ခလရ ၂၆၉ မှ တပ်သား ၃ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

ခလရ ၂၆၉ မှ တပ်သား ၃ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်
ဇန်နဝါရီ 17, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကောင်စီတပ် ခလရ (၂၆၉)မှ တပ်သား(၃)ဦး တမူး PDF တပ်ရင်း(၄)ထံ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာကြောင်း တမူး PDF တပ်ရင်း(၄)က ယနေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၁၇)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

တပ်သား ဟိန်းမြတ်ကျော်၊ ကိုသူနှင့် စိုင်းထက်အောင်တို့သည် MA1 (၃)လက်နှင့်အတူ ပြည့်သူ့ရင်ခွင်သို့ ခိုလှုံလာကြခြင်းဖြစ်သည်ဟု သိရသည်။

အသေးစိတ်အချက်အလက်ကိုမူ တမူး PDF တပ်ရင်း(၄)က ထုတ်ပြန်ထားခြင်းမရှိပါ။

ခလရ(၂၆၉)သည် တီးတိန်မြို့အခြေစိုက်တပ်ဖြစ်ပြီး ယခင်ကလည်း ၎င်းတပ်မှ စစ်ကောင်စီတပ်သားများ တော်လှန်ရေးတပ်များထံ အလင်းဝင်လာခြင်းများရှိသည်။

#TachileikNewsAgency

Photo:တမူး PDF တပ်ရင်း(၄)