စစ်ကိုင်းမြို့နယ်တွင် လမ်းသွားလမ်းလာယာဉ်များကို ပိုက်ဆံကောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို Drone ဖြင့်တိုက်ခိုက်

စစ်ကိုင်းမြို့နယ်တွင် လမ်းသွားလမ်းလာယာဉ်များကို ပိုက်ဆံကောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို Drone ဖြင့်တိုက်ခိုက်

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် အုန်းတောရွာတွင် လမ်းသွားလမ်းလာယာဉ်များကို ပိုက်ဆံကောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို Drone ဖြင့် တိုက်ခိုက်ခဲ့ကြောင်း Phoenix Sagaing အဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

အုန်းတောရွာ အ.ထ.က ကျောင်းဝင်းအတွင်း  တပ်စွဲထားပြီး လမ်းသွားလမ်းလာယာဉ်များအား ပိုက်ဆံတောင်း ငွေညှစ်ခြင်းများပြုလုပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား Fix Wing Drone ဖြင့် ၂၀၂၄ခုနှစ် ဧပြီလ (၃၀) ရက်နေ့တွင် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုရှိနိုင်ပြီး ကျောင်းဝင်းအတွင်းသို့ လူနာတင်ကားများဖြင့် လာရောက်သယ်ဆောင်သွားကြောင်း သိရသည်။

ထို့နောက် အမှတ်(၆၀၀၅)တင့်ကား တပ်ရင်းအား ထပ်မံတိုက်ခိုက်ခဲ့ရာ တပ်ရင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ လက်နက်ငယ်များဖြင့် အချက်ရေများစွာ ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

အဆိုပါတိုက်ခိုက်မှုများကို Phoenix _Sagaing၊ ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့၊ ကြောင်လက်သည်း(ဝက်လက်)၊ Royal Falcon Guerrilla Force၊ နယ်မြေခံ ပ.က.ဖ များနှင့် စစ်ကိုင်းခရိုင် အမှတ်(၇)တပ်ရင်းတို့ မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

#TachileikNewsAgency