ရခိုင်နှင့် ချင်းပြည်နယ် ပလက်ဝတို့ရှိ စစ်ကောင်စီတပ်စခန်းများကို  သိမ်းပိုက်နိုင်ရေး AA ထိုးစစ်ဆင်တိုက်ခိုက်

ရခိုင်နှင့် ချင်းပြည်နယ် ပလက်ဝတို့ရှိ စစ်ကောင်စီတပ်စခန်းများကို  သိမ်းပိုက်နိုင်ရေး AA ထိုးစစ်ဆင်တိုက်ခိုက်
ဇန်နဝါရီ 2, 2024 | 2021 Military Coup| အခြားဒေသများ

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့တို့ရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်နိုင်ရေး ရက္ခိုင့်တပ်တော်(AA)က ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း AAထံမှ သိရသည်။

ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာအနီးရှိ စစ်ကောင်စီ၏ တောင်ရှည်တောင်ဗျူဟာကုန်း၊ ချင်းလက်ဝစခန်း(ပလက်ဝ)၊ မီးဝဗျူဟာကုန်း(ပလက်ဝ)နှင့် ပွိုင့် (၃၁၃)ကုန်းအပါအဝင် အခြားသော တစ်ဝက်တစ်ပျက်ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်စခန်းကုန်းများကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေရာ ယနေ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂)ရက်နေ့အထိ တိုက်ပွဲများ ပြင်းထန်နေသည်ဟု သိရသည်။ 

တောင်ရှည်တောင်ဗျူဟာကုန်းအား ရက္ခိုင့်တပ်တော် (AA)မှ အပြီးသတ်ချေမှုန်းသိမ်းပိုက်နိုင်ရေးအတွက် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေရာ ယမန်နေ့တွင် စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် တင်းမရွာနှင့် အနီးအနားကျေးရွာများသို့ ဗုံး(၅)လုံးထက်မနည်း လာရောက်ကြဲချခဲ့သည်ဟု သိရသည်။ 

ထို့အပြင် ၎င်းဗျူဟာကုန်းနှင့် ကျောက်တော်အခြေစိုက် စကခ(၉)မှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အခြားသောစစ်ကောင်စီတပ်စခန်းများကို AAက ထိုးစစ်ဆင်တိုက်ခိုက်နေရာ စစ်ကောင်စီတပ်မှ တိုက်လေယာဉ်များဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် နေ့၊ ညအချိန်မရွေး ပစ်ခတ်တိုက်ခိုက်ခြင်းများဖြင့် ခုခံနေရပြီး အဆိုပါစခန်းများအားလုံးကို အချိန်တိုတိုအတွင်း အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေး ဆက်လက်ကြိုးပမ်းနေသည်ဟု သိရသည်။

ရက္ခိုင့်တပ်တော် (AA) လှုပ်ရှားရာ နေရာများထဲမှ တစ်ခုဖြစ်သော စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်အတွင်း၌လည်း တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု သိရသည်။

#TachileikNewsAgency