စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့  ဖွဲ့စည်းလိုက်ကြောင်း ကြေညာ

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့  ဖွဲ့စည်းလိုက်ကြောင်း ကြေညာ
ဖေဖော်ဝါရီ 13, 2024 | 2021 Military Coup| အခြားဒေသများ

 

အာဏာသိမ်းစစ်ကောင်စီက ပြည်သူ့ဆန္ဒမပါဘဲ ၂၀၁၀ ပြည်သူ့စစ်မှုထမ်းဥပဒေကို  အတည်ပြုလိုက်ပြီးနောက်  ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း ယနေ့ ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် ထုတ်ပြန်ကြေညာလာသည်။

စစ်ကောင်စီ၏  ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့၏ ဥက္ကဌ အဖြစ် ဖွဲ့စည်း စစ်ကောင်စီ၏ ကာကွယ်ရေးဝန်ကြီးက တာဝန်ယူပြီး နိုင်ငံအတွင်း ပြည်သူ့စစ်များကို အဓိက ကိုင်သွယ်သည့်ရုံးဖြစ်သော စစ်ကောင်စီတပ်၏ ပြည်သူ့စစ်နှင့်နယ်ခြားတပ်များညွှန်ကြားရေးမှူးရုံး  အပါအဝင် စုစုပေါင်း (၁၈)ဌာနဖြင့် ဖွဲ့စည်းထားသည်။

စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပြဌာန်းခဲ့သည့် ၂၀၁၀ ပြည်သူ့စစ်မှုထမ်းဥပဒေ ကို  အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က လက်တွေ့အသုံးချရန်အတွက်   ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၁၀)ရက်နေ့တွင်  အာဏာတည်သည့် နေ့ရက်အဖြစ် သတ်မှတ်ကာ ကြေညာထားပြီးနောက် ယခုလို ဖွဲ့စည်းပြီးကြောင်း ထပ်မံ ကြေညာလာခြင်း ဖြစ်သည်။