သပိတ်ကျင်းမြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများအတွက် ငွေကျပ်သိန်း(၂၃၀၀)ကျော်ထောက်ပံ့

သပိတ်ကျင်းမြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများအတွက် ငွေကျပ်သိန်း(၂၃၀၀)ကျော်ထောက်ပံ့
ဧပြီ 28, 2025 | အခြားဒေသများ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်တွင် ၂၀၂၅ခုနှစ် ဧပြီလအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများအတွက် ငွေကျပ် သိန်း(၂၃၀၀)ကျော် ထောက်ပံ့ကြောင်း သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ၂၀၂၅ခုနှစ် ဧပြီလ (၂၈)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

သပိတ်ကျင်းမြို့နယ်တွင် ဧပြီလအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုခံရသော ဒေသများမှ သေဆုံး ပြည်သူ (၄၂)ဦးအတွက် တစ်ဦးလျှင် ငွေကျပ် သိန်း(၂၀)နှင့် ထိခိုက်ဒဏ်ရာရသူ (၄၅)ဦးအတွက် တစ်ဦးလျှင် ငွေကျပ်(၁၅)သိန်း၊ ပျက်စီးသွားသော နေအိမ် (၄၂)လုံးအတွက် တစ်လုံးလျှင် ငွေကျပ်သိန်း (၂၀)ဖြင့် စုစုပေါင်း ငွေကျပ်သိန်း (၂,၃၅၅) ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် သပိတ်ကျင်းတိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းကာ လေကြောင်းတိုက်ခိုက်မှု ဘေးအန္တရာယ်သင့် ပြည်သူများ ထောက်ပံ့ရေးကော်မတီကို ဖွဲ့စည်းပြီး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးခဲ့ရသည့် ပြည်သူများကို ထောက်ပံ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo:ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သပိတ်ကျင်းမြို့နယ် - ပ.က.ဖ