စစ်ကိုင်းတွင် ကားများကို ငွေကောက်နေသည့် ရဲများပစ်ခတ်ခံရကာ ၄ ဦးသေဆုံး

စစ်ကိုင်းတွင် ကားများကို ငွေကောက်နေသည့် ရဲများပစ်ခတ်ခံရကာ ၄ ဦးသေဆုံး

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်တွင် ခရီးသွားကားများကို ငွေကြေးကောက်ခံနေသည့် ရဲများအား တော်လှန်ရေးတပ်များက ၂၀၂၄ ခုနှစ် မတ်လ(၉)ရက်နေ့က ပစ်ခတ်ခဲ့ရာ ရဲ(၄)ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

စစ်ကိုင်းနှင့် အုန်းတောနယ်မြေအတွင်း ဖြတ်သန်းသွားလာနေသော ကားများကို ငွေကြေးကောက်ခံနေသည့် ရွာသစ်ကြီးရဲစခန်းမှ ရဲများအား Taw Twin Tup Pee Local PDF နှင့် နယ်စီးမခြားစစ်ကိုင်းသားအဖွဲ့တို့က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် ရဲ(၄)ဦးသေပြီး ပစ္စတိုတစ်လက်၊ ကျည်ဘောက်(၂)ခု၊ G3 (၂)လက်၊ ကျည်ဘောက် (၄)ခု၊ အူစီ (၁)လက်၊ ကျည်ဘောက် (၃)ခု၊ (၃၀၈)ကျည် (၂၆၉)တောင့်၊ (၇.၆၂)ကျည် (၂၄၀)တောင့်၊ လက်ပစ်ဗုံးတစ်လုံး၊ လက်ထိပ် (၂)ခု၊ ဖုန်း (၅)လုံး၊ ယူနီဖောင်း (၂)စုံနှင့် ကားတစ်စီးတို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

တိုက်ခိုက်မှုအတွင်း ရွာသစ်ကြီးရဲစခန်းမှ ရဲတပ်ကြပ်ကြီး ဂေတမ်၊ ရဲတပ်ကြပ် ဇာနည်ထွန်း၊ ရဲဒုတပ်ကြပ် ရန်နိုင်စိုးတို့ သေဆုံးကြောင်း အတည်ပြုနိုင်သည်ဟု သိရသည်။

#TachileikNewsAgency

Photo: Taw Twin Tup Pee Local