်တောက်နေသော ထားဝယ်မှ ၈၀/၂ မိုင်အကွာအထိ တောင်ပြိုလမ်းများအား မွန်ပြည်န ယ်၊ လမ်းဦးစီးဌာနက ဖယ်ရှားရှင်းလင်းမည်ဖြစ်ပြီး တနသာင်္ရီတိုင်းဒေသကြီး မလွဲတောင် - ထားဝယ်လမ်းပိုင်းတွင် တောင်ပြိုမြေ ဖယ်ရှားရှင်းလင်းခြင်းအား လမ်းအထူးအဖွဲ့က ဆောင်ရွက်နေရာ သြဂုတ်လ (၁၄)ရက်နေ့တွင် ပြီးစီးနိုင်ဖွယ်ရှိကြောင်း သိရသည်။

အဆိုပါ လမ်းပိုင်းတွင် ကားငယ်များ ဖြတ်သန်းသွားလာနိုင်မည့် ဘေလီတံတားထိုးခြင်းလုပ်ငန်းကို တံတားအထူးအဖွဲ့နှင့် လမ်းအထူးအဖွဲ ့များက သြဂုတ်လ (၁၆)ရက်နေ့တွင် ပြီးစီးရန်ဆောင်ရွက်နေသည့်ပြီး ကုန်ကားကြီးများ သြဂုတ်လ (၁၈)ရက်နေ့တွင် ဖြတ်သန်းသွားလာနိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ဆောက်လုပ်ရေးဝန်ကြီးဌာန

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net