မောရဝတီရေတပ်ဌာနချုပ် ဒရုန်းဖြင့်တိုက်ခိုက်ခံရ

မောရဝတီရေတပ်ဌာနချုပ် ဒရုန်းဖြင့်တိုက်ခိုက်ခံရ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်ရှိ မောရဝတီ ရေတပ်ဌာနချုပ်အား ဒေါနစစ်ကြောင်း တပ်ခွဲ(၄)၊ KBDFက ယမန်နေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁၅)‌ရက်နေ့တွင် ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အုန်းပင်ကွင်းရွာတွင် အခြေစိုက်သည့် စစ်ကောင်စီတပ်၏ မောရဝတီရေတပ်ဌာနချုပ်အား ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ ဌာနချုပ်မှူး အိမ်အနီး ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်သေဆုံးမှုနှင့် ပျက်စီးမှုများ ရှိသည်ဟု ဒေါနစစ်ကြောင်း တပ်ခွဲ(၄)၊ KBDFကဆိုသည်။

မောရတီရေတပ်ဌာနချုပ်အား ဒရုန်းနှင့် ဗုံးသီးချတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က ကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency