လက်နက်နှင့်အတူ အလင်းဝင်လာသည့် ရဲတပ်သားကို ငွေကျပ်သိန်း ၅၀ CDF-KKG ဆုချီးမြှင့်

လက်နက်နှင့်အတူ အလင်းဝင်လာသည့် ရဲတပ်သားကို ငွေကျပ်သိန်း ၅၀ CDF-KKG ဆုချီးမြှင့်
ဇန်နဝါရီ 31, 2024 | 2021 Military Coup| အခြားဒေသများ

ချင်းပြည်နယ် ဟားခါးမြို့မှ ရဲတပ်သားတစ်ဦး လက်နက်နှင့်အတူ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂၈)ရက်နေ့တွင် CDF-KKGထံ အလင်းဝင်လာကြောင်း သိရသည်။

အဆိုပါ ရဲတပ်သားသည် G3 လက်နက်အမျိုးစား တစ်လက်နှင့် ကျည်ဆံအတောင့် (၂၃၂)ဖြင့် CDF-KKG အဖွဲ့အစည်းထံသို့ လာရောက်အလင်းဝင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

CDF-KKGမှ ဆုကြေးငွေအဖြစ် ကျပ်သိန်း(၅၀) ဆု ချီးမြှင့်ခဲ့ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo: Chinland Defense Force, Kalay-Kabaw-Gangaw